From : mrtv4
Myanmar Express
လာမယ့်
၂၀၁၄ ခုနှစ်မှာ ဆောင်ရွက်မယ့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု
အစီအစဉ်မှာ ကုန်ကျစရိတ် အနေနဲ့ တစ်ဦးကို အမေရိကန် ဒေါ်လာ
တစ်ဒေါ်လာခန့် ကုန်ကျ နိုင်မယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ ၂၀၁၂ ခုနှစ်ရဲ့ လူဦးရေ စစ်တမ်း ကောက်ယူချက် အရ ပြည်တွင်းရှိ ခန့်မှန်းခြေ လူဦးရေဟာ သန်း ၆၀ ကျော်ရှိတာ ဖြစ်ပါတယ်။
ဒီလို ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု အတွက် စုစုပေါင်း ကုန်ကျမယ့် ငွေဟာ အမေရိကန် ဒေါ်လာ ၆၀ နီးပါး ကုန်ကျနိုင်တာ ဖြစ်ပါတယ်။ အခုလို ပြည်တွင်းရဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူဖို့ အတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ဖြစ်တဲ့ UNFPA မှလည်း နည်းပညာနဲ့ စက်ပစ္စည်း အကူအညီ အဖြစ် အမေရိကန် ဒေါ်လာ ၅ သန်း ဖိုးခန့် ကူညီထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု အတွက် ရှေ့ပြေး အနေနဲ့ အကြို သန်းခေါင် စာရင်း ကောက်ယူမှု ကိုတော့ လာမယ့် ၂၀၁၃ ခုနှစ် အတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု အတွက် နိုင်ငံတော်မှ ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁၄.၅ သန်း ၀န်းကျင်ကို အကုန်အကျ ခံကာ ဆောင်ရွက်ဖို့ ရှိတယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်