Subscribe to our RSS Feed

RFA ဌာနတွင်း ဖြုတ်ထုတ်သတ်ပွဲ ပြီးပြီလား

From : ကိုထွန်းဝေ
 

ဒီရက်ပိုင်း ဘီဘီစီမှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် ။ သတင်းက ဒီလိုပါ။ ဘီဘီစီ ရုပ်သံလွှင့်ဌာနမှာ Top of the Pops နဲ့ Jim’ll Fix It ဆိုတဲ့ နာမည်ကြီးအစီအစဉ်တွေကို တင်ဆက်ခဲ့သူ Mr. Jimmy Savile ဆိုသူဟာ သူမသေခင်တုန်းက ကလေးတွေနဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေပေါ် လိင်ပိုင်းဆိုင်ရာ မတရားကျူးလွန်မှုတွေ ၊ ဘီဘီစီဌာနတွင်း ဝန်ထမ်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိခဲ့တယ်။ အကျူးလွန် အစော်ကားခံရသူတွေက ဘီဘီစီ အထက်အာဏာပိုင်တွေကို တိုင်ကြားခဲ့ကြပေမယ့် ဘီဘီစီကတော့ Jimmy Savile ရဲ့ကျော်ကြားမှုကို အကြောင်းပြုပြီး တိုင်ကြားသူတွေရဲ့အမှုကို အဲဒီအချိန်တုန်းက လျှစ်လျူရှုခဲ့တယ်။ အခုတော့ Jimmy Savile ဆိုသူ အသက်(၈၄)နှစ်အရွယ်မှာ သေဆုံးသွားပါပြီ။ သူသေပြီးမှ ပြိုင်ဖက် တီဗွီတစ်ခုက ဒါကိုဖေါ်ထုတ်လိုက်တဲ့အခါ ဗြိတိန်နိုင်ငံနဲ့ ကမ္ဘာမှာပါ သူ့အမှုက ဥသြသောင်းနင်းဖြစ်သွားပါတယ်။ သူကျူးလွန်ခဲ့တာတွေကို ဗြိတိန်ပါလီမာန်က အခုအချိန်ကျမှ စုံစမ်းစစ်ဆေးမှုတွေ လုပ်လာရပါပြီ။ မတရား ကျူးလွန်မှုဆိုတာ နှစ်တွေဘယ်လောက်ကြာအောင် ဖုံးကွယ်ထားဦးတော့ နောင်မှာ ထုတ်ဖေါ်ကြတာပါပဲ ။ ဒီလိုဆိုရင် RFA ဌာနတွင်း အခုဖြစ်ပျက်နေတာတွေကရော ဘယ်လိုဖြစ်လာမှာလဲလို့ တွေးမိတယ်။

ပြောချင်တာက ဘီဘီစီ Jimmy အကြောင်းက အဓိကမဟုတ်ပါဘူး။ RFA အကြောင်းပါ။ ဘီဘီစီက Jimmy လို ဇာတ်လမ်းမျိုး RFA ထဲမှာ လက်ရှိဖြစ်နေတဲ့အကြောင်းပါ။ အင်တာနက် သတင်းတွေမှာ ဖတ်ရ နားထောင်ရတဲ့အတိုင်းပဲ RFAမှာ လိင်သောင်းကျန်းသူအဖြစ် နာမည်ကြီးတဲ့ ဦးခင်မောင်စိုးနဲ့ မခင်ခင်အိ မသင်းသီရိတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက ခုချိန်မှာ ဘယ်လိုဆက်ဖြစ်နေလဲ အဆုံးသတ်သွားပြီလား ဘာလား ။ ဘာသံမှလည်း ထပ်မကြားရတော့လို့ပါ။

