Subscribe to our RSS Feed

ရခိုင်ပြည်နယ်အရေးအခင်း နောက်ကွယ်မှ ကြိုးကိုင်ခိုင်းနေတာဘယ်သူလဲ (၁)?(ပေးစာ - ၁၉၅)

From :ဦးကျော်ငြိမ်း


 ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) အရ “ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်ပဋိပက္ခ တွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရသဖြင့်” ဟု ဖော်ပြပါရှိပါသည်။ ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခသည် ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ တစ်စ တစ်စကျယ်ပြန့်လာခြင်း ဖြစ်ကြောင်း၊ အများသိပြီးဖြစ်ကြပါသည်။ ရခိုင် နှင့် မွတ်ဆလင်ပဋိပက္ခဟု ဆိုဆို၊ ဗုဒ္ဓ ဘာသာနှင့် အစ္စလမ်ပဋိပက္ခဟု ပြောပြော အရေးအခင်းကာလအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာတိုး၍သာ လာနေပါသည်။ အကြမ်းဖက်မှုများ ကြီးလာနေပါသည်။ ဖြစ်စဉ်အစ ရမ်းဗြဲ မုဒိမ်းမှု၊ တောင်ကုတ် အရေးအခင်းအလယ်၊ မောင်တောမြို့နယ်မှ လူသတ်၊ မီးရှို့မှု အဆုံးတွင်ဘူးပေါ်သလိုပေါ်လာသည် က ရိုဟင်ဂျာလူမျိုးဆိုသော အမည်သစ်တစ်ခု ဖြစ်ပါသည်။ ဤရိုဟင်ဂျာ ဆိုသောလူမျိုးသည် ရခိုင်ပြည်နယ်တွင် ယခုမှအဘယ်ကြောင်းကြောင့် ထင်ပေါ်လို့ လာရပါသနည်း။ ယခုမှ လူမျိုးအသစ်တစ်ခု မွေးဖွားလာခြင်းလော။ ယခု ရခိုင်ပြည်နယ်အရေးသည် မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်သော လူမျိုးရေး သတ်မှတ်ခြင်းကိစ္စဖြစ်သည်။ နိုင်ငံသား၊ နိုင်ငံခြားသား စသော ကိစ္စတို့သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံစီ၏ သီးခြား လွတ်လပ်သော ကိစ္စဟု ဆိုရပါမည်။ ဤကိစ္စကြီးသည် နိုင်ငံတော်အစိုးရမှ ကိုင်တွယ်ဖြေရှင်းမှရမည့် ကိစ္စဟု . . . ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး လယ်ကူလီများ အခြေချ နေထိုင်လာကြသည်မှာ သမိုင်းမှတ်တမ်းများအရ အထင်အရှားရှိ၍ ငြင်းမရသော အချက်ဖြစ်ပါသည်။ ဘင်္ဂလားနယ်မှ လယ်ကူလီများသည် အလုပ်အကိုင်၊ အနေအစားချောင်သော ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်ခွင့် ရလာသောအခါ အစဉ်အဆက် နေထိုင်လာခဲ့ကြသည်။ မြို့ရွာအနှံ့ ဖြန့်ကြက်ကာ ကျပန်းအလုပ်များဖြင့် ရခိုင်လူမျိုးများအကြား အေးချမ်းစွာ နေထိုင်လာခဲ့ကြသည်။ ဘင်္ဂါလီ ကုလားလူမျိုး အများစုသည် ရိုဟင်ဂျာဆိုသော အမည်ကိုထိုစဉ်က သိဖို့ မဆိုထားဘိ၊ ကြားဖူးမည်ပင်မထင်ပါ။ အတူယှဉ်တွဲ နေထိုင်နေကြပါ လျက် အတူယှဉ်တွဲနေထိုင်နေကြကြောင်း သတိမထားမိကြသော လူမျိုးများဖြစ်ခဲ့ကြသည်ကို မည်သူမှ ငြင်း၍ရမည်မဟုတ်ပါ။ မွတ်ဆလင်ကမ္ဘာ ဖွံ့ဖြိုးလာသည် နှင့်အတူ ရခိုင်ပြည်နယ်မှ ပညာတတ် မွတ်ဆလင် လက်တစ်ဆုပ်စာ လူတစ်စု တို့၏ ကိုယ်ပိုင်လူမျိုး အတွေးအခေါ်တို့ လူးလွန့်လှုပ်ရှား လာခဲ့ကြသည်ကို တွေ့မြင်ကြရပါပြီ။ မွတ်ဆလင် ကမ္ဘာမှ အထောက်အပံ့တို့ဖြင့် စီးပွားဖွံ့ဖြိုးလာသော ဘင်္ဂါလီတို့သည် အာဏာပိုင် အုပ်ချုပ်သူတို့၏ အကူ ညီများစွာတို့ကို ရယူနိုင်လာခဲ့ကြ သည်။ သူတို့လိုအပ်သော အကူအညီတို့ကိုလည်း ဖောဖောသီသီရရှိခဲ့ကြသည်။ စီးပွားရေးပြေလည်မှုများမှသည် ဘာသာရေး၊ လူမှုရေးနယ် ပယ်များသို့တိုင် ထိုးဖောက်နိုင်လာ သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဗိုလ်ချုပ်ကြီး (ဟောင်း)ခင်ညွှန့်နှင့် အတူ ဗမာ-မွတ်ဆလင်များလေယာဉ် စင်းလုံးငှား၍ လာရောက်ခဲ့ကြသည်ကိုလည်း စစ်တွေမြို့နေ ရခိုင်ရော မွတ်ဆလင်ပါ မေ့မရနိုင်သေးပါ။ ထို့အတူပင် ရခိုင်လူမျိုးအနေဖြင့်ရော ဘင်္ဂါလီလူမျိုးများအတွက်ပါ အောက်မေ့ဖွယ် ဇာတ်လမ်းများရှိနေ ခဲ့ပါသည်။ ဘင်္ဂါလီလူမျိုးတို့၏ ဗလီကျောင်းတို့သည် ပြည်နယ်အနှံ့ တိုးလာနေသည်။ ခိုင်ခံ့လာနေသည်။ လွတ်လွတ်လပ်လပ် ရှိနေသည်။ ထိုစဉ်က ချင်းပြည်နယ်တွင် ခရစ်ယာန် ကျောင်းများဆောက်ခွင့် ပိတ်ထားပါသည်။ စီးပွားရေးပြည့်ဝလာသော ဘင်္ဂါလီလူမျိုးတို့၏ ထိုးစစ်ကို နိုင်ငံရေးလက်နက် တပ်ဆင်ခွင့်ပြု လိုက်သောအခါတွင် အရာရာသည် ရိုဟင်ဂျာဆိုသော စိတ်ကူးအိပ်မက်ကို အကောင်ထည်ဖော်ရန် အချိန်ကိုက် ဖြစ်နေပါတော့သည်။ ထို့ကြောင့်ပင် ရမ်းဗြဲကိစ္စ၊ တောင်ကုတ်ကိစ္စတို့နှင့် ဆက်စပ်မှု မရှိလှသော မောင်တောမြို့နယ်တွင် လူမျိုးရေးအဓိကရုဏ်း သဏ္ဌာန်၊ ဘာသာရေး အဓိကရုဏ်းပုံစံဖြင့် အကြမ်းဖက်မှု စတင်ခဲ့ကြပါသည်။ (ဘူးသီးတောင်၊ မောင်တောမြို့နယ် များတွင် အရေးအခင်း ဖြစ်ပွားနေစဉ် အတွင်း၊ ရန်ကုန်နှင့် ပြည်ပမှ မွတ်ဆလင်ဗလီဆရာများ အပါအ၀င် ဧည့် သည် ၃၀ ဦးတို့သည် ၎င်းမြို့နယ်များတွင် ရောက်ရှိနေကြပြီး အရေးအခင်းပြီးမှ ပြည်မသို့ ပြန်သွားကြကြောင်း ပြည်တွင်းထုတ်ဂျာနယ် တစ်စောင်တွင် ဖော်ပြပါသည်။) 

