Subscribe to our RSS Feed

မ.ထ.သ ၁၂၄ ယာဉ်လိုင်းတွင် i-pay ကဒ် တပ်ဆင်မှု ထပ်မံပြုလုပ် သွားမည်

From : MRTV4


ယာဉ်လိုင်း တချို့မှာ တပ်ဆင် အသုံးပြု လျက်ရှိတဲ့ i-pay ကဒ် တပ်ဆင်မှုကို လာမယ့် ဇွန်လ အတွင်းမှာ မ.ထ.သ ယာဉ်လိုင်း တစ်ခုဖြစ်တဲ့ ၁၂၄ မြောက်ပိုင်း
ခရိုင် ယာဉ်လိုင်းမှာ တပ်ဆင် တော့မယ်လို့ သိရပါတယ်။ ငွေစက္ကူမလို အကြွေအမ်းစရာ မလိုတဲ့ i-pay ကဒ်စနစ်ကို ဧပြီလ ၂ ရက်နေ့မှ စတင်ကာ အဓိပတိ ယာဉ်လိုင်း အပြာမှာ စတင် တပ်ဆင်ခဲ့ပြီး ယခုအခါ အဓိပတိ အနီ မှာပါ တပ်ဆင်ပြီး ပြီလို့ အဆိုပါ i-pay ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အဆိုပါ i-pay ကဒ်စနစ်ကို အဓိပတိ အပြာယာဉ် ၅၈ စီးနဲ့ အဓိပတိ အနီ ၄၈ စီးမှာ အသုံးပြု နေတာ ဖြစ်ပြီး အဆိုပါ i-pay ကဒ်များကို ယာဉ်လိုင်းတွေ ပေါ်မှာပဲ ရောင်းချပေး နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် i-pay ကဒ်စနစ်ကို ဘတ်စ်ကား များတွင် သာမက ပန်းဆိုးတန်း-ဒလ ဖယ်ရီကတို့မှာ ဆက်လက် တပ်ဆင် နိုင်ဖို့ စီစဉ် ဆောင်ရွက် နေတယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ i-pay ကဒ်များကို i-pay station များဖြစ်တဲ့ ရွှေဂုံတိုင်၊ သမိုင်း ဘုရားလမ်း၊ စော်ဘွားကြီးကုန်း၊ ပါရမီကားဝင်း၊ ၃၆ လမ်းထိပ်နဲ့ လူစည်ကားတဲ့ မှတ်တိုင်တွေမှာ ရောင်းချ ပေးသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကွန်ပျူတာ တက္ကသိုလ်ရှေ့ ဗိုလ်တထောင် အမျိုးသား စီမံ ကောလိပ်ရှေ့နဲ့ သိမ်ဖြူ မီးပွိုင့် အနီးမှာပါ i-pay station တွေကို ထပ်မံ တိုးချဲ့ ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ i-pay ကဒ်ကိုတော့ တစ်ကဒ် ၃၀၀ ကျပ်နဲ့ ရောင်းချ နေတာဖြစ်ပြီး အနည်းဆုံး ကျပ် ၇၀၀ မှ ကျပ် ငါးထောင် အထိ ထည့်သွင်း အသုံးပြု နိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ i-pay ကဒ် စတင် အသုံးပြု နိုင်ချိန်မှ အခုအချိန် အထိ ကဒ် ခုနစ်ထောင်ကျော် ရောင်းချပြီး သွားပြီ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်