Subscribe to our RSS Feed

လာအိုလေယာဉ်ပျက်ကျမှု ကာကွယ်ရေး ဝန်ကြီးအပါအဝင် ၂၂ ဦး သေဆုံး



လာအိုနိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး အပါအ၀င် ထိပ်တန်းစစ်ဘက် အရာရှိကြီးများ လိုက်ပါလာသော စစ်လေယာဉ်တစ်စီး နိုင်ငံမြောက်ပိုင်းတွင် ယနေ့ မနက်ပိုင်းက ပျက်ကျသွားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဒေါင်ချေ ပိချစ် နှင့် ဇနီး အပါအ၀င် လူနှစ်ဆယ် လိုက်ပါလာသော အဆိုပါ လေတပ်ပိုင် လေယာဉ်သည် လာအိုမြို့မှ မိုင်သုံးရာကျော်အကွာ ဇင်းခေါင်းပြည်နယ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ပြီး လူအသေအပျောက်စာရင်းကို အတည်မပြုနိုင်သေးကြောင်း လာအိုစစ်ဘက်က ပြောကြားသည်။

အိမ်နီးခြင်း ထိုင်းနိုင်ငံမှ ကာကွယ်ရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန်ကမူ အဆိုပါ မတော်တဆ ထိခိုက်မှုတွင် လူငါးဦး သေဆုံးကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသူ စစ်ဖက် အရာရှိကြီးများသည် ဇင်းဒေါင်းတွင် ပြုလုပ်မည့် အခမ်းအနားတစ်ခုသို့ တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်သည်။

သေဆုံးသွားသူတွေထဲမှာ လာအို ပြည့်သူ့ တော်လှန်ရေးပါတီ ထိပ်တန်း ခေါင်းဆောင်တွေလည်း ပါဝင်ပြီး ဒီမနက် လေယာဉ် ပျက်ကျမှုမှာ ၃ ဦးသာ အသက်ရှင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ပါတယ်။

လာအိုနိုင်ငံ ဒု ဝန်ကြီးချုပ်လည်း ဖြစ်၊ ကာကွယ်ရေး ဝန်ကြီးလည်းဖြစ် လာအို ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် လည်ြး ဖစ်သူ Douangchay Phichit ဟာ ပြည်သူ့ လုံခြုံရေး ဝန်ကြီး၊ ဗီယန်ကျန်း မြို့တော်ဝန် စတဲ့ သူတွေ နဲ့ အတူ နိုင်ငံရဲ့ အရှေ့မြောက် ပိုင်း ခရိုင်တခုနားမှာ ဒီမနက် ၆ နာရီ ကျော်လောက်က ပျက်ကျ သွား လို့ သေဆုံးသွားကြတဲ့ အကြောင်း ဘန်ကောက် ပို့စ် မှာ ဖော်ပြထားပါတယ်။

တာဝန် ရှိသူတွေကတော့ လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်သူတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပြီး ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စမ်းစစ်ဆေးဆဲ လို့ ပြောပါတယ်။ 

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်