Subscribe to our RSS Feed

Happy BD Daw Aung San Suu Kyi



Happy Birthday ပါ ဒေါ်အောင်ဆန်းစုကြည်။ ခုဆိုရင် အသက် ၆၅ နှစ်တောင်ရှိပြီဆိုတော့ တော်တော်မငယ်တော့ပါဘူး။ ဘုရားနဲ့၊ တရားနဲ့ နေသင့်ချိန်လည်း ရောက်နေပါပြီ။ လူ့ဘဝ သက်တမ်း သုံးပုံတစ်ပုံကို အကျယ်ချုပ်ထဲမှာ ကျခံနေရတာကိုတော့ တကယ် စိတ်မကောင်းဖြစ်မိပါတယ်။ ဥပဒေရဲ့အထက်မှာ ဘာမှမရှိဘူး ဆိုတဲ့အတိုင်း၊ ဒီကိစ္စကိုတော့ ကျွန်တော်တို့လည်း ဘာမှဝင်မပြောနိုင်ဘူး။ ဝင်ပြောနေကြတဲ့လူတွေရှိပါတယ်၊ ကြားအောင်ပြောလိုက်၊ မကြားအောင်ပြောလိုက်။ လက်သီးပုန်းပြလိုက်၊ ”ချက်ချင်းလွှတ် ချက်ချင်းလွှတ်” အောက်လိုက် လုပ်သူတွေလည်းရှိပါတယ်။ ဒါပေမယ့် အချိန်ကုန်၊ လူပန်း၊ အလုပ်ပျက်၊ စရိတ်တက်တာပဲ အဖက်တင်တာပါ။ အမှန်တကယ်လွတ်မြောက်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ မူတည်တာပါ။ ဒီတော့ ကိုယ့်ရဲ့ လွတ်လပ်မှုကို ကိုယ်ကိုယ်တိုင်မှ တန်ဖိုးမထားရင် ဘေးလူတွေက ဘာမှလုပ်လို့မရပါဘူး။ ဒီတော့ အမြန်လွတ်မြောက်အောင် ကိုယ်ကိုယ်တိုင် ကြိုးစားသင့်ပါတယ်။ ထပ်ပြီးတော့လည်း အပြစ်တွေ မလုပ်ပါနဲ့တော့။


လူတိုင်းမှာ အမှားနဲ့ မကင်းပါဘူး။ အမှားတိုင်းမှာလည်း သူ့နည်းသူ့ဟန်နဲ့ ပြန်ကျေနိုင်ပါတယ်။ အမှားတွေအတွက် ပြန်ကျေပြီး စိတ်သစ်လူသစ်နဲ့ လွတ်မြောက်လာမယ့်နေ့ကို ကျွန်တော် ကြိုဆိုနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် လေးစားတဲ့ အချက်တွေ အများကြီးရှိပါတယ်။ ရှုံ့ချတဲ့ အချက်တွေလည်းရှိပါတယ်။ ဒါကတော့ အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေတာဆိုတော့ ဒီလိုပဲဖြစ်ရမှာပါ။

နောက်ထပ် ကျွန်တော် တစ်ခု သတိထားမိတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းတဲ့ ဂုဏ်ပုဒ်တွေကို လျှော့ကျစေတဲ့ အချက်ပါ။ အဲ့ဒါက အခြားမဟုတ်ပါဘူး။ နေ့စဉ်နှင့် အမျှ လူတိုင်းသိပြီးသားတွေကို အသစ်ပြန်လုပ်နေခြင်း၊ အရမ်းအမွမ်းတင်ခြင်းတွေ က ဂုဏ်အရှိန်ပိုတက်မလာပဲ လူမြင်ကပ်စရာဖြစ်စေပါတယ်။ ကမ္ဘာကြီးမှာ ပညာရှိတွေပြောခဲ့သမျှ တန်ဖိုးရှိတဲ့ ဒဿန စကားစုတွေ တစ်ပုံကြီးရှိပါတယ်။ အဲ့ဒီ အတွေးအခေါ်ပညာရှိတွေ သေဆုံးသွားလည်း အဲ့ဒီ စကားစု တွေက ကျန်နေတာပါပဲ။ တကယ်ကောင်းမွန်တဲ့ စကားလုံးတွေကို ဘယ်သူမဆို လက်ကိုင်ထားကြတာပါ။ ဒါပေမယ့် ယနေ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပါးစပ်က ဘာစကားပဲထွက်ထွက်၊ ဘယ်လိုအပြုအမူပဲလုပ်လုပ် ဘေးလူတွေက လိုက်ပြီး ပုံကြီးချဲ့နေတော့ ကောင်းတဲ့စကားတွေပါ တန်ဖိုးကျကုန်တော့တာပါပဲ။