ဒါပေမယ့် ဖဘ သတင်းတွေအရ ကြားလိုက်ရတာကတော့ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ၊ နှစ်ရက် ဆက်တိုက်အတွင်း အမြဲတမ်းဝန်ထမ်း(၅)ယောက်ကို RFA ကဖြုတ်ပစ်လိုက်တဲ့ အကြောင်းပါ ။ ၁၈ရက်နေ့မှာ ဦးဇော်မိုးကျော် ၊ ဦးကိုကိုအောင်နဲ့ ဒေါ်အင်ကြင်းနိုင်တို့ကို ထုတ်ပစ်လိုက်ပြီး ၊ ၁၉ရက်နေ့မှာတော့ ဒေါ်ခင်မေဇော် (နမ်းခမ်းထွေး)နဲ့ ဦးဥာဏ်ဝင်းအောင်တို့ကို ထပ်ပြီးထုတ်ပစ်လိုက်တယ်လို့ ဖဘ သတင်းတွေမှာ တွေ့ပါတယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းတုန်းကလည်း နော်ဝေအခြေစိုက် RFAသတင်းထောက်ကိုညိုကို ဖြုတ်လိုက်တာ ၊ အချိန်ပိုင်း ဝန်ထမ်းတွေဖြစ်တဲ့ ဒေါ်ညိုညို ဒေါ်ထားထားမြင့်တို့လည်း အဖြုတ်ခံလိုက်ရတယ်ဆိုတာကို ဖဘ-တွေကတဆင့် သိခွင့်ရလိုက်ပါတယ်။ ကျွန်တော်တို့ သိထားသလောက် အခု အထုတ်ခံလိုက်ရတဲ့ အမြဲတမ်းဝန်ထမ်း ၅ ဦးထဲမှာ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် ဘ၀တွေမြှုပ်နှံပြီး လုပ်လာသူတွေ ၊ စစ်အစိုးရလက်ထက် တလျှောက်လုံး အစိုးရက ပြည်သူတွေပေါ် မတရားအနိုင်ကျင့်မှုတွေကို ဖေါ်ထုတ်ပြောဆိုလာသူတွေဆိုတာ ရေဒီယိုနားထောင်တဲ့ ပရိသတ်တစ်ဦးအနေနနဲ့ သတိထားမိပါတယ်။ အဖြုတ်ခံရသူတွေထဲမှာ သတင်းလုပ်သက် ၁၃နှစ် ၁၄နှစ်ရှိတဲ့ သူတွေတောင်ပါတယ်လို့ ဖဘသတင်း တစ်ခုမှာတွေ့လိုက်မိပါတယ်။ RFA၀န်ထမ်း ၇ ယောက်ကို တပြိုင်နက်ထဲ အခုလို ထုတ်ပစ်လိုက်တာကိုတော့ အံ့သြမိပါတယ်။ သူတို့တွေကပဲ တခုခု မမှန်တာ လုပ်ထားမိလို့များလားဆိုပြီး တွေးမိတာရှိတယ်။ ဒါက အတွေးသက်သက်ပါ။ ဘာမှတော့ အချက်အလက် မရှိပါဘူး။ တဖက်မှာကျတော့ RFAနဲ့ပတ်သက်ပြီး သတင်းထွက်နေတာက လိင်သောင်းကျန်းတဲ့ အသက် ၆၀ ဦးခင်မောင်စိုးနဲ့ ဟို အသက်၄၀ကျော် ကလေးအမေ RFA အမျိုးသမီးဝန်ထမ်းနှစ်ယောက်နဲ့ တပြိုင်နက်ထဲ လိင်အရှုပ်တော်ပုံ ဇာတ်လမ်း ဖုံးထားမရပဲ အသံဖိုင်တွေ ဘွားကနဲ အင်တာနက်ပေါ် ပျံ့လာတာပါပဲ။ ဒီလို လိင်အရှုပ်တော်ပုံကို အခြေခံပြီး RFA ရုံးချုပ်မှာ ၀န်ထမ်းတွေကို ဦးခင်မောင်စိုးက သိသိသာသာတမျိုး မသိမသာတမျိုး ဟိုအရင်ထဲက ခွဲခြားဆက်ဆံဖိနှိပ်နေတာကို တိုင်မိတဲ့အတွက် အခုလို RFA၀န်ထမ်းတွေ အလုပ်ဖြုတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းလည်း ကြားမိပါတယ်။

