Subscribe to our RSS Feed

သင်္ကြန်တွင်း ကချင်တိုက်ပွဲ အစိုးရသတင်းထုတ်ပြန်ချက်


ဧပြီလအတွင်း ကချင်ပြည်နယ် မံစီမြို့နယ် ပန်ခမ်းဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်မှ အရာရှိ ၁ ဦး၊ စစ်သည် ၂ ဦး ကျဆုံးပြီး ကေအိုင်အေအဖွဲ့ထံမှ အလောင်း ၆ လောင်းနှင့် လက်နက် ၅ လက် သိမ်းဆည်း ရမိကြောင်း သိရှိရသည်။ ပန်ခမ်းနယ်မြေနှင့် ပန်ခမ်းရွာသည် ယခင်က နိုင်ငံတော်အစိုးရ၏ တရားဝင် နယ်စပ်ဒေသကုန်သွယ်ရေးစခန်းအဖြစ် ဖွင့်လှစ် ထားရှိပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်နေရာဖြစ်ပါသည်။ နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်သည့်အလျောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အဖွဲ့များ၊ နယ်စပ်ကုန်သွယ်ရေး အဖွဲ့ဝင်များဖြင့် ကုန်စည် ကူးသန်း မှုများအား စစ်ဆေးခြင်း၊ လူဝင်/လူထွက်များ စစ်ဆေးခြင်းတို့ စနစ်တကျ ဆောင်ရွက် ခဲ့သည့် ဒေသဖြစ်သည်။

သို့သော် ၂၀၁၁ ခုနှစ် ဇွန်လတွင် ကေအိုင်အေအဖွဲ့၏ လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် လုံခြုံစိတ်ချရမှု မရှိတော့သဖြင့် ၂၀၁၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်းကောင်း၊ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အဖွဲ့များ၊ နယ်စပ်ကုန်သွယ်ရေး အဖွဲ့များမှ လည်းကောင်း အသီးသီးစွန့် လွှတ်ခဲ့ရသည်။ထိုအချိန်မှစ၍ ပန်ခမ်းနယ်မြေတစ်လျှောက် ရှမ်းတိုင်းရင်းသား ကျေးရွာ များဖြစ်သော နားလုံကျေးရွာ၊ နောင်စွမ်းကျေး ရွာ၊ နောင်မွန်ကျေး ရွာ၊ မန်အိတု ကျေးရွာ၊ မိုင်အိုက်တိုက် ကျေးရွာ၊ လွယ်လုံကျေးရွာ စသည့်ကျေးရွာများရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ကိုးကွယ်ရာဖြစ်သော ကျားခေါင်း ဘုရားတောင်ကုန်းတွင် ကေအိုင်အေတို့မှ တပ်စခန်းပြုလုပ်၍ ဝင်ရောက် နေထိုင်ခဲ့ကြသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညွှန်ကြားချက် အတိုင်း မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တပ်စခန်းများအား ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ လုံးဝမပြုလုပ်ဘဲ ဆက်သွယ်ရေး လမ်းကြောင်း တစ်လျှောက် လုံခြုံရေးကိုသာ အဓိက ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ယခုကာလသည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေးအတွက် ဆွေးနွေးပွဲများပြုလုပ်နေစဉ် ကာလဖြစ်သဖြင့် ယခင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်များအား အတိအကျ လိုက်နာလျက်ရှိသည့်အပြင် လက်ရှိဆွေးနွေးပွဲ သဘောတူညီချက်များကိုပါ ဂရုပြုထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။

သို့သော် ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် မန်ဝိန်းကြီးနှင့် ကောင်းမှုယန် ဆက်သွယ်ရေး လမ်းကြောင်းတွင် ပုံမှန် တပ်လဲလှယ်ရေးတာဝန်ဖြင့် သွားလာနေစဉ် ကေအိုင်အေအဖွဲ့မှ ချောင်းမြောင်း ပစ်ခတ်ခဲ့သဖြင့် တပ်မတော်မှ ဗိုလ်မှူးတစ်ယောက် ကျဆုံးခဲ့ရသည်။ သို့ဖြစ်၍ ၎င်းဆက်သွယ်ရေး လမ်းကြောင်းအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန်အတွက် မိမိတပ်မတော်စစ်ကြောင်းများဖြင့် ရှင်းလင်း ဆောင်ရွက်ခဲ့ရာ ကေအိုင်အေ အဖွဲ့များနှင့် တိုက်ပွဲတချို့ဖြစ်ပွားပြီး ပန်ခမ်းနယ်မြေအား တပ်မတော် စစ်ကြောင်း များမှ ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပါသည်။ အဆိုပါနယ်မြေ ရှင်းလင်းစဉ် ကာလအတွင်းတပ်မတော် အရာရှိ (၁)ဦးနှင့်စစ်သည်(၂) ဦးကျဆုံး၍ အရာရှိ(၁) ဦးနှင့် စစ်သည်(၄)ဦး ဒဏ်ရာရရှိခဲ့ပြီး ကေအိုင်အေ ဘက်မှ အလောင်း(၆)လောင်းနှင့် လက်နက်(၅)လက် သိမ်းဆည်းရရှိခဲ့သည်။ ထို့ပြင် ပန်ခမ်းကျေးရွာအနီးကေအိုင်အေ၊ အူလံပါခရိုင်ရုံးရှိ အဝေးထိန်း မိုင်းများ ထုတ်လုပ်သည့် အဆောက်အအုံနှင့်ဆက်စပ်ပစ္စည်းများအား ရှင်းလင်း သိမ်းဆည်းရမိခဲ့ပြီး ကေအိုင်အေ အချုပ်ခန်းအတွင်းတွင် ကေအိုင်အေမှ တပ်သားသစ်အတွက် သံခြေချင်းခတ် ဖမ်းဆီး ချုပ်နှောင် ထားသော နောင်ချိုမြို့နယ် ဘာကွန်ကျေးရွာမှ ဓနုတိုင်းရင်းသား (၁)ဦးအား ပြန်လည် ကယ်တင်နိုင်ခဲ့သည်။

၂၀၁၄ခုနှစ် ဧပြီလ(၁၃)ရက်နေ့တွင် မိုးမောက်မြို့နယ် ကျောက်စခန်းအနီး မိုင်တိုင်အမှတ်(၁၂/၄)၌ ပုံမှန် စစ်ဆင်ရေး တာဝန်လဲလှယ်သော တပ်မတော်စစ်ကြောင်းအား ကေအိုင်အေ အဖွဲ့များမှ ဆွဲမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက် သဖြင့် စစ်သည်(၂)ဦးကျဆုံး၍ (၉)ဦးဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ယာဉ်နှင့် ယာဉ်ပေါ်ရှိ လက်နက် မျိုးစုံ(၁၃)လက်၊ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှူံးခဲ့ရသည်။
ထို့ပြင် ဗန်းမော်နှင့် စိန်လုံဒေသဆက်သွယ်ရေး လမ်းတစ်လျှောက် မိမိတပ်များ သွားလာလှုပ်ရှားမှုကို နှောင့်ယှက် တိုက်ခိုက် လျက်ရှိသော ကေအိုင်အေအဖွဲ့များ အခြေပြုရာ ပွိုင့်(၇၉၂)စခန်းဒေသအခေါ် မိုင်ဆတ် ကောင်းနှင့် ပွိုင့်(၄၀၆) စခန်းဒေသ အခေါ်ဒဂေါ်မကာ ဘွမ်တို့အား တပ်မတော်စစ်ကြောင်းများမှ ရှင်းလင်းခဲ့ရာ တပ်မတော် ဘက်မှ စစ်သည်(၃)ဦးကျဆုံး၍ (၃)ဦးဒဏ်ရာ ရရှိခဲ့ပြီး ကေအိုင်အေဘက်မှ အလောင်း (၈) လောင်းနှင့် လက်နက်မျိုးစုံ(၅)လက် သိမ်းဆည်းရမိခဲ့သည်။

မိမိနိုင်ငံ ပန်ခမ်းနယ်မြေအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် မိမိတပ်များအနေဖြင့် ပန်ခမ်းနယ်မြေ အတွင်းရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခြင်းမရှိသဖြင့် ကျေးရွာများအတွင်း၌ တိုက်ပွဲ ဖြစ်ပွားခြင်းများ မရှိဘဲ ဒေသခံအရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဗန်းမော်-စိန်လုံ-လွယ်ဂျယ် ဆက်သွယ်ရေး လမ်းကြောင်း ပေါ်တွင် လုံခြုံစိတ်ချစွာဖြင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုများ ပုံမှန်ဆောင်ရွက် လျက်ရှိ နေပြီဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ထို့ပြင် တပ်မတော်စစ်ကြောင်းက မန်စီ-မိုးမိတ်ဒေသ၊ ဆင်ဘို-ဗန်းမော်ဒေသ၊ ဆင်ဘို-မံပင်ဒေသတို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်နေ့အထိ ကျွန်းနှင့် တမလန်း အပါအဝင် သစ်တန်ချိန်ပေါင်း ၅၀၈၇ တန်၊ ယာဉ်/ယန္တရား ၁၂၀ စီး၊ တရုတ်နိုင်ငံသား ၁၃ ဦးအပါအဝင် တရားခံ ၅၃ ဦးတို့အား ဖမ်းဆီး ရမိခဲ့ပြီး ကေအိုင်အေအဖွဲ့နှင့် ၄ ကြိမ် ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


.. www.MyanmarExpress.net
 

4 comments:

Goverment reports
"တပ်မတော် အရာရှိ (၁)ဦးနှင့်စစ်သည်(၂) ဦးကျဆုံး၍ အရာရှိ(၁) ဦးနှင့် စစ်သည်(၄)ဦး ဒဏ်ရာရရှိခဲ့ပြီး ကေအိုင်အေ ဘက်မှ အလောင်း(၆)လောင်းနှင့် လက်နက်(၅)လက် သိမ်းဆည်းရရှိခဲ့သည်။"
Kill ratio is KIA in favor. This is due to President's unwise policy of restraining Tat-Ma-Daw to defend only when attacked by KIA. No counter offensive is allowed. This policy is like signaling KIA that it can attack tat-ma-daw without expecting retaliation.

တ ကယ် ဖမ်း မှာ လား

ငအို့ နော ပင် ကြိး မိုး လုးံ ကွန်း ချောင်း ရန်း ညို သစ် မ လန်း ဘ လက် ကား ၅၀၀ ကျော် နှင့် အင်း ကြိး လေ ယဉ် ကွင်း သို့ ခိုး တိုက် နေ ပါ သည်

KIA သူ ပုန် တွေ က အ ဒိ က လုပ် နေ ပြိး တပ် မ တော် စစ် ကြောင်း များ မှ လာ်း ငွေ ရ နေ သော ကြောင့် သစ် တော် မှ လည်း ငွေ ယူ ရဲ များ မှ လည်း ငွေ နေ သော ကြောင့် မ ဖမ်း ကြ ပါ

နယ် စပ် မ ဟုတ် ပါ ပြည် မ တွင်း ရောက် နေ ပါ ပြိ
တော ကြိး မှ တောင် ဂ တုးံ သို့ ရာ သီ ဥ တု ဖောက် ပြား ကုန် ပါ ပြိ

အော် ငွေ ငွေ ငွေ
ငွှေ ရ လျင် ပြာ် ဘဲ ပျက် ပျက်

ပေါ့

မှန် တယ် င အို့ နော ပင် ကွင်း ချောင်း စု စည်း မိုး လုးံ ရန်း ဘို အင်း ကြိး လေ ယဉ် ကွင်း သစ် မ လန်း တွေ ခိုး တိုက် နေန တယ် ကား အ စိး ပေါင်း ၅၀၀ ကျော် တယ်
တ စိး တ လေ ဖမ်း ပြ တာ တော့ ရီ ချင် စ ရာည

ကျဆုံးသွား​သော နိုင်​ငံသား​ကောင်းများအား​လေးစားဂုဏ်​ယူလျက်​ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်