Subscribe to our RSS Feed

ဘရိတ်ပေါက်ပြီး ပေ၂ဝ ချောက်ထဲထိုးကျ ကားတစ်စီးလုံးမီးလောင်မှုဖြစ်

From : .. Yangon Times


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ် ၍ ကားလမ်းမကြီး၏ယာဘက်ဘေး ရှိ ပေ ၂ဝ ခန့်အနက်ရှိသော ရေ ချောင်းအတွင်း ထိုးကျသွားပြီးနောက် ယာဉ်တစ်စီးလုံး မီးလောင်မှု ဧပြီ ၁၈ ရက်ညနေ ၅နာရီခွဲက ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့မှ တာချီလိတ်မြို့ သို့ တာချီလိတ်မြို့နယ်ဟောင်လိတ် ကျေးရွာအုပ်စု ဝမ်လုံကျေးရွာနေ ယာဉ်မောင်း ဦးစိုင်းရှဲန်(ဟောင် လိတ်ပြည်သူ့စစ်ခေါင်းဆောင်) ၄၉ နှစ်သည် ဖော်ကျူးနားခဲရောင်ယာဉ် အမှတ် ၄ဂ/xxxx အား မိတ္ထီလာ- တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုကားလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၄၈ နှင့် ၄၉ ကြားအရောက်တွင် ဘရိတ် ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ ပေ ၂ဝခန့်အနက်ရှိသော ရေချောင်း အတွင်းသို့ ထိုးကျမီးလောင်ခဲ့ကြောင်း သိရသည်။

ယာဉ်တစ်စီးလုံး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်း ဦးစိုင်းရှဲန်၌ ယာဘက်မျက်ခုံးပေါက် ပြဲ၊ ဝဲလက်ကောက်ဝတ်ပွန်းပဲ့၊ ဝဲ လက်သြူ<ွကယ်ပွန်းပဲ့၊ ယာဘက်လက် ဖျံပြတ်ရှဒဏ်ရာ၊ ယာဉ်ပေါ်ပါလာ သူ မိုင်းဖြတ်မြို့နယ်ဈေးတန်းရပ်နေ ဦးစိုင်းဆမ်ပျဲန်း ၃၉ နှစ်၌ ဝဲလက်ဖျံ ပေါက်ပြဲ၊ ဝဲလက်ကောက်ဝတ်ပြတ်ရှ ဒဏ်ရာ၊ တာချီလိတ်မြို့နယ် တောင် လိတ်ကျေးရွာအုပ်စု ဝမ်လုံကျေးရွာ နေ ဦးစိုင်းကျောက်(ပြည်သူ့စစ်) ၄၈ နှစ်တွင် ရင်ဘတ်နာကျင်၊ ယာပေါင် ရင်းနာကျင်ဒဏ်ရာများ ရရှိကြသ ဖြင့် မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာများအဖြစ် ဆေးဝါးကုသ မှုခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် မောင်းဦးစိုင်းရှဲန်အား ကျိုင်းတုံမြို့ မြို့မရဲစခန်းက ယာဉ်(ပ)၁၉/၂ဝ၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.. www.MyanmarExpress.net
 

1 comments:

1-IT IS NOT A STRANGE STORY IN MYANMAR.
2-NEED TO PROMOTE STANDARD OF AUTOMOBILE
INSPECTION AND THE QUALIFICATION OF THE
AUTO DRIVERS.
3-NEED TO CONTROL ALL GOVERNMENT
DEPARTS NOT TO MISUSE THE GIVEN AUTHORITY.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်