Subscribe to our RSS Feed

မြို့ပတ်ရထား စီမံကိန်းများ အဆင့် မြှင့်တင်ရန် ယခုလပိုင်း အတွင်း ဂျပန်နိုင်ငံမှ ပညာရှင်များ လာရောက် မည်

From : MRTV4


ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရန်ကုန်မြို့ မြို့ပတ် ရထား စီမံကိန်း အဆင့်မြှင့် တင်မှုများ ကူညီများ ပေးသွား
နိုင်ရန် အတွက် ဂျပန်နိုင်ငံမှ ပညာရှင် အဖွဲ့ဟာ လာရောက် လေ့လာမှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အဖွဲ့ဟာ ဂျပန်နိုင်ငံ အစိုးရမှ စေလွှတ်တဲ့ ပညာရှင် အဖွဲ့  ဖြစ်ပြီး ရန်ကုန်မြို့ပတ် ရထား စီမံကိန်း အဆင့်မြှင့်တင် မှုများ ပြုလုပ်နိုင်ဖို့ အတွက် ကူညီ ဆောင်ရွက် ပေးနိုင်ရန် လေ့လာမှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရန်ကုန်မြို့ပတ် ရထား စီမံကိန်းဟာ ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ပုဂ္ဂလိက လုပ်ငန်းရှင်များ ထံသို့ လွှဲပြောင်း ပေးဖို့ စီစဉ်ထား ပါတယ်။ ဒါပေမယ့် အဆိုပါ စီစဉ်မှုကိုတော့ ပြည်တွင်း လုပ်ငန်းရှင်များထက်  ပြည်ပနိုင်ငံ အချို့မှ စိတ်ဝင်စားမှု ရှိပြီး လာရောက် လုပ်ကိုင်နိုင်ဖို့ လေ့လာမှု များလည်း ပြုလုပ်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ အတွင်း နိုင်ငံတော် သမ္မတကြီးမှ ဂျပန်နိုင်ငံသို့ သွားရောက် ခဲ့တဲ့ ခရီးစဉ် မှာလည်း ဂျပန် နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေကို မြို့ပတ် ရထား စီမံကိန်း အပါအ၀င် စီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့ ဖိတ်ခေါ်မှုများ ရှိခဲ့ပါတယ်။

ဒါပေမယ့် မြို့ပတ်ရထား စီမံကိန်းဟာ ပြည်ပ နိုင်ငံများမှ စိတ်ဝင်စားမှုများ ရှိပေမယ့် ယခုလက်ရှိ မှာတော့ လေ့လာမှု တွေသာ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ဂျပန် နိုင်ငံမှ ပညာရှင် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ လေ့လာမှု အနေနဲ့ မြို့ပတ် ရထား စီမံကိန်း အပြင် သီလ၀ါ ဆိပ်ကမ်းနဲ့ လောပိတ ရေအား လျှပ်စစ် စီမံကိန်း ကိုလည်း လေ့လာ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လောပိတ ရေအား လျှပ်စစ် စီမံကိန်းမှာ နည်းပညာ ပိုင်းဆိုင်ရာ တွေကို ဂျပန်နိုင်ငံမှ ယခင်က ကူညီပေးခဲ့ပြီး နောက်ပိုင်း မှာတော့ ရပ်နား ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဂျပန်နိုင်ငံမှ နှစ်ပေါင်း ၂၀ ကျော် ရပ်နား ထားတဲ့ နည်းပညာပိုင်း ဆိုင်ရာ ကူညီမှု တွေလည်း ပြန်လည် ပေးအပ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်