Subscribe to our RSS Feed

မြန်မာယူ ၁၉ အမျိုးသမီးအသင်း အာရှဖလား ပထမအဆင့် ခြေစစ်ပွဲအောင်မြင်

From :မြ၀တီ


 ဖိလစ်ပိုင် နိုင်ငံတွင် အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့သော AFC U 19 Women's Championship ခြေစစ်ပွဲများ တွင် မြန်မာ အမျိုးသမီး ယူ ၁၉ အသင်းသည် အုပ်စုပွဲ အားလုံး အနိုင်ရရှိပြီး အုပ်စုပထမ နေရာဖြင့် ခြေစစ်ပွဲ အောင်မြင် သွားခဲ့သည်။ မြန်မာအသင်း အနေဖြင့် ပထမအဆင့် ခြေစစ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အုပ်စု ပထမဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ အမျိုးသမီးယူ ၁၉ အသင်းသည် အဖွင့် ပွဲစဉ်တွင် တရုတ်(တိုင်ပေ) အား ၃-၁ ဂိုး၊ အိမ်ရှင် ဖိလစ်ပိုင် ၄-ဝ ဂိုး၊ ဟောင်ကောင်ကို ၈-ဝ ဂိုးတို့ဖြင့် ပွဲအားလုံး အနိုင် ရခဲ့သည်။ ပထမအဆင့် ခြေ စစ်ပွဲ အောင်မြင်ပြီးနောက် ဒုတိယအဆင့် ခြေစစ်ပွဲ အဖြစ် ဒီဇင်ဘာ ၁ ရက်မှ ၉ ရက်အထိ ဗီယက်နမ် နိုင်ငံသို့ သွားရောက်ကာ ယှဉ်ပြိုင်ရဦး မည် ဖြစ် သည်။ ဒုတိယအဆင့် ခြေစစ်ပွဲများတွင် ထိုင်းအသင်း ပါဝင်သော အုပ်စုနှင့် ဗီယက်နမ် အသင်း ပါဝင်သော အုပ်စုနှစ်ခု ခွဲထားသည်။ ယင်းအဆင့် ကို ကျော်ဖြတ် နိုင်ပါက 2013 AFC U 19 အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။ 

Myanmar Express 

1 comments:

ယောင်္ကျားတွေထက်စာရင် အများကြီးသာတယ် ခွေးသားတွေက အစတော့ဟုတ်မလိုလိုနဲ့ နောက်တော့လည်း တုတ်ရင်းကတုတ်ရင်းပဲ တို့ခရမ်းမှာ အဲဒီကောင်တွေထက် တော်တဲ့လူတွေအများကြီး ၁၆.၁၂.၂၀၁၂နေ့ ၂၃ နှစ်အောက်ဘောလုံးပွဲရှိတယ် တော်တဲ့သူ မမြင်ဘူးရင် လာကြည့်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်