Subscribe to our RSS Feed

ဂါဇာကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု အစ္စရေးခြိမ်းခြောက်

From :ခေတ်လူငယ်


 အစ္စရေးတို့က ဂါဇာကမ်းမြောက်ဒေသရှိ ပါလက်စတိုင်းတို့အား အရှိန်တိုးမြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်လိုက်သည်ဟု အောက်တိုဘာ ၂၄ ရက်က ပရက်စ်တီဗွီသတင်းတွင် ဖော်ပြထားသည်။ အစ္စရေးနိုင်ငံဘက်သို့ ပါလက်စတိုင်းတို့ဘက်မှ ဒုံးကျည်များဖြင့် တိုက်ခိုက်လာလျှင် ဂါဇာဒေသနေသူများလည်း သေကျေပျက်စီးအောင် တိုက်ခိုက်သွားရလိမ့်မည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘားရက်က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားလိုက်သည်။ ဟားမတ်စ်တို့အနေဖြင့် ငြိမ်ငြိမ်မနေဘဲ ဒုံးကျည်များ ဆက်လက်ပစ်ခတ် နေလျှင် အစ္စရေးတို့က လက်တုံ့ပြန်ရလိမ့်မည်ဖြစ်ကြောင်း ဘားရက်က ဆက်လက်ပြောကြားသည်။ အစ္စရေးတို့က အောက်တိုဘာ ၂၃ ရက် ညပိုင်းကတည်းက ဂါဇာကမ်းမြောင်ဘက်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အနည်းဆုံး လေးဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိသွားခဲ့သည်။ တစ်ဖန် ပါလက်စတိုင်းတို့ကလည်း အောက်တိုဘာ ၂၄ ရက်တွင် အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်အလုံး ၇၀ ကျော် ပစ်ခတ်ခဲ့ရာ ငါးဦးဒဏ်ရာရရှိသွားကြောင်း အစ္စရေးစစ်ဘက်က ပြောကြားသည်။ 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်