Subscribe to our RSS Feed

ဦးဝင်းတင်၏ ထောင်ဝတ်စုံ NLD ဗဟိုနှင့် ၈၈ ငြိမ်းပွင့်တို့ ပူးပေါင်း ၍ လေလံ တင်ရောင်ချပွဲပြုလုပ်မည်

From : .. အယ်ဒီတာ မောင်ရိုး

ဧပြီလ ၂၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၊ ICU ၌ အတွင်း လူနာအဖြစ် ဆေးရုံတက်ရောက် ကုသနေရင်း ကွယ်လွန်သွားခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက တစ်ဦးဖြစ်သူ သဘာပတိအဖွဲ့ ၀င် သတင်းစာဆရာကြီး ဦးဝင်းတင်အား လေးစား ဂုဏ်ပြုသောအားဖြင့် ၄င်းမဆုံးပါးမီ အချိန်ထိ ၀တ်ဆင် သွားခဲ့သော ထောင်ဝတ်စုံကို လေလံ တင်ရောင်းချသွား မည်ဟု သိရှိရသည်။

အဆိုပါ ဦးဝင်းတင်၏ ထောင်ဝတ်စုံ လေလံတင်ရောင်းချမည့် အစီအစဉ်အား အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဗဟိုနှင့် ၈၈(ငြိမ်း/ပွင့်) အဖွဲ့တို့ ပူးပေါင်း၍ ဦးဆောင်ကျင်းပသွားမည်ဟု NLD ဗဟိုကောင်မတီ ၀င် တစ်ဦးမှ ပြောဆိုပါသည်။ ၄င်း လေလံတင် ရောင်းချပွဲအခမ်းအနားအား ဦးဝင်းတင် သေဆုံးသည့် ၁ လ ပြည့် လွမ်းဆွတ်ခြင်း အခမ်းအနားနှင့် တပါတည်းပူးပေါင်း ပြုလုပ်သွားရန် NLD နာယက ဦးတင်ဦး နှင့် ၈၈(ငြိမ်း/ပွင့်) ခေါင်းဆောင်များမှ စီစဉ်ထားရှိကြောင်းသိရှိရသည်။

“ ဦးတင်ဦးနဲ့ ၈၈ (ငြိမ်း/ပွင့်) အဖွဲ့ ကတော့ ဆရာကြီး ဦးဝင်းတင် သေ ဆုံးတဲ့ ၁ လ ပြည့်နေ့မှာ ဘဲ တစ်ခါတည်း လေလံတင်ရောင်းချပွဲကို ဆက်လုပ်ဖို့ ဆန္ဒရှိကြတယ်၊ ဒါပေမဲ့ အမေစုနဲ့ ကျန်တဲ့ သူတွေက တော့ လာမဲ့ ၂၀၁၅ NLD ပညာရေး ရံပုံငွေပွဲကျမှ ပေါင်းပြီး လုပ်ချင်ကြတယ်၊ ဒါလေးတော့ နဲနဲ သဘော ထားကွဲလွဲနေတာလေးရှိတယ်၊ ဒါလဲ ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ အစည်းအဝေးပြန်လုပ် ပြီး ညှိနှိုင်းလိုက်ရင်တော့ အဆင်ပြေသွားမှာပါ၊ လေလံတင်ရောင်းချပွဲလုပ်ရင် ဆရာကြီးရဲ့ တစ်ခြား အမှတ်ရစရာ အနုပညာ လက်ရာတွေကိုလည်း ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ် “ ဟု ၄င်းမှ ဆက်လက် ပြောဆိုပါသည်။

ဦးဝင်းတင်သည် ခါးရိုးအဆစ်လွဲရောဂါဖြင့် Green Cross ဆေးရုံတွင် တက်ရောက်ကုသခဲ့ရာမှ အဆုတ်နှင့် အူရောဂါများ ထပ်မံဖြစ်ပွားခဲ့သဖြင့် မတ် ၂၆ ရက်နေ့တွင် ၀ိတိုရိယ ဆေးရုံသို့ပြောင်းလဲ၍ ဆေးကုသမှုခံယူ ခဲ့ရသည်။ သို့သော် မတ်လ ၂၉ ရက်နေ့ တွင် ရုတ်တရက် နှလုံးခုန်ရပ်ဆိုင်း သွားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံ ပြောင်းလဲ တက်ရောက်ကုသမှု ခံယူခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တွဲဖက်တည်ထောင်ခဲ့သူ သတင်းစာ ဆရာကြီး ဦးဝင်းတင် ဆေးရုံတက်ရောက်ကုသမှု ခံယူနေစဉ်တွင် NLD ပါတီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဦးကိုကိုကြီး၏ မင်္ဂလာဆောင်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဦးဝင်းတင်ထံ လူမမာမေး သွားရောက် ခဲ့ခြင်းမရှိသည့် အတွက် ဝေဖန်မှုများရှိခဲ့သော်လည်း ၄င်း၏ ဂျာမဏီနှင့် ပြင်သစ် နိုင်ငံခြား ခရီးစဉ် အပြီး တွင် ဦးဝင်းတင်ထံ လူမမာမေး ၂ ကြိမ်တိုင်တိုင်သွားရောက် အားပေး ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံ စကားပြော ပြီးနောက် ဧပြီလ လ ၂၁ ရက်နေ့တွင် ဦးဝင်းတင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဦးဝင်းတင် သေဆုံးပြီးနောက်တစ်နေ့တွင်လည်း ၄င်း၏ ကျန်ရစ်သူမိသားစု ဆွေမျိုးများထံ သွားရောက် တွေ့ ဆုံ အား ပေးခဲ့သည်။
ယနေ့ ပြုလုပ်မည့် ဦးဝင်တင်၏ ဈာပန အခမ်းအနားတွင် NLD ပါတီ ရုံးချုပ်အဖွဲ့ဝင်များနှင့် ၈၈ (ငြိမ်း/ပွင့်) ခေါင်းဆောင်များမှ ဦးဝင်တင်အား ဂုဏ်ပြုသော အားဖြင့် ၄င်း မြတ်မြတ်နိုးနိုး ၀တ်ဆင်လေ့ရှိသော် ထောင် အင်္ကျီအပြာရောင်များ ၀တ်ဆင်း၍ ရန်ကုန်မြို့ရှိ ယုဒဿန် ခန်းမ မှ ရေဝေး သုသာန်သို့ လိုက်ပါ ပို့ဆောင်ကြ မည်ဖြစ်သည်ဟုသိရှိရသည်။
 