ယနေ့အင်တာနက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာတစ်ခုမှ မလုပ်ပါဘူး။ မြန်မာနိုင်ငံတွင်းမှာ၊ အစိုးရ လက်အောင်ခံတွေနဲ့ တပ်မတော်သားတွေ အပေါ်မှာလည်း ဘာမှမလုပ်ပါဘူး။ တစ်ကြိမ်တစ်ခါမှ ဆက်ဆံရတာလည်း မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့် အဲ့ဒီ ပုံကြီးချဲ့သူတွေကြောင့်ပဲ လူတော်တော်များများက အောင်ဆန်းစုကြည် ဆိုတာ သာမန်စကားလုံး တစ်ခွန်းလိုဖြစ်နေပါပြီ။ ကျွန်တော်တို့ ငယ်ငယ်က အောင်ဆန်းစုကြည် ဆိုရင် နောက်မှာ သူပြောခဲ့တဲ့စကားတွေ၊ သူ့ရဲ့ အောင်မြင်မှုတွေနဲ့၊ သူ့ရဲ့အရည်အချင်းတွေ၊ ရခဲ့တဲ့နိုဘယ်ဆုနဲ့ ရေးခဲ့တဲ့ စာအုပ်တွေ မျက်စိထဲ မြင်စေပါတယ်။ ခုတော့ ဆုတွေကလည်း ဘာမှမလုပ်ပဲရနေ၊ ချီးမွမ်းခန်းတွေကလည်း ဘာမှမလုပ်ပဲ ဖွင့်နေကြတော့ ခုဆို အရင်ဟာတွေပါ မှေးမှိန်နေပါပြီ။

ယနေ့နိုင်ငံရေးလောကမှာ ထူးထူးခြားခြားဖြစ်သမျှကို အလျှင်မှီအောင် ဒေါ်လာစား အတိုက်အခံတွေက ပိုစ့်တင်ကြပါတယ်။ ဘာမှတင်စရာမရှိလို့ အေးနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှိုတက်နေတဲ့ ဖိုင်တွေ တင်ကြပြန်ရော။ အဲဒီတော့ စာဖတ်သူတွေကလည်း မျက်မုန်းကျိုးလာတော့တာပါပဲ။

နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခိုင်းနှိုင်းလို့ရတဲ့ တခြားလူတွေကတော့ ရုရှားက စစ်ဗိုလ်တွေပါပဲ။ သူတို့လည်း ဒေါ်အောင်ဆန်းစုကြည်လိုပဲ နိုင်ငံရေးနဲ့ပက်သက်ပြီး ဘာမှ မလုပ်ကြပါဘူး။ နဲနဲတော့ ကွာတာပေါ့ ဒေါ်အောင်ဆန်းစုကြည်က အထဲမှာ လုပ်ခွင့်မရလို့ မလုပ်ရတာ၊ ရုရှားက စစ်ဗိုလ်တွေက စိတ်မဝင်စားလို့ မလုပ်ကျတာ (ကျွန်တော့်အထင်ပါ၊ ဘာလို့မလုပ်ကြလဲ သူတို့ပဲ သိမှာပါ)။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လျှောက်ပြီးအမွမ်းတင်သူတွေ၊ နာမည်နဲ့လုပ်စားသူတွေ၊ ပေါပေါလျှောလျှော လျှောက်ပေးနေတာတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်း ပြည်ပက တပ်မတော်သားတွေနဲ့ အေးရာအေးကြောင်း နေသူတွေက မျက်မုန်းကျိုးရပါတယ်။ အမှန်တော့ သူတို့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာမှကို ဆက်ဆံမှုမရှိတာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ခမျာ အမြင်မကြည်ခံရပါတယ်။ အဲ့လိုပဲ ရုရှားက စစ်ဗိုလ်တွေမှာလည်း သူတို့ ခုချိန်ထိ ဘယ်သူ့ကိုမှ ဒုက္ခမပေး၊ ဘယ်သူ့ကိုမှ မညှင်းပမ်းရသေးဘူး။ စစ်ဗိုလ်ဖြစ်ပြီး ပညာတော်သင် ရောက်လာသူတွေကို အမြင်မကြည်ဖြစ်ကြပြန်ပါတယ်။ အမှန်တကယ် သေချာ စဉ်းစားကြည့်တော့။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကလည်း မျက်မုန်းကျိုးစရာ လူမဟုတ်သလို၊ ရုရှား ရောက် မြန်မာစစ်ဗိုလ်တွေက အမြင်မကြည်သင့်တဲ့လူတွေ မဟုတ်ပါဘူး။ နှစ်ဖက်လုံးက ကိုယ့်ဘာကို အေးရာအေးကြောင်းနေသူတွေပါ။ နောက်တစ်ခု သူတို့ တူတာ တစ်ခုက အထက်မှာ ကျွန်တော် ပြောခဲ့သလိုပဲ အင်တာနက်ပေါ်မှာ ရေးစရာမရှိရင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒါမှမဟုတ် ရုရှားက စစ်ဗိုလ်တွေ အကြောင်း ရောက်လာခြင်းပါပဲ။

ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်လေးစားပါတယ်။ ယနေ့ သူ့နာမည်နဲ့ လုပ်စားသူတွေနဲ့ သူ့အကြောင်းကောင်းကြောင်းတွေ ဖတ်ရလို့၊ နေ့စဉ်နှင့်အမျှ ဆု တွေ ရနေလို့မဟုတ်ပါဘူး။ သူ့ရဲ့ အရင်တုန်းက ကောင်းချက်တွေနဲ့လေးစားတာပါ။ ဒီနေ့ ဒီလိုဖြစ်နေတာကလည်း သူ့ရဲ့ ဘုန်းကံနဲ့ ပညာအရင်အချင်းတွေကြောင့် နာမည်ကျန်ခဲ့တာပါ။ အဲ့လိုပဲ ရုရှားက စစ်ဗိုလ်တွေကိုလည်း လေးစားပါတယ် သူတို့လည်း ဒီနေ့ ဒီချိန် မှာ ခုလို အဆင့်မြင့်ပညာတွေ သင်နေရတာက သူတို့ရဲ့ ဘုန်းကံနဲ့ ပညာအရည်အချင်းကြောင့်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကမှာ ကျလူ တစ်ယောက်ဖြစ်နေပါပြီ။ ရုရှားက စစ်ဗိုလ်တွေက တက်လူတွေဆိုတော့ နောင်တစ်ချိန်မှာ ပိုပြီးအားကိုးရမှာပါ။ နောက်ဆုံးတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို သူနဲ့ မဆိုင်တဲ့ အခြားဖြစ်ပျက်တွေကြောင့် မမုန်းသင့်သလို၊ ရုရှားကစစ်ဗိုလ်တွေကိုလည်း သူတို့နဲ့ မဆိုင်တဲ့ အခြား ပုဂ္ဂိုလ်ဆွဲတွေကြောင့် မမုန်းသင့်ပါဘူး။ အသိပညာနဲ့ အတွေးအခေါ် မြင့်မားသူတွေကလည်း ဘယ်တော့မှ အဲ့လိုမလုပ်ပါဘူး။ ဒီတော့ ကျွန်တော်လေးစားသူတွေရဲ့ မကောင်းသတင်းတွေကို ရှောင်ကြဖို့ နည်းလမ်း တစ်ခုပဲ လိုတာပါ။ အဲ့ဒါတော့ အဓိပ္ပါယ်မရှိပဲ အစိုးရကို တိုက်ခိုက်ချင်တာနဲ့ ရုရှားက စစ်ဗိုလ်တွေကို ထိပါးမုန်းတီးအောင်လုပ်တာတွေကို ဒေါ်လာစား အတိုက်အခံတို့ ရပ်တမ်းကရပ်ကြပြီး၊ ဒီမိုအတိုက်အခံတွေကို မကျေနပ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုးမြင်တဲ့ စကားတွေနဲ့ အနိုင်ယူတတ်တဲ့ ရုရှားကစစ်ဗိုလ်တွေကလည်း ရပ်တမ်းကရပ်ဖို့ပါပဲ။ နိုင်ငံသားချင်း၊ နိုင်ငံချစ်သူချင်း သေချာတယ်ဆိုရင် အားလုံးလက်တွဲပြီး ချစ်ချစ်ခင်ခင် ပူးပေါင်းသင့်ပါတယ်။ ဒါဆိုရင် အကျယ်ချုပ်ထဲက ဒေါ်အောင်ဆန်းစုကြည်လည်း ကျေနပ်မှာပါ။

