Subscribe to our RSS Feed

ပြည်ပတွင် သွားရောက် အလုပ်လုပ် ကိုင်ရာတွင် နိုင်ငံတော်သို့ ပေးသွင်းရသည့် FEC 100 အား လျော့ချ ပေးသွားရန်ရှိ

From : mrtv4


ပြည်ပ နိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ မလေးရှား စတဲ့ ပြည်ပနိုင်ငံ တွေကို သွားရောက် လုပ်ကိုင်သူ တွေအနေနဲ့ နိုင်ငံတော်အား FEC 100 ပေးသွင်းရခြင်းကို
နှုန်းထား လျော့ပေး သွားဖို့ ရှိတယ်လို့ အောက်တိုဘာလ ၂၂ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ရွေ့ပြောင်း လုပ်သားဆိုင်ရာ ဆွေးနွေးပွဲမှ သိရပါတယ်။ အခုလို FEC 100 ပေးသွင်း ရခြင်းဟာ ထိုင်းနိုင်ငံနှင့် ကိုရီးယား နိုင်ငံသို့ သွားရောက် သူတွေ အနေနဲ့ ပေးသွင်း ရမှုမရှိဘဲ စင်္ကာပူနဲ့ မလေးရှား နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်မယ့်သူ များသာ ပေးသွင်း ရတာ ဖြစ်ပါတယ်။

အဆိုပါ ပေးသွင်းမှု ကိုလည်း ပြီးခဲ့တဲ့ နှစ်မှ စတင်ကာ  ပေးသွင်းရန် သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ အလုပ်သမား အေဂျင်စီတွေ အနေနဲ့ ပြည်ပသို့ အလုပ်သမား စေလွှတ်မှု တွေမှာ  ၀န်ဆောင်ခ ကောက်ခံရာ မှာလည်း လုပ်ခလစာရဲ့ ၄ ဆထက် မပိုဘဲ ကောက်ခံရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံကို သွားရောက် လိုသူတွေ ကတော့ အလုပ်သမား ၀န်ကြီးဌာနမှ ထားရှိ ထားတဲ့ တရားဝင်  စည်းမျဉ်းများ အတိုင်း ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ အလုပ်သမား ၀န်ကြီးဌာန အနေနဲ့ ထိုင်းနိုင်ငံသို့ တရားဝင် စေလွှတ်ခွင့်ရ အေဂျင်စီများ အဖြစ် အေဂျင်စီ ၄၈ ခု ကို ရွေးချယ် ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်