Subscribe to our RSS Feed

၂၄ နာရီ မီးရဖို့ တရုတ်နိုင်ငံ ကသာ ကူညီမည်

မြန်မာနိုင်ငံတွင်းမှာ ၂၄ နာရီ မီးရရှိရေးအတွက် တောင်းဆိုနေတာ ၆ ရက်ရှိပြီဖြစ်ပေမယ့် ဘယ်နိုင်ငံက မှ အကူအညီမပေးခဲ့ကြပါဘူး။ အထူးသဖြင့် နိုင်ငံတကာနဲ့ ပိုင်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ၂၄ နာရီ မီးရဖို့ ဘာမှ လုပ်မပေးနိုင်သလို ဒေါ်အောင်ဆန်းစုကြည် နဲ့ ပိုင်တဲ့ နိုင်ငံတကာ ကလည်း ဘာအကူအညီမှ မပေးပဲ ရပ်ကြည့်နေကြပါတယ်။

၈၈ မျိုးဆက် ဆိုတဲ့လူတွေကလည်း ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဘာမှ ဖြည့်စည်းပေးနိုင်ခြင်း မရှိပဲ ပန်းတွေ လည်ပင်းမှာ စွဲပြီး ဖယောင်းတိုင် ထွန်းနေတာနဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။ ဒါပေမယ့် ၇ ရက်မြောက်နေ့မှာတော့ တရုတ်နိုင်ငံက အကူအညီပေးမယ်လို့ ထုတ်ပြောလာပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ သူ ဟောင်လီက နိုင်ငံခြားရေး ၀န် ကြီးဌာန မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ မြန်မာနိုင်ငံက မီး လင်း ရေး ဆန္ဒပြပွဲတွေအပေါ်အမြင်နဲ့ မီးပေး နိုင်ရေး အ တွက် အကူ အညီ ပေးဖို့ ဆန္ဒ ရှိကြောင်းကို အခုလို ပြောဆိုခဲ့ တာ ဖြစ်ပါ တယ်။

မစ္စတာဟောင်လီက “ကျနော်တို့ နားလည်တာကတော့ ဒီဆန္ဒပြပွဲတွေမှာ လူတော်တော်များများက အခုမြန်မာနိုင်ငံ တချို့နေရာတွေမှာ မီးမရဘူး ဆိုတဲ့ အပေါ်မှာ ဘယ်မှာ ပြဿနာ ဖြစ်တယ် ဆိုတာကို သေ ချာ သိကြပါ တယ်။ မီးမရတဲ့အပေါ်မှာ ကျနော်တို့ နားလည်တာ ကတော့ မြန်မာ နိုင် ငံမှာ သုံးနေတဲ့ လက်ရှိ လျှပ်စစ် ဓာတ်အားပေး လိုင်းစ နစ်တွေ က တော် တော် ဟောင်း နွမ်းနေပြီ ဖြစ်တာ ကြောင့်ပါ။ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အနေနဲ့ မြန်မာ ပြည်သူ လူထုရဲ့ နေထိုင်မှု ဘဝကို ပိုကောင်း လာအောင် ဒီလျှပ်စစ် ဓာတ်အားပေး လိုင်းတွေကို အဆင့် မြှင့်ဖို့ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက် လိုတဲ့ ဆန္ဒ ရှိပါတယ်” လို့ ပြောပါ တယ်။

လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ မိုင်းထိပျက်စီးသွားတဲ့ ၂၃၀ ကေဗီ ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင် ပြုပြင်ရေး လုပ်ငန်းကိုလည်း လူ အင် အားများစွာနဲ့ အရှိန်မြှင့် လုပ်နေသလို အမေရိကန်နိုင်ငံ နဲ့ စင် ကာပူနိုင်ငံက မီးစက် ၆ လုံးစီ တပတ်အတွင်း ရောက်ဖို့ ရှိတယ်လို့ ပြည်သူကို အသိပေးပါတယ်။

ဒါ့ပြင် အမေရိကန်နိုင်ငံ ဂျင်နရယ် အီလက်ထရွန်နစ် ကုမ္ပဏီကနေ ဂက်စ်တာဘိုင် ၂ လုံး အမြန်ဆုံး ရောက်ရှိလာဖို့လည်း ကြိုးစားနေ တယ် လို့ ကြေညာချက် ထုတ်ပြန်ပြီး အသိပေး တာတွေ ပြုလုပ်ခဲ့ ပါ တယ်။

Myanmar Express

7 comments:

ဘုရားစာလေးရွှတ်ပြီး ပုတီးလေးစိတ် ရင်တောင် အကျိုးရှိအုံးမယ်ကွာ
အကျိုးရှိလား မရှိလား မခွားခြားတတ်တဲ့ NLD ငရှုး တွေ

အဲ.ဒီကောင်တွေကို ကြည်.ရတာကို ကျက်သရေ မရှိဘူး. ဘာမှလဲ မလုပ်ပေးနိုင်။ အသက်တွေကလဲ ၅၀ ကျော်ပြီ. ကလေးအတွေးလောက်တောင် ဦးနှောက်မရှိသေဘူး

အလကား ငတုံးတွေပါ သိသိကြီး နဲံ့ မိုက်နေကြတာ နိုင်ငံရေး ပါတီကကောင် တွေ မြှောက်ပေး တိုင်း လိုက် လုပ်နေတာ ။ဒိုပြည်သူတွေက အသုံးချခံ တွေဖြစ်နေဦးမှာပဲ

စိတ် မရှိပါနဲ့။ ၈၈ အဖိုးကြီးတွေ ပန်းသေ နေလို့ ပန်းခွေူလည်ပင်း စွပ်ထားရတာပါ။

အ ကွက် ရွေ့ မှား သော ကျား အ စား ခံ ၇ မှာ ပဲ

စောက်ရူးတွေ လည်ပင်းမှာနောက်တစ်ခါ လွမ်းသူပန်းခွေ ကို သာဆွဲတော့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်