From :mrtv4
Myanmar Express
Bristol တက္ကသိုလ်မှ သုတေသန ပညာရှင်များမှာ ကလေးငယ်များ အတွင်း IQ မြင့်ခြင်းနှင့် မှတ်ဉာဏ်အား ကောင်းခြင်းတို့အတွက်
ဆက်စပ်မှု တစ်ခုကို တွေ့ရှိခဲ့ရပြီ ဖြစ်သည်။ ယခုလို တွေ့ရှိမှုတွင် ဆိုးရွားသည့် အချက်တစ်ခု အနေဖြင့် အစားအသောက် မူမမှန်ခြင်း ရှိသူများမှာ IQ မြင့်သူများ ဖြစ်သည်ကို တွေ့ခဲ့ ရခြင်းပင် ဖြစ်သည်။ ဗုဒ္ဓဟူး နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ လေ့လာချက် အရ ကလေးငယ်များ အကြား အစားအသောက် မူမမှန်သူများမှာ IQ ပိုမိုမြင့်မားပြီး မှတ်သားနိုင်မှုလည်း ပိုမို ကောင်းမွန်သည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့ရာတွင် ယင်းကလေးငယ်များမှာ အာရုံစူးစိုက်မှုနှင့် ပတ်သက်ပြီး ထိန်းချုပ်နိုင်မှု အားနည်းကြောင်း သိရသည်။ ယခုလို စမ်းသပ်မှုကို အသက် ၈ နှစ်မှ ၁၀ နှစ်အကြား ကလေးငယ်ပေါင်း ၆၀၀၀ ဖြင့် စမ်းသပ်ခဲ့ခြင်း ဖြစ်ကာ IQကောင်းသူ အစားအသောက် မူမမှန်သည့် ကလေးငယ်များမှာ မှတ်ဉာဏ် ကောင်းသော်လည်း အလေးဂရု ပြုမှုတွင် အားနည်းမှု ဖြစ်ခဲ့ရကြောင်း လေ့လာမှုကို ရေးသားခဲ့သူ Radha Kothari မှ ပြောသည်။ ယခု တွေ့ရှိချက်ကို Psychological Medicine ဂျာနယ်တွင် ဖော်ပြထားကြောင်းလည်း သိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်