Subscribe to our RSS Feed

မြန်မာ့ငြိမ်းချမ်းရေး ခေါင်းဆောင် ဦးအောင်မင်း အဖွဲ့နှင့် KIO တို့ သဘောတူညီမှု ရရှိ

From : 7day


ယနေ့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်သော အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းးရေးတွေ့ဆုံဆွေးနွေးမှု့ မှာ မွန်းလွဲ ၂နာရီ( တရုတ်၊ရွှေလီ အချိန်နှင့် ၃နာရီ ) တွင် ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာ အစိုးရဘက် က ကေအိုင်အိုနှင့် နိုင်ငံရေး ဆွေးနွေးမှု့များ ပြုလုပ်ရန် သဘော တူလိုက်ကြောင်း ရွှေလီမြို့တွင်ရောက်ရှိနေသော 7 Day News ဂျာနယ် သတင်းထောက်က သတင်းပေးပို့သည်။ 

“ ပျော်ပျော်ပါးပါးနဲ့ တွေ့ ဖို့ ရှိတယ် နိုင်ငံရေးဆွေးနွေးဖို့ ကို သဘောတူလိုက်တာ ပြည်တွင်းမှာလုပ်မယ် တစ်လ အတွင်းလုပ်မယ်” ဟုမြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်ဦးအောင်မင်းကပြောသည်။
ကေအိုင်အိုဖက်မှအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် က “ ဗဟိုမှာ တင်ပြပြီးတော့ မှ အားလုံးပြန်ဆွေးနွေးရမှာပေါ့ ဘယ်နေရာ မှာ လုပ်နိုင်မလဲဆိုတာ” ဟုပြောကြားခဲ့သည်။


  Myanmar Express 

2 comments:

ပြည် တွင်း ၌ ဆွေး နွေး ရန် သ ဘော တူ ညီ မှု ရ ခဲ့ ခြင်း အ ပေါ် များ စွာ ကြေ နပ် အား ရ မိ ပါ ကြောင်း။

ကောင်း ပါ တယ် မြန် မြန် ငြိမ်း ချမ်း ပါ စေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်