 ဆက်လက်ဖတ်ရူရန်.....

Myanmar Express 



2 comments:

နိုင် ငံ ရေး "ချက် ကွက်" ကို လူ မျိုး ခြား အား "နယ် ရုပ်" လုပ် ပြီး ဆက် မ က စား သင့် တော့ ပါ။
ဦး ပေါ် ဦး ရဲ့ ဆင် မဲ ကို ဆင် ဖြူ လုပ် မည့် ဂ တိ က နှစ်
ပေါင်း ဘယ် လောက် ဘဲ ကြာ ကြာ ဖြစ် မ လာ တော့ ပါ။
နောင် လာ နောက် သား တွေ လဲ ဘယ် တော့ မှ ဆင် ဖြူ ဖြစ် လာ တာ ကို တွေ့ ကြ ရ မည် မ ဟုတ် ပါ။
အ သုံး ချ ခံ နယ် ရုပ် တွေ အ ဖြူ ရောင် သန်း လာ တာ ကို
အ ခု အား လုံး မြင် တွေ့ နေ ရ ပါ ပြီ။
နောက် မ ကြာ သော ဆယ် စု နှစ် တစ် ခု ခု မှာ လုံး ဝ ဖြူ
ပြီး နယ် ရုပ် က နေ ဘု ရင်/ ဘု ရင် မ ဖြစ် သွား ကြ မှာ ကို
အ မျိုး ချစ် သူ တိုင်း သ တိ ပြု ရန် လို ပါ သည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်