12 comments:

ဒီပို့စ်ကိုတော့ လုံးဝ မကြိုက်ဘူး.. ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်ဖြစ်ရတာ သူ့ရဲ့ အပြစ်ကြောင့် ဆိုတာကို လက်မခံသလို၊ ရုရှားက စစ်ဗိုလ်တွေက မကောင်းတာ ဘာတခုမှ မလုပ်ဘူးဆိုတာကိုလဲ လက်မခံ ပါဘူး။ ပြောရမယ်ဆိုရင် ဒီမိုသမားတွေရဲ့ လုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စား မပြုပါဘူး..။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမိုသမားတွေကို အမိန့်ပေးစေခိုင်းနေတဲ့လူ မဟုတ်လို့ပါ။ ရုရှားက စစ်ဗိုလ်တွေကတော့ အကြီးက အငယ်ကို အမိန့်ပေးနိုင်တဲ့ အနေအထား ဖြစ်တဲ့အတွက် တဦးရဲ့ လုပ်ရပ်တိုင်းဟာ အခြား လူတွေနဲ့လဲ ဆက်စပ်မှု ရှိနေလို့ပါပဲ။ ရုရှားက စစ်ဗိုလ်တော်တော်များများကြောင့် သူဟာသူ နေတဲ့ စစ်ဗိုလ်တွေပါ နာမည်ပျက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုရှားကစစ်ဗိုလ်တွေရဲ့ အခြေအနေ တူညီတယ်ဆိုတာကိုတော့ လုံးဝ ကန့်ကွက်ပါကြောင်း...

သိပ်ကောင်းတဲ့ ပိုစ့်ပဲ ကိုဒေါ်လာရေ
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအတိုက်အခံအားလုံးကို ကိုယ်စားမပြုပါဘူးဆိုတဲ့ စောနန်းမွန် ပြောတာလဲ မှန်တယ်ဗျ။ အဲ့လိုပဲ ရုရှားက စစ်ဗိုလ်တွေကလည်း အစိုးရကို ကိုယ်စားပြုတာမဟုတ်ဘူး။ ဆိုတော့... နိုင်ငံရေးသမားတွေနဲ့ အစိုးရ ကြားက ပဠိပက္ခအတွက် ဖြေရှင်းကြတဲ့ ပိုစ့်တွေ၊ ဘလော့တွေမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းနဲ့ ရုရှားက စစ်ဗိုလ်တွေအကြောင်း ထည့်ပြောစရာအကြောင်းမရှိဘူး။ သူတို့တွေက နှစ်ဖက်လုံးရဲ့ အသုံးချခံဘဝတူတွေဆိုတာတော့ ဟုတ်တယ်

‌ဒေါ်စုက ၆၀ ‌ကျော်ပြီဘုရားတရားနဲ့‌နေသင့်
ပြီဆို‌တော့....၈၀‌ကျော်‌သေခါနီးကြီး‌တွေကျ‌တော့ဘာမှမ‌ပြော‌တော့ဘူးလား..‌အေး‌လေသူတို့ကအကုသိုလ်‌တွေအဆမတန်များပြီးသားဆို‌တော့ဘုရားတရားလုပ်လဲ
ဘာမှမထူး‌တော့ပါဘူး..။

ွှုအင်း ဒါဆို ဒေါ်အောင်ဆန်းစုကြည်ထက် ကြီးတဲ့ အဘကတော့ ဘုရားနဲ့ တရားနဲ့ မနေသင့် သေးတဲ့အရွယ်ပေါ့နော်...အော်.လုပ်ရှာပါတယ်..ဘုရားတရား.. ယတြာချေဖို့ ဦးတည်ချက်နဲ့..ဟဟ

I would like her to work together with the government for the unity of the country and prosperity of the country. She has to tell the world that she wants sanctions to be removed. She has to talk with the insurgents for total peace and unity for the country. She has to talk to UN about the rohinja problem at Bengladesh border so that we do not give away our land to them. She has to promote Buddhism in the country. She has to promote importance of women in our country She has to have promote grass root democracy in the villages. I also want her to meet her grand kids and enjoy her family life. I pray that she will spend the rest of her life peacefully and work for the progress of our country.

