Subscribe to our RSS Feed

အိန္ဒိယ အစိုးရအဖွဲ့ နှင့် ထိုင်း အစိုးရ အဖွဲ့ အတွင်း အပြောင်းအလဲများ ပြုလုပ်

From : မြဝတီ


အိန္ဒိယ ကွန်ဂရက်ပါတီ ဦးဆောင်သည့် စည်းလုံး ညီညွတ်သော ဖွံ့ဖြိုး တိုးတက်ရေး မဟာမိတ် (United Progressive Alliance-UPA) အစိုးရ အဖွဲ့သည် အောက်တိုဘာ လ ၂၈ ရက်နေ့တွင် အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဝန်ကြီး ၂၂ ဦးအား ခန့်အပ်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် ၁ဝ ဦးမှာ အသစ်ခန့်အပ်ခံ ရသူ များ ဖြစ်ကြောင်း Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ အိန္ဒိယ သမ္မတ ပ ရာနက် မူခါဂျီး၏ ရှေ့မှောက်တွင် အစိုးရ အဖွဲ့ဝင် ဝန်ကြီး သစ် ၇ ဦး၊ အငယ် တန်းဝန်ကြီး ၁၅ ဦးတို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ ကြပါသည်။ သို့ရာတွင် အစိုးရ အဖွဲ့ ဝန်ကြီးအသစ် ၇ ဦး အနက် ၂ ဦးသာလျှင် အသစ်များ ဖြစ်ကြောင်း သိရှိရပါ သည်။ နိုင်ငံ ခြားရေး ဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား၏ နေရာတွင် အသက် ၅၉ နှစ် ရှိ Salman Khurshid အား နိုင်ငံခြားရေး ဝန်ကြီး အသစ်အဖြစ် လည်းကောင်း၊ ဥပဒေ ရေးရာဝန်ကြီး Veerappa Moily အား ရေနံဆိုင်ရာ ဝန်ကြီးအဖြစ် လည်းကောင်း၊ အားကစား ရေးရာ အငယ်တန်း ဝန်ကြီး Ajay Maken အား သတင်း အချက် အလက်နှင့် ရုပ်သံ ထုတ်လွှင့်ရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ ကွန်ဂရက် ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ Manish Tiwari အား အဆိုပါ ဝန်ကြီး ဌာန၌ အငယ် တန်း ဝန်ကြီးအဖြစ် လည်းကောင်း၊ နိုင်ငံခြားရေး အငယ်တန်း ဝန်ကြီးဟောင်း Shashi Tharoor အား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အငယ်တန်း ဝန်ကြီးအဖြစ် လည်းကောင်း အသီးသီး လွှဲပြောင်း ခန့်အပ်ခဲ့ကြောင်း သိရှိရ ပါသည်။

ထိုင်းဘုရင်သည် အစိုးရ အဖွဲ့အပြောင်း အလဲ အမည် စာရင်းအား အတည်ပြု ပေးခဲ့ခြင်း

ထိုင်းဘုရင် ဘူမိဘော အဒူယာ ဒက်သည် ဝန်ကြီးချုပ် ယင်လပ်ရှင် နာဝပ်ထရာ၏ အစိုးရ အဖွဲ့သစ်အား အတည်ပြုသည့် အမိန့် တစ်ရပ်ကို အောက်တိုဘာလ ၂၈ ရက်နေ့က ထုတ်ပြန် ခဲ့သည်ဟု သိရှိရပါ

သည်။ အဆိုပါ အစိုးရအဖွဲ့ အပြောင်း အလဲသည် ယင်လပ်၏ အစိုးရ အဖွဲ့ အာဏာ ရလာသည့် အချိန်မှ စ၍ ဒုတိယ အ ကြိမ် အပြောင်းအလဲ ဖြစ်ပြီး လက်ရှိ အစိုးရ အဖွဲ့ဝင် ၂ဝ ခန့် အပြောင်း အလဲ ဖြစ် မည် ဖြစ်ပါသည်။ ဒုတိယ ဝန်ကြီးချုပ် Yutthasak Sasiprapa ၊ စွမ်းအင် ဝန်ကြီး Arak Chonlatanon နှင့် ပညာရေး ဝန်ကြီး Suchart Thada-Thamrongvech တို့ အပါအဝင် အစိုးရ အဖွဲ့ဝင် ၁၁ ဦးသည် လက်ရှိ ဝန်ကြီး ရာထူး နေရာ များမှ နုတ်ထွက် ရမည် ဖြစ်ပါသည်။ ၂ဝဝ၇ ခုနှစ်တွင် ထိုင်းရတ်ထိုင်း ပါတီ ဖျက်သိမ်း ခဲ့ရပြီး နောက် နိုင်ငံရေး လုပ်ပိုင်ခွင့် ၅ နှစ် ပိတ်ပင်ခံခဲ့ ရသည့် သူများ အနက် ၄ ဦးသည် ဝန်ကြီးသစ် များ အဖြစ် ပါဝင်လာမည် ဖြစ်ပြီး Pongthep Thepkanchana သည် ဒုတိယ ဝန်ကြီးချုပ်နှင့် ပညာရေး ဝန်ကြီးအဖြစ် လည်းကောင်း၊ Pongsak Raktapongpaisal သည် စွမ်းအင်ဝန်ကြီး အဖြစ် လည်းကောင်း၊Sermsak Pongpanit သည် ပညာရေး ဒုတိယ ဝန်ကြီးနှင့် Varathep Rattanakorn သည် ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် လည်းကောင်း ဝန်ကြီး အသစ်များ ဖြစ်လာ မည် ဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီး Theera Wangsamut နှင့် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးYongyuth Wichaidit တို့သည် ၎င်းတို့၏ ရာထူးနေရာများမှ အစောပိုင်းကနုတ်ထွက်သွားခဲ့ ပြီး ဖြစ်ကြောင်း သိရှိရ ပါသည်။
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်