 .. www.MyanmarExpress.net
 

4 comments:

အောင်​မယ်​​လေးဗျာ လူ​သေဝတ်​တဲ့​ထောင်​ဝတ်​စုံဆို​တော့
တော်​​တော်​ကျက်​သ​ရေရှိတာပဲ ဘယ်​​စောက်​ရူး​လေလံဆွဲမလဲ​စောင့်​ကြည့်​ဦးမယ်

It is the stolen property. Win Tin stole it from
insein jail.


NLD ၊ ဒေါ်စု နဲ့ ၈၈ တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။
သေသူကို အရင်းပြု ပြီး အမြတ်ထုတ်အုံးမှာပါလား။
သေသူ ကို ကောင်းရာမွန်ရာ ရောက်အောင်
လုပ်ပေးရမဲ့အစား ကိုယ်ကျိုးအတွက်ပဲလုပ်နေကြပါလား။
ဒေါ်စု သာ သမ္မတ ဖြစ်လို့ကတော့ တိုင်းပြည်ကိုတောင်
လေလံပစ်အုံးမယ်။


အလကားပါ၊ ၈၈ကျောင်းသား ဘာညာနဲ့ ပြောကြတယ်

အခုက ၂၀၁၄ ရောက်နေပြီ ၁၉၈၈ မဟုတ်တော့သလို
၈၈ကျောင်းသား နာမည်ခံထားသူတွေကလဲ ကျောင်းသားလူငယ်မျိုးဆက်သစ်တွေ
မဟုတ်တော့ဘူး

အခုရော ကျုပ်တို့ဆင်းရဲသားပြည်သူတွေ
အတွက် ၈၈ကျောင်းသား နာမည်ခံတွေက ဘာလုပ်ပေးနိုင်လို့လဲ

အဲဒါဆို ၈၈နာမည်ခံတွေက နိုင်ငံအတွက်ရော ဘာလုပ်ပေးနိုင်လို့လဲဆို မေးရင်လဲ
ကျုပ်အမြင်မှာ ၈၈နာမည်ခံတွေက ဘာမှ နိုင်ငံအတွက် မလုပ်နိုင်တဲ့အပြင်
ပြည်သူတွေကိုခတ်မဲ့အဆိပ်လို့ပဲ မြင်တယ်

လုပ်စမ်းပါ တကယ်စေတနာရှိတယ်ဆိုရင်
ပြည်သူတွေအတွက် ၈၈နာမည်ခံတွေ လုပ်နိုင်ပါတယ်

ဟိုတုန်းက အထဲမှာမို့ အခု အပြင်ရောက်တော့ရော
ဘာလုပ်ပေးလဲ

၈၈နာမည်ခံတွေက အစိုးရနဲ့ အတိုက်အခံလုပ်ပြီး အနောက်နိုင်ငံတွေက ပေးတဲ့ ထောက်ပံ့ငွေတွေ ယူပြီး ပြည်သူတွေအတွက်ရော နိုင်ငံအတွက်ရော ဘာမှ မလုပ်နိုင်ဘူး

ထောက်ပံ့ငွေတွေကို အချောင်စားနေရုံသက်သက် ကိုယ်ကျိုးရှာရုံသက်သက် ဖြစ်နေပြီ

တော်သေးပြီ ၈၈နာမည်ခံ အချောင်သမားတွေ အချောင်ခိုတာတွေ ဝေလေလေလုပ်နေတာတွေ အသုံးမကျတာတွေ ၈၈နာမည်ခံအဖွဲ့ကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတာတွေ အဖွဲ့ရန်ပုံငွေကိုအလွဲသုံးစားလုပ်တာတွေကို ဆက်ရေးရင် ပြီးမှာမဟုတ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်