မေမြန်မာကိုကျေးဇူးတင်ပါတယ်.......ဘယ်သူတွေဘာလုပ်လုပ်တိုင်းပြည်ကောင်းစားဖို့ ဆိုလက်ခံရမှာပဲ.......

This whole site is just anti-democracy... and complete bulls!@# or at the very least one sided view. How in the world do you clasp with 1 hand? Maybe you genius can explain that ASSK is the only one making mistake and non of the general/privates from the army making any. 2nd of all.. you think 65 years old is old enough to be doing meditatioin and toward the good deeds.. then let me ask you how old those people ruling the nation currently? 70s? 80s? shouldn't they be more with rosary in hand and go to meditation center and let the future generation rule for a change. All those comments supporting the site.. let me guess.. all must be from MILITARY of some sort.. either you post supporting comment or prepared to be silenced. Don't be so hypocrite and suck ass, if you want to claim yourself the real hero. For a change, try to speak for what you really desire rather than speaking for someone else.

၈၀ ကျော်သေခါနီးတွေက သူတို့အကုသိုလ်တွေကျေ အောင် ယတြာတွေချေရဦးမှာပေါ့

I agree with U some,but there's two sides,MEG and on the other hand,BBC/VOA/RFA...so on.U should understand the situation and should stay in middle,U got what I means?And there's no hero in politics,heroism may lead the way to destruction,finally,U know who wrote the American Constitution?I know U don't know it.All I want to say is we need political philosopher,not a housewife.If DASSK pass away,what will happen with so many parties,so many armed groups,so many diversities,I'm sure your next generations will be fuck,within the civil war of Democratic Myanmar Republic.

နေပါဦးဗျ ရုရှားတွေစစ်ဗိုလ်တွေကို သိပ်မပုတ်ခတ်စေချင်ဘူးဗျာ ကျွန်တော်သူငယ်ချင်းဆိုလည်းးးအဲမှာဘဲ သူဟာသူလေးး အေးဆေးဘဲ ပညာသင်နေတာပါဗျာ သူတို.လေးတွေသနားပါတယ် တကယ်လည်းကြိုးစားရပါတယ်ဗျာ နိုင်ငံကောင်းကျိုးသယ်ပိုးမယ် အရာရှိတွေပါဘဲ အဲလိုမပြောစေချင်ဘူး လို.ထင်တယ်ဗျာ ကျွန်တော်ကတော..ဘယ်ဘက်မှမလိုက်ဘူးး မှန်တာပြောရ၇င် ရပ်ကွက်ကကော မြိဲု.နယ်ကကော လက်ခံနေတာတော.. အခုချိန်ထိ စစ်တပ်ဘဲဗျာ ကျွန်တော်လည်းလက်ခံတယ်ဗျာ အကြီးအကဲ (တယောာက်)လေးးးအပြစ်ဖြစ်တာနဲ... သူများကိုရောယောင်ပြီး မလုပ်နဲ..... NLD ကိုထောက်ခံတဲ.. နည်းပါတယ် မရှိဘူးမပြောပါဘူးး ထောက်ခံတဲ.သူတွေကလည်းသွားကြည်.ပါ ဘယ်လိုလူဆိုတာ ဒီလောက်ပါဘဲ

The voice is discouraging people not to be interested in the country's affairs. Some of the usages used by this author are not very matured. He or she should play in a role that educates and intervene the public about the positive changes of the country instead of blaming or exhibiting his or her true colour. He or she should think what real and ethical journalists and writers do to help resolve the conflicts in the country.

ဘာမှ စကားတွေများမနေကြပါနဲ့ ၊ နိုင်ငံတော် နဲ့ ပြည်သူ ကောင်းဖို့လုပ်တာကို အားလုံးကကြိုဆိုလက်ခံဖို့ လိုပါတယ်။ ဘာမှမလုပ်ဘဲ လေသေနတ်ပစ် နေရင်၊ ဘေးတီးနေရင်တော့ ဘာကောင်းဖို့ လုပ်နေတာလဲ........

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်