Subscribe to our RSS Feed

ပြည်သူလွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့  ချစ်ကြည်ရေး ခရီးမှ ပြန်လည် ရောက်ရှိ


ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နော်ဝေး၊ အင်္ဂလန် နှင့် ဒိန်းမတ် နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ ပြီး ယမနေ့ညနေ ၆ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဌ ဦးမြညိမ်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ပြည်သူ့ လွှတ်တော် နှင့် အမျိုးသား လွှတ်တော် ကော်မတီ၊ ကော်မရှင် များမှ ဥက္ကဌ၊ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး၊ လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန် ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ပြည်သူ့ လွှတ်တော်စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုး တက်မှုကော်မတီ ဥက္ကဌ ဦးစိုးသာ၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဌ ဦးလှမြင့်ဦး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေးကော်မတီဥက္ကဌ ဦးမောင်မောင်သိမ်း၊ ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက် ရေးကော်မတီ ဥက္ကဌ ဦးဌေးမြင့်၊ တိုင်းရင်းသား ရေးရာ နှင့် ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှု ကော်မတီအတွင်းရေးမှူး ဒေါ်ဒွဲဘူ၊ ဥပဒေ ကြမ်း ကော်မတီ ဝင် ဒေါ်နန်းဝါနု နှင့် တာဝန်ရှိ သူများလည်း ပြန်လည်လိုက်ပါလာကြသည်

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်