Subscribe to our RSS Feed

မြန်မာ့ရေတပ် ပြည်တွင်းထုတ် လေယာဉ်တင် စစ်သဘောင်္ တစ်စီး စတင်တပ်ဆင်


From : The Voice

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာရေတပ်၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ် သဘောင်္တစ်စီးကို စတင်တိုးချဲ့ တပ်ဆင်ထားကြောင်း အမှတ် (၁) ဗျူဟာစစ်ရေယာဉ်အုပ်စု F 21 စစ်သဘောင်္ ပထမအရာရှိ တစ်ဦးက ပြောကြားသည်။

ယခင်လအတွင်း မြန်မာရေတပ်က တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အသုံးပြုပြီးသား F21 စစ်သင်္ဘောတစ်စီး ထပ်မံ ဝယ်ယူခဲ့ပြီး လက်ရှိတွင် ၎င်းတို့ အမှတ် (၁) ဗျူဟာစစ်ရေယာဉ် အုပ်စု၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ်သင်္ဘော အပါအဝင် တရုတ် နိုင်ငံလုပ် F21 နှင့် F23 စစ်သင်္ဘောများဖြင့် စုစုပေါင်း သုံးစီး တိုးချဲ့ တပ်ဆင်ထားကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ F21 စစ်သင်္ဘော သွားရောက် ယူဆောင်ရာတွင် ပါဝင်ခဲ့သူ အဆိုပါ အရာရှိက ဆိုသည်။

သင