မှတ်မိတာ တခုက ဒီလို RFA ဌာနတွင်း ဖြုတ်ထုတ်သတ်ပွဲ မတိုင်ခင်မှာ RFAရဲ့ ဖဘကို ပိတ်ပစ်လိုက်တာ ၊ RFAကို စာရေးသားပေးပို့ကြပါဦးဆိုတဲ့ burmese@rfa.org အီးမေလ် လိပ်စာကို ပိတ်ပစ်လိုက်တယ်ဆိုတဲ့ သတင်းတစ်ခုလည်း ဖဘပေါ် ပျံ့လွင့်လာတာ ဖတ်မိပါတယ်။ အဲဒီလို ဖဘနဲ့ အီးမေလ်တွေကို ပိတ်ပစ်တာကလည်း လမ်းဆုံကဂျမ်းဘုံလို့ လူသိများတဲ့ RFA ဌာနမှူး ဒေါ်ငြိမ်းရွှေ လက်ချက်ဆိုပြီး ဖဘတွေက ထပ်ရေးပါတယ်။ ဒေါ်ငြိမ်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို TV အင်တာဗျူးလုပ်ထားတာ ကြည့်ရသလို ၊ VOA ဦးကျော်ဇံသာနဲ့ ဒေါ်အောင်ဆန်းစုကြည် TV အင်တာဗျူးလုပ်ထားတာလည်း ကြည့်ရတော့ ယှဉ်ကြည့်ရင် နံ့သာဆီနဲ့ အီးလောက်ကွာနေတာ သတိထားမိတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို အဆီအငေါ်မတဲ့ တောင်ရောက်မြောက်ရော မေးခွန်းတွေ လျှောက်မေးထားတာ ၊ ကိုယ်မေးမယ့်မေးခွန်း ဘယ်ရောက်လို့ ရောက်မှန်းမသိပဲ မေးနေတာ၊ ဒေါ်ငြိမ်းရွှေကိုယ်တိုင် သူမေးချင်တဲ့မေးခွန်းကို အစဖေါ်မရဖြစ်နေလို့ `ကျွတ်စ်` `ကျပ်စ်`ဆိုတဲ့ တက်ခေါက်သံတွေ လုပ်နေတာကြားရတော့ စာနယ်ဇင်းလုပ်ငန်း မကျွမ်းကျင်ဘူးဆိုတာ သတိထားလိုက်မိပါတယ်။ အဲဒီတုန်းက ဒေါ်ငြိမ်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် TV အင်တာဗျူးကို စကြည့်မိတာနဲ့ ချက်ချင်း ပိတ်ပစ်ချင်စိတ်ပေါက်တယ်။ မြန်မာဌာနရဲ့ ဌာနမှူးတယောက်လုပ်နေပြီး ဒီအဒေါ်ကြီး ဗမာလို ကောင်းကောင်းမတတ်ပါလားလို့ သတိထားမိတယ် ။ ဒေါ်အောင်ဆန်းစုကြည်က လက်နှစ်ဖက် ပေါင်ပေါ်အသာတင်ပြီး ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံနေချိန်မှာ ဒေါ်ငြိမ်းရွှေကတော့ RFA ကိုလာပြီး အလုပ်လျှောက်တဲ့သူတယောက်ကို ဘော့စ်တယောက်က စစ်ဆေးအင်တာဗျူးနေပုံမျိုး မလေးမခန့်နဲ့ လက်ကြီးပိုက်ပြီး မေးခွန်းထုတ်နေတာ အားလုံးတွေ့ကြမှာပါ ။ ဒေါ်အောင်ဆန်းစုကြည်ကလဲ ဒေါ်ငြိမ်းရွှေမေးနေတာကို စိတ်ရှည်တဲ့ပုံ မပြပါဘူး ။ မေးခွန်းတွေကို ကြားဖြတ်ပြီး အမြန်ပြန်ဖြေနေတာတွေ့ရမှာပါ။ အကင်းပါးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒေါ်ငြိမ်းရွှေတယောက် ဘာမှကြိုတင်ပြင်ဆင် မထားပဲ ငါ့ကိုလာမေးနေတာပဲဆိုတဲ့ စိတ်တိုနေတဲ့ပုံပါပဲ ။ အဲဒီလို ဒေါ်ငြိမ်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးကို RFA ဖဘပေါ် တင်လိုက်တော့ လူတွေက ဝေဖန်သရော်စာတွေရေးပြီး မှတ်ချက်ပေးကြပြန်ပါတယ်။ ဒါကို မခံနိုင်လို့ ဒေါ်ငြိမ်းရွှေက RFA ဖဘကို ပိတ်ချလိုက်တယ်လို့ သတင်းက တခါထပ်ထွက်ပြန်တယ် ။ အဲဒီနောက်ပိုင်း YPI သတင်းဌာနက ဖဘပေါ်တင်တဲ့သတင်းမှာ burmese@rfa.org အီးမေလ် လိပ်စာကို ဆက်သွယ်လို့မရတော့ဘူးဆိုတာ ပါလာပြန်တယ် ။ နောက်တခုကလည်း ကိုAUNG PAN ဆိုတဲ့ ဖဘမှာလဲ လွတ်လပ်တဲ့အာရှအသံက သူတို့သတင်းဌာနက လုပ်ပုံကိုင်ပုံကို ဝေဖန်တာ မခံနိုင်လို့ ဂျမ်းဘုံငြိမ်းရွှေက ရှိရှိသမျှ အကုန်လိုက်ပိတ်နေတယ်ဆိုပြီး တခါ ရေးပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် RFA ရုံးချုပ်ကို သွားလည်ချိန်မှာ ၀န်ထမ်းတွေအားလုံးနဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံကို RFA ဖဘပေါ် တင်ပြန်တော့လည်း မသင်းသီရိကို ရည်ရွယ်ပြီး ၀က်ဆီဖတ်မလို့ နောက်ပြောင်တာ မခင်ခင်အိကိုရည်ရွယ်ပြီး အန်တီစု ညာဖက်မှာ မေးတင်ထားတာက ဟိုကုတင်ဇာတ်လမ်းထဲက မမ မဟုတ်လားလို့ သရော်ထားတာ တွေ့ရပြန်ပါတယ်။ ဒီဝေဖန်ချက်တွေကို မခံနိုင်လို့ ဒေါ်ငြိမ်းရွှေက အကုန်လျှောက်ပိတ်နေတယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော် ဖတ်မိသမျှ လက်လှမ်းမီသမျှ သတင်းတွေကို ဆက်စပ်တွေးနေမိတာပါ။

အဲဒီနောက်ပိုင်းမှာတော့ RFAဌာနတွင်း လိင်အရှုပ်ကိုရှင်းပေးဖို့နဲ့ ၊ မတရား မျက်နှသာပေးနေတာကိုဖြေရှင်းပေးဖို့ တိုင်တန်းကြတဲ့ ၀န်ထမ်းတွေကို အရေးယူတော့မယ်ဆိုတဲ့ သတင်းလဲ ဖဘပေါ်မှာ တွေ့လာရပါတယ် ။ အခုတော့ သတင်းတွေ ထွက်ခဲ့တဲ့အတိုင်း RFA ၀န်ထမ်းတွေကို တကယ်ပဲထုတ်ပစ်တဲ့အထိ အရေးယူလိုက်တော့ သိပ်ပြီး လက်ရဲဇက်ရဲ နိုင်ပါလားလို့ တွေးမိပြန်ပါတယ်။ အားလုံးဆက်စပ် တွေးကြည့်တော့ RFA ရုံးချုပ်မှာ လိင်အရှုပ်လုပ်သူတွေကို ဒေါ်ငြိမ်းရွှေက အကာအကွယ်ပေးလိုက်ပြီး တိုင်တန်းတဲ့အုပ်စုကို အလုပ်ကဖြုတ်ပစ်တဲ့သဘော ဖြစ်သွားတယ်လို့ပဲ တွေးမိပါတယ်။ ကျွန်တော်တွေးသလိုသာ မှန်ခဲ့ရင် ဒေါ်ငြိမ်းရွှေက ဘာ့ကြောင့် ဟိုသုံးယောက် (ဦးခင်မောင်စိုး ၊ မခင်ခင်အိ ၊ မသင်းသီရိ)တို့ကို အကာအကွယ် ပေးနေတာလဲ ။ ဘာမှန်းမသိရပေမဲ့ အကြောင်းတခုခုတော့ ရှိမယ်ထင်ပါတယ် ။ ( သိသူများ ဖေါ်ထုတ်ကြပါ )။ အလုပ်ဖြုတ်ခံလိုက်ရသူတွေကို ဂရုဏာဖြစ်မိပေမယ့် ဥပဒေ စိုးမိုးပါတယ်ဆိုတဲ့ အမေရိကားလို နိုင်ငံမျိုးမှာ အဲဒီလူတွေ ဘာဆက်လုပ်နေကြမလဲ မေးခွန်းထုတ်လိုက်ပါတယ် ။ ကျွန်တော်တို့လို RFA ပရိတ်သတ်တွေကတော့ အာဏာရှင်ဆန်ဆန် လုပ်တဲ့ RFAဌာနမှူး ဒေါ်ငြိမ်းရွှေတို့ရဲ့ လုပ်ရပ်တွေကို ရှုပ်ချလိုက်ပါတယ် ။

မခင်ခင်အိပြောထားတဲ့ အသံဖိုင်တွေမှာ ဦးခင်မောင်စိုးနဲ့ မခင်ခင်အိတို့ ညိနေကြတာ သိသာလှပါတယ်။ မခင်ခင်အိတို့၊ မသင်းသီရိတို့ ၊ ဦးခင်မောင်စိုးတို့ တီဗွီထဲကနေ ကိုယ်ရောင်ထင်ရှား ထွက်ပြနေတာကိုကြည့်ရင် ဒီလူတွေဟာ ဘယ်လောက်ထိ အရှက်ကင်းမဲ့တဲ့လူတွေလဲဆိုတာ တွက်ဆလို့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ သာမန်ပြည်သူတွေ လိင်ဖေါက်ပြန်နေတာကို လျှစ်လျူရှုထားလို့ ရနိုင်ပေမဲ့ အထူးသဖြင့် တိုင်းပြည်ကို မျက်လုံးဖွင့်ပေးနေတဲ့အလုပ်မျိုး လုပ်နေပါတယ်ဆိုတဲ့ RFAလိုရုံးမှာ လိင်အရှုပ်အထွေး ဖြစ်နေတာကို ရှင်းရမယ့်အစား ဒါကိုတိုင်မိတဲ့ သူတွေကတော့ ဖြုတ်ထုတ်သတ်ခံလိုက်ရပါပြီ ။ တိုင်တဲ့သူတွေက လူများစုလို့ ကြားမိတော့ RFA ဌာနတွင်း ဖြုတ်ထုတ်သတ်ပွဲ ဒီမှာတင်ပြီးသွားပြီလားဆိုတာ သံသယဖြစ်စရာပါ ။

Myanmar Express

11 comments:

RFA ဌာနအတွင်း လုံခြုံရေးဖောက်ဖျက်မှုနဲ့ လူ ၇ ယောက် အလုပ်ထုတ်ခံရတယ်ဆိုတာ ၀ါရှင်တန်မှာပျံ့နှံ့နေတာလဲ ကြားရတယ်။ အဲဒီလူတွေထဲက ခေါင်းဆောင် ဒေါ်ခင်မေဇော်ဆိုတာ ဌာနမှုးနေရာလုဖို့ လူစုပြီး အကွက်ဆင်နေတာကြာပြီလို့  ၀န်ထမ်းဟောင်းတစ်ဦး ပြောပြတော့ ဗမာတွေ ဒီလောက်တောင် ယုတ်မာနေကြပြီလားလို့  တွေးမိတယ်။ နေရာဆိုတာ ထိုက်တန်မှ၇တာပါ။ ဒီပြုတ်သွားတဲ့ ထဲက ဦးကိုကိုအောင် ဆိုတာ ဆရာဝန်တဲ့- သူ့ကို ဌာနက အရေးမလုပ်လို့ အညှိုးထာားပြီး ခင်မေဇော်နဲ့ ပေါင်းကြံကြတာတဲ့။ ဒါရိုက်တာနေရာရဖို့ ခင်မောင်စိုးကို အရင်ရှင်းတယ်လို့ လဲသိရတယ်။ ဒါနဲ့ ကိုယ့်ဌာနတွင်းက မိန်းမသားတွေကို မညှာမတာ ထိုးကျွေးလိုက်တာ ဆိုဘဲ။ အရင်ကလဲ ဒါရိုက်တာ ဦးဝင်းဖေ တို့ ကိုမင်းဇင်တို့ဟာ ဒေါ်ခင်မေဇော်ကြောင့် အလုပ်ပြုတ်ရတာလို့လဲ ကြားတယ်။ ကိုမင်းဇင် ပြည်တွင်းက အတိုက်အခံတစ်ဦးနဲ့ စကားပြောတာကို ဒေါ်ခင်မေဇော်က ခိုးဖမ်းပြီး အထက်ကိုတိုင်လို့ မင်းဇင်အလုပ်ပြုတ်ရောတဲ့။ ပြည်ပရောက် ဗမာတွေ ဘုရားမရှိ တရားမရှိနဲ့ အောက်တန်းကျလိုက်ကြတာ။ သံသရာဆိုတာလဲ မကြောက် - ခုတော့ ဘ၀တွေ အကုန်ပျက်ရပြီမဟုတ်လား။ ပြုသူရော ခံရသူရော ဘာတွေရကြလဲ ။ အတိုက်အခံ သတင်းဌာနက ဒို့ဗမာအစိုးရလောက်တောင် အဆင့်မရှိတာ ပေါ်လွင်နေပါရော

ဒါတွေက ကြာကြာလှပြီကော ။ အဲ့လို အတွင်း ခြစားနေတာတွေ သတင်းဌာနတိုင်းမှာ ရှိပါတယ် ။ နေရာလိုချင်ကြခြင်းက အဓိက လို. ထင်ပါတယ်။

အာအက်အေက ခင်မေဇော်.ကိုကိုအောင်..ဇော်မိုးကျော်.ထားထားမြင့် ဥာဏ်ဝင်းအောင်..ညိုညိုဝင်း.. စမ်းစမ်းတင်..ဘအောင်ခေါ်ညီညီ..တင်အောင်ခိုင် အင်ကျင်းနိုင်တို့အဖွဲ့ဒေါ်ညိန်းရွှေနဲ့ ခင်မောင်စိုးကို ဖြုတ်ထုပ်သတ်ဖို့လွန်ခဲ့တဲ့ ခြောက်လကထဲက ၀ိုင်းဖွဲ့ကြံစည်ခဲ့ကြတယ်လို့ ခိုင်လုံတဲ့ ဖဘ သတင်းတွေကဆိုတယ်၊ ဟိုအိမ်မှာစု ဒီအိမ်မှာစု ချက်ပြုတ်စားသောက်လိုက်နဲ့ အာဏာသိမ်းပွဲအတွက် အကွက်ရိုက် ဇာတ်လမ်းဆင်ခဲ့ကြသတဲ့။ဇာတ်လမ်း ဇာတ်ကွက်ရိုက်ခဲ့ကြသတဲ့။ မဟုတ်မဟပ်ဇာတ်လမ်းကို ဆင်ပြီး ညစ်ညမ်းအပြာစာအုပ်ဆန်ဆန် ဘယ်သူက ဦးဆောင်ဇာတ်လမ်းရေး၊ဘယ်သူကတော့ ဖေ့ဘုတ်ပေါ်မှာတင်..ဘယ်သူက အသံခိုးဖမ်း..ဘယ်သူကအဲဒိအသံဖိုင်တွေကိုဖျန့် အလုပ်တာဝန်တွေ ခွဲဝေသပ်မှက်ခဲ့ကျတယ်လို့ဆိုတယ်.. အဓိက အသံခိုးဖမ်းပေးသူက ခင်မေဇော်နဲ့ဖောက်ပြန်နေတဲ့ အင်ဂျင်နီယာအောင်သူလို့ FB သတင်းတပုတ်မှာ ဖက်ရတယ်။ နောက်ပိုင်းမှာ ထားထားမြင့်လည်း အသံခိုးဖမ်းပေးတဲ့တာဝန်ယူခဲ့တယ်လို့ YPIသတင်းထောက်တယောက်က ဖဘမှာပြောတယ်..ညစ်ညမ်းစာအဓိကရေးဖို့ခင်မေဇော်ညွှန်ကြား တာဝန်ပေးခံရသူများကတော့ ကိုကိုအောင်နဲ့ကိုညိုလို့ Aung Pan အင်တာနက်မှာဖော်ထုတ်ရေးတာတွေ့ရတယ်..နာမည်အမျိုးမျိုးနဲ့ အဓိကဖြန့်ဝေသူတွေကတော့ တင်အောင်ခိုင်၊ စမ်းစမ်းတင်၊ ထားထားမြင့်နဲ့ ဇော်မိုးကျော်ဆိုပြီး ဖဘ ထဲကလူတချို့ပြောပြလို့သိရတယ်.ညစ်ညစ်ပက်ပက် အရေးအသား ဖြန့်ချိရေးနှစ်မျိုးလုံး အတော်ဆုံးဖြစ်တဲ့နော်ဝေက ကိုညိုဆိုတဲ့ကုလားသတင်းထောက်ကိုအရင်ဖြုတ်လိုက်တော့ အာဏာသိန်းဖို့ကျိုးစားတဲ့တဖွဲ့လုံး ကျောက်ဒူးတုန် သွားကျတော့တယ်ဆိုပဲ.နောက်တော့ ဥာဏ်ဝင်းအောင် ထားထားမြင့်..တင်အောင်ခိုင်တို့ ခင်မေဇော်တို့လည်း အပြာဇာတ်လမ်းတွေ ခပ်စိပ်စိပ်ဆက်ရေး...အင်တာနက်မှာနေ့တိုင်းဖြန့်လာကျတော့ ဌာနမှူးဒေါ်ညိန်းရွှေကအားလုံးကိုလက်သံပြောပြောင်နဲ့ ဖြုတ်ထုပ်ရှင်းလိုက်တယ်လို့ YPI နဲ့နီးစပ်သူတွေက ပြောကြတယ်။ ဘုရားမရှိ တရားမရှိနဲ့ အောက်တန်းကျလိုက်ကြတာ..
ကျန်တာတွေဒေါက်တာချက်ကြီးဘလော့မှာဆက်ဖက်ပါ

OMG. Unbelievable. They are all low lives. I have never heard such Burmese people in my life. Thanks God for not letting meet with them. Evils....

လက်စသတ်တော့ ဒီလိုကိုး။ အသံဖိုင်တွေ ကြားရတုန်းက ဘာလို့ ဒါတွေထွက်လာတာလဲ- နောက် ဒီအသံဖိုင်ပါကိစ္စအရေးယူဖို့ တိုင်တဲ့ ၀န်ထမ်းတွေ မတရားထုတ်ခံရတယ်ဆိုတော့လဲ ဘာကြောင့်လဲ ဇဝေဇ၀ါနဲ့ပေါ့။ စကထဲက တွေးမိတာက လူတိုင်းမှာ ကိုယ်ရေးကိုယ်တာ ရင်ဖွင့်ကြ ပြောကြတာကို အသံခိုးဖမ်းတယ်ဆိုတာ မလုပ်အပ်တာဘဲလို့ ။ နောက်ပြီး စကားပြောသံက တဖက်ဘဲဆိုတော့ ပြောတဲ့မိန်းကလေးကို သူမသိအောင် သူပြောတတ်တဲ့နေရာမှာ ခိုးထောင်ဖမ်းတယ်ဆိုတာ လဲ ထင်ရှားတာကိုး။ အော် တဌာနထဲလုပ်ကြသူအချင်းချင်း ဒီလောက်တောင် ယုတ်မာ ပက်စက်ကြတာကိုး။ ဒါကြောင့် ဗမာတွေ အပြောခံ၇တာ သိပ်မနာလိုစိတ်များတယ် ယုတ်မာကောက်ကျစ်တယ် လူများလာရင် အုပ်စုဖွဲ့တယ် သိပ်အတင်းပြောတတ်တယ် လို့။ အမေရိကန်လို နိုင်ငံကြီးက ဗမာတွေ အဲဒိလောက် အောက်တန်းကျလှတာ ကြားဖူးသွါးပြီ

လက်စသပ်တော့အဲလိုကိုး သြော်...သူယုတ်မာဂိုဏ်းကြီးတဂိုဏ်းပျိုလဲသွားတဲ့သဘောဘဲ. တရားကျဖို့ကောင်းလိုက်တာ လူမိုက်တွေ

ယုတ်မာသူတွေဟာ ဘယ်တော့မှနေရာမမြဲဘူး အောင်မိုးမြင့် မိုးကျော် ၊ ရဲထက်တို့လဲ ကြာပြီကော RFA ကိုယ့်ကိုထမင်းတျွေးတဲ့အလုပ်ကို သစ္ဂာမရှိုတော့ခံရ / အကွင်းသိတစ်ဦးပြောပြတာက အဲဒီထဲက ဥာဏ်ဂင်းအောင်ဆိုတာ ကျေးဇုးအကန်းဆုံးတဲ့ ၊ ဒေါ်ငြိမ်းရွှေ ခေါ်လို့ ဂျပန်ကနေ အမေရိကရောက်ပြီး အလုပ်ပါ ပေးထားသေးတာ ၊ ကျေးဇူးကန်းချက်က ရက်စက်တယ် ခင်မေဇော့် အလိုကို အောင်သူနဲ့အပြိုင်ဖြည့်နေရတော့ ကျေးဇူးရှင်တောင် ပြန်သတ်ရော ခွေးတောင် ထမင်းကျွေးတဲ့သခင်ကို သစ္စာရှိတယ် အင်ကြင်းနိုင်ရော ဘာထူးလဲ မခန့်ဖို့ဂိုင်းတားတဲ့အထဲက ဒေါ်ငြိမ်းရွှေ ခန့်ခဲ့တာတဲ့ အဲဒီလောက်ယုတ်မာကြတာ လူ့အသိုင်းကြား ဘယ်လိုနေနေကြလဲ

all are disgusting!what about those khin maung soe,khin khin ei and fat thiri and daw nyein shwe herself????their dirty stories????why are they surviving?

သင်းသီ၇ိ ဘာကြောင့်RFAကိုေ၇ာက်လာလဲ? ဟိုတုန်းထဲကခင်မောင်စိုးနဲ့ဖြစ်နေတဲ့ သင်းသီရိက VOA က အတွင်းရေးတွေကို ခင်မောင်စိုးကိုသတင်းပို့နေလို့ ဌာနမှုးကိုအောင်နိုင်က ပညာ၇ှိနည်းနဲ့ ကန်ထုတ်လိုက်တာ။ တချက်ခုတ် နျစ်ချက်ပြတ်ဘဲ။ အင်၈ျင်းနိုင်တို့ ဇော်မိုးကျော်တို့ တင်အောင်ခိုင်တို့ မိန်းမတွေ ယောက်ကျားတွေ VOA မှာ၇ှိတော့ RFA က သတင်းတွေပေါက်ပါတယ်ဆိုပြိး ထုတ်ပစ်ဖို့ပြောခဲ့တဲ့ ခင်မောင်စိုး အခုသူ့ VOAမယင်ငယ်သင်းသီ၇ိကို RFA ဆွဲသွင်းတာကျတော့ ဘယ်သူမှအေ၇းမယူတော့ဘူးလား အခုRFA မှာ လူယုတ်မာတွေ သစ္စာဖောက်တွေ ကလိမ်ကကျစ်တွေ ကြီးစိုးနေပြီ

ကြားလူတစ်ယောက်အနေနဲ့ပြောရရင် မှတ်ချက်ပေးရေးသူတွေကြည့် ရတာ ဟိုအသံဖိုင်တွေထဲက မီတို့ကိုတို့ လိင်လှုပ်သားတွေများလား၊ အဖြစ်မှန်တွေပေါ်ကုန်တော့ အလုပ်ထုတ်ခံရတဲ့သူတွေကို ရမ်းနေ သလိုပဲ အဟပ် ဟပ်။ဘယ်သူ မှန်တယ် မှားတယ်အသာထား RFA ဌာနထဲ လင်လုနေတဲ့ပြောဆိုသံ တိတ်ခွေထဲမှာတော့ ဇာတ်လမ်းက ရှင်းပါတယ် သိသာလွန်းတယ်။ခင်ခင်အိဆိုတဲ့မိန်းမက အတော် အရှက်ကင်း လွန်းတာပဲ၊ ပြောနေလိုက်တာများသြချရတယ်။ ခင်မောင်စိုးဆိုတာ ကလေးအဖေအဖိုးကြီး FBမှာမြင်လိုက်တယ်။ ဒီ မွတ်ဆလင်ကုလားယုတ်ကြီးကိုများကွာ။ သူများမယားကြာခိုမယ့်ပုံ သိသာနေတယ်။ မြတ်ခိုင် သူငယ်ချင်းဆို၊ အာ သွားပါပြီ အ၀ါေ၇ာင် ဂျာနယ်လစ်ပဲပေါ့။ အဲဒီလူတွေ အကြောင်းသိပ သိပ။ ခင်ခင်အိ ဆိုတာလဲ ကြိုက်ကုန်းမဆို။ သူ့အကိုဂေါ်ဇီလာ အရက်မူးပြီး လိုက်ပြောနေတာတဲ့။ ခင်ခင်အိအသိ မိချိုပြောတာတော့ အင်းစိန်မှာ သူ့ဆိုမသိသူမရှိတဲ့။ ဘတ်စကားမှတ်တိုင်မှာ ဆွဲချင်းနဲ့ကားစောင့်ေ နရင် မျက်စပစ်လိုက်တာနဲ့ လိုက်လာေ၇ာတဲ့။ ဈေးဆစ်လဲလိုက်ဆိုပဲ သူ့လင် နိုင်ငံခြားထွက် အလုပ်လုပ်နေတုန်း ပိုက်ဆံပေးလာခေါ်တဲ့ ကုးလား တရုတ်တွေနောက် အကုန်လိုက်နေကျတဲ့။ ကြို့ကုန်းတရပ် ကွက်လုံး သူ့ဆိုသိတယ်တဲ့၊ သူများလင် မကြာခနလိုက်လုနေတာ ယဉ်ပါးနေဆိုပဲ၊ လင်ငယ်မနေ၇မနေနိုင်ဖြစ်နေတော့ တွေ့ရာလူ လိုက်ကုန်းရောတဲ့။ RFAကခိုးထုတ်တဲ့တိတ်ခွေမှာ သူ့ကိုငဲ့မှာလား ဟိုဖက်ကိုဖြတ်မှာလားဆိုပြီး ခင်ခင်အိ အမောတကောလိုက်မေးေ နတာပဲ ကြည့်လေ။ ခင်မောင်စိုးဆိုတာရော ဘယ်ဘ၀ကလာသလဲ သူနဲ့ကြုံ၇င်မေးသင့်တယ်။ ရန်ကုန်မှာတုန်းက ဆိုက္ကားနင်စားလာတာ သူတပါးသားမယားလိုက်ဖျက်ဆီးတိုင်း ဌာနမှူးဒေါ်ငြိမ်းဆွေ ခနခနကယ်ထားလို့ ဌာနမှုးကိုခြေတလုံးဖက် ငိုထားလို့ ဒီနေရာလေး မှာအချောင်စားနေရတာ။ အပြင်မှာဆိုကူလီ ထမ်းစား၇မယ့်အဆင့်ေ လာက်ရှိတဲ့။ ခင်ခင်အိကတော့ RFAကအလုပ်ပြုတ်ရင် သူအ၇င်လုပ် ခဲ့တဲ့ ခါလာအိုကေမှာပဲ ပြန်လုပ်စားမယ်လို့ မိတ်ဆွေတွေကို ညီးတွာနေ ဆိုပဲ

စိတ်ညစ်စ၇ာကြီး နော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်