Subscribe to our RSS Feed

ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်ခြင်းဖြင့် သာသနာတော်တည်တံ့နိုင်ပါစေ

From :ကိုစိုးကြည်


မှော်ဘီမြို့နယ်၊ သင်တောရိုးကျေးရွာ၊ သီတင်းသုံးနေတဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟအနေနဲ့ နိုင်ငံရေး လူမှုကိစ္စတွေမှာပါဝင်ပတ်သက်နေလို့ တစ်နည်းပြောရယင်တော့ ဘုန်းကြီးအလုပ် မဟုတ်တာတွေလုပ်နေလို့ဆိုပြီး ကြည့်မြင်တိုင်ကျောင်းတိုက်မှာ နေထိုင်ခွင့်မပြုခဲ့ပါဘူး။ အခုမှော်ဘီကကျေးရွာတစ်ရွာမှာ သီတင်းသုံးနေထိုင်နေရပါတယ်။ မှော်ဘီမှာလဲ ဒီလိုမျိုးအလုပ်တွေ အဆက်မပြတ်လုပ်နေတာဖြစ်လို့ အခုဆိုရင် မြို့နယ်သံဃာ့နာယကဆရာတော် ဦးဇနိန္ဒက ရွှေည၀ါဆရာတော်အနေဖြင့် အလုပ်သမားတွေထံ ထမင်း၊ဟင်းများ လှူဒါန်းသည်ကို မိမိအနေဖြင့်လက်ခံပါ သော်လည်း ရေည၀ါဆရာတော်ကိုယ်တိုင် အလုပ်သမားထု ရှေ့မှာထွက်မရပ်ဖို့နဲ့ ၀ိနည်းတော်နဲ့အညီနေထိုင်ဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။

ရွှေည၀ါဆရာတော်နဲ့ ပတ်သက်လို့ အင်တာနက်သတင်းတွေအရ လျှောက်ထားလွှာတွေအများကြီးဖတ်ရပါတယ်။ လျှောက်ထားလွှာ တော်တော်များများမှာတော့ ဆရာတော်ကို ၀ိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်ဖို့ တိုက်တွန်းလျှောက် ထားတွေများပါတယ်။ အရင်တုန်းကတော့ စစ်အစိုးရမို့ ဆန့်ကျင်တရားတွေဟောပြောနေတာ မှန်သလိုလိုရှိပေမဲ့ အခု အစိုးရသစ်လက်ထက်မှာ အစိုရဆန့်ကျင်ရေးဟောပြောတာမျိုးတွေမလုပ်သင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာသိ ဒီမိုကရေစီအစိုးရဖြစ်နေလို့ပါပဲ။ ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရဖြစ်နေတာမို့လို့ ဆန့်ကျင်ဘက်ဟော ပြောမှုတွေ ပိုပြီးမလုပ်သင့်တော့ဘူးလို့ ထင်ပါတယ်။
ဒါပေမယ့် ခက်နေတာက… ပြည်ပကနေ ပေးပို့ထားတဲ့သတင်းတွေအရ ရွှေည၀ါဆရာတော်ဥိးပညာသီဟကို ပြည်ပ အခြေစိုက် မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (ပြည်သစ်ညွန့်ဝေအဖွဲ့)က ငွေကျပ်သိန်းတစ်ရာ ပေးပို့လှူဒါန်းပြီး အခုလိုမျိုး လူမှုရေးတွေလုပ်ခိုင်းတာလို့ သိရပါတယ်။ ပြည်သစ်ညွန့်ဝေဆိုတာဟိုးအစိုးရအဆက်ဆက်ကထဲက ပြည်ပမှာ နေပြီးဆန့်ကျင်ရေးတွေလုပ်နေတာပါ။ နိုင်ငံခြားမှာ အဆက်အသွယ်ကောင်းတွေရပြီး ကြီးပွား ချမ်းသာနေတဲ့သူ တစ်ယောက်ပါ။ ဒီမိုကရေစီအရေးအကြောင်းပြပြီး ကမ္ဘာအရပ်ရပ်ကလှူဒါန်းငွေတွေထဲကမှ ဗမာပြည်ကဒီလိုမျိုး ဦးဆောင်နိုင်သူတွေကိုဆယ်ပုံပုံ၊ တစ်ပုံလောက်ပေးတဲ့ငွေကြေးဖြစ်ပါတယ်။ သိန်းပေါင်းသောင်းနဲ့ချီ ယူထားပြီးမှ သိန်းတစ်ရာလောက်ပေးခဲ့တာပါ။
ဒါကိုရွှေည၀ါဆရာတော်အနေနဲ့ အဟုတ်ကြီးထင်ပြီး ဗုဒ္ဓရဲ့သာသနာသုံးရပ်ပြန့်ပွားအောင်မလုပ်ဘဲ လူမှုရေးတွေလျှောက်လုပ်နေတာမျိုးကတော့ ဘုန်းကြီးနဲ့ဘီးလိုပါပဲ။တစ်ခြားစီမှ တကယ့်ကို တစ်ခြားစီပါပဲ။ ထင်ပေါ်ကျော် ကြားလိုမှုတစ်ခုထဲနဲ့တော့ သာသနာကို မထိခိုက်စေချင်ပါဘူး။ ထင်ပေါ်ကျော်ဇောလိုမှုကိုမျှော်မှန်းပြီး ဆန္ဒပြအလုပ်သမား တွေ ရှိတဲ့ နေရာ သွားလိုက်၊ လာဘ်လာဘ ရလိုမှုကို မျှော်ကိုးပြီး ၈၈ ကျောင်းသားတွေနဲ့ တွေ့လိုက်ဆိုတာမျိုး ကတော့ ဘုန်းကြီး အချင်းချင်း အားမနားတမ်း ပြောရယင် ဒါတွေကို လူတွေလုပ်ပါလိမ့်မယ်။
အပွင့်လင်းဆုံးပြောရယင်တော့ ရွှေည၀ါဆရာတော်ကို ပြည်သစ် ညွန့်ဝေက ခိုင်းစားနေတယ်လို့ပြောချင်တယ်။ ဆရာတော်ရဲ့ ဥပဓိရုပ်၊ အဟောအပြောကောင်းတာကိုကြည့်ပြီး တကယ့်ကို နှမျောလွန်းလို့ပြောတာပါ။ ရွှေည၀ါဆရာတော်ကို အစိုးရဆန့်ကျင်ရေး၊ ထိပ်တိုက်ရင်ဆိုင်ရေး၊ ရှင်းရှင်းပြောရယင်တော့ အစိုးရမကောင်းကြောင်းတွေ မဟောစေချင်ပါဘူး။ ခေတ်ကုန်သွားပြီ မို့လို့ပါ။ မကောင်းတဲ့သူ မကောင်းသလို ပြည်သူတွေရဲ့ဒဏ်ခတ်မှုခံရမှာပါ။ လောကမှာလူကောင်းချည်းပဲမရှိနိုင်သလို လူဆိုးချည်းပဲလဲ မရှိပါဘူး။ ဗုဒ္ဓဘာသာနည်းကျကျပြောရယင် ကိုယ်လုပ်တာ ကိုယ်ခံကြရမှာပါ။ ကောင်းတာလုပ်ရင်ကောင်းကျိုးဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမှာပါ။ဒါကြောင့်မို့ ဘုန်းကြီးအချင်းချင်းအကြံပြု လျှောက်ထားချင်တာကတော့ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်တာအကောင်း ပဲဖြစ်ပါတယ်။ဒါမှမဟုတ်ရင် ရွှေည၀ါဆရာတော်အနေနဲ့ လူထွက်ပြီး နိုင်ငံရေးလုပ်တာဟာ အပြစ်လည်းကင်း၊ သူတကာ ကဲ့ရဲ့ပြောဆိုမှုလည်းကင်းမှာပါ။
ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်မယ်ဆိုရင်တော့ “လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့၊ များစွာကျိုးရ၊ ချမ်းသာလှသည့်၊ ဗုဒ္ဓ မြတ်စွာ၊ သာသနာသည်၊ ရှည်ကြာတည်တံ့၊ ရှည်ခိုင်ခံ့၍၊ ပျံ့နှံ့တိုးပွား၊ ကျင့်သူများလျက်၊ ရငြားချမ်းသာ၊ ချမ်းမြေ့ သာအောင်၊ ညီညာတို့များ၊ တာဝန်ထား၊ ကြိုးစားကြပါစို့“ လို့တိုက်တွန်းချင်ပါတယ်။ လူသာဓုခေါ်၊ သံဃာထုသာဓုခေါ်မို့ ရွှေည၀ါဆရာတော်အတွက် ကောင်းတဲ့လမ်းကို ညွှန်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ရွှေည၀ါဆရာတော်အနေနဲ့ ဘာသာ၊ သာသနာအကျိုး ကျင့်ကြံအားထုတ်မှုမရှိဘဲ နိုင်ငံရေးပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ အပါယ်(၄)ဘုံကိုရောက်ပြီး ငရဲအိုးထဲ စောက်ထိုးကျနေမှာကို မြင်ယောင်မိပါသေးတယ်။


Myanmar Express

3 comments:

ဘုန်းကြီးလဲ လိုချင်တတ်မက်တဲ့ စိတ် တခုနဲ့ ဘာကိုမှ့ မမြင်တော့ပါလားး.. သြ..လောဘ လောဘ...

This monk is BCP monk. He really didn't know that buddhisim?May be he will know BCP tactic and comunitisim.Or waiting for donation off Foreigner and group.

We should give Hagy way hnin Pwint thone to this monk.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်