Subscribe to our RSS Feed

UPWC နှင့် NCCT ဆွေးနွေးပွဲ ပူးတွဲသတင်းထုတ်ပြန်ချက်


၁။၂၀၁၄ခုနှစ်၊ဧပြီလ၅ရက်နေ့မှ၈ရက်နေ့အထိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့” (NCCT) မှ ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာဖြင့် အကြေအလည် ဆွေးနွေးခဲ့ကြပါသည်။

၂။ ဆွေးနွေးပွဲသို့ သီးခြားဖိတ်ကြားထားသော အဖွဲ့ (၅) ဖွဲ့ဖြစ်သည့် ABSDF, NDAA, NSCN-K, RCSS-SSA, UWSA တို့မှကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြကာ ၄င်းတို့၏သဘောထားများကို ဆွေးနွေးခဲ့ကြပါသည်။

၃။ အားလုံးသဘောတူညီသည့် တစ်ခုတည်းသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(Single Text)မူကြမ်း တစ်စောင် ရရှိရေးအတွက် ယခင်ဆွေးနွေးပွဲမှ အတည်ပြုခဲ့သော ခေါင်းစဉ်များဖြစ်သည့်နိဒါန်းနှင့်အခန်း(၇)ခန်းကိုအသေးစိတ်အချိန်ယူဆွေးနွေးခဲ့ကြပါသည်။ တစ်ခုတည်းသော သဘောတူညီချက် (Single Text) (ပထမမူကြမ်း)ကို သဘောတူညီခဲ့ကြပါသည်။

၎။ နှစ်ဖက်ကိုယ်စားလှယ်များမှ၂၀၁၄ခုနှစ်၊ မေလပထမအပတ်တွင်ထပ်မံတွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ကြပါသည်။ သဘောတူညီခဲ့ကြပါသည်။

၅။ နှစ်ဖက်ကိုယ်စားလှယ်များအားလုံးသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ရေး နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများအမြန်ဆုံး ပေါ်ပေါက်လာအောင် ဆက်လက် ၀ိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြ ပါသည်။
.. 


www.MyanmarExpress.net

1 comments:

အ ဟင်း ပြော ချင် နေ တယ် နော်

ပေါ လိုက် တဲ့ လက် နက် ကိုင် အ ဖွဲ့ တွေ
လုပ် စား နေ တာ လာုးပြည် သူ တွေ ကို ဗီုလ် ကျ နေ တာ လား တိုင်း ပြည် ပျက် အောင် လုပ် နေ တာ လား ဆို ဗိ ယက် လို ယူ ဂီု လို ကွဲ ချင် တာ လား ဘာ ကောင်း ကိုး တွေ လုပ် မှာ လဲ လော လော ဆည် တော့ တိုင်း ပြည် ကြိး မွဲ နေ တာ ပါ ဘဲ ပည် သူ တွေ လဲ ဆင်း ရဲ နေ ကြ တာ ပါ ဘဲ

နောက် ဆုးံ တော့ တ ရုတ် ကြိး က ချမ်း သာ သွား မှာ ပါ ဘဲ
အိမ် ကြက် ချင်း အိုး မဲ သုပ် ခွတ် ခိုင်း တာ လေ
အ ရင် ခွတ် ကြ ပေါ့
သယံ ဇာ တ တွေ သူ ခိုး ဈေး နဲ ခိုး ရောင်း ကြ တယ် ကိုယ် လုပ် တာ ကိုယ် သိ မှာ ပေါ့
ပြည် သူ တွေ က လဲ သိ ပ

အတ္တသ မား တွေ တိုင်း ပြည် သစ္စာ ဖေါက် တွေ ပြည် သူ ပိုင် ပစ္စည်းး ခိုး တဲ့ ဇ ဇကောင် တွေl သူ ခိုး တွေ က အ စည်း ဝေး ထိုင် ပြိး အ သံ ကောင်း ဟစ် နေ ကြ တယ် ထွီ
ပခက

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်