Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား Japan-Myanmar Association, President and Chairman of the Board of Dire

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား Japan-Myanmar Association, President and Chairman of the Board of Directors H.E Mr. Hideo WATANABE ခေါင်းဆောင်သောအဖွဲ့ဝင် (၇) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား Japan-Myanmar Association, President and Chairman of the Board of Directors H.E Mr. Hideo WATANABE လာရောက်တွေ့ဆုံစဉ်

တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ အလုပ်အမှုဆောင် ဦးလှသိန်းဆွေနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ Japan-Myanmar Association, President and Chairman of the Board of Directors H.E Mr. Hideo WATANABE နှင့်အတူ Secretary General Mr. Yusuke WATANABE, Board of Directors များဖြစ်ကြသော Mr. Yoshihiro ISHIHARA, Mr.Hitoshi TOKUDA, Director Mr. Hirotsugu KOHARA နှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူ များ တက်ရောက်သည်။

ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦး Japan-Myanmar Association, President and Chairman of the Board of Directors H.E Mr. Hideo WATANABE နှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်စဉ်

တွေ့ဆုံရာတွင် မြန်မာ-ဂျပန် ရှိပြီးချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲရေး၊ မြန်မာနိုင်ငံ၌ စီးပွားရေး ဖွံ့ဖြိုး ရေးတိုး တက်ရန်နှင် လူ့စွမ်းအားအရင်းအမြစ်ရှင်သန်တိုးတက်လာစေရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ဂျပန်နိုင်ငံသို့ ချစ်ကြည်လေ့လာရေးခရီးစဉ်များလာရောက်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ခင်မင်ရင်း နှီးပွင့်လင်း စွာ ဆွေးနွေးကြသည်။

ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးသည် Japan-Myanmar Association, President and Chairman of the Board of Directors H.E Mr. Hideo WATANABE အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးစဉ်

တွေ့ဆုံပွဲအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးသည် Japan-Myanmar Association, President and Chairman of the Board of Directors H.E Mr. Hideo WATANABE နှင့်အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး၊ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြောင်း သတင်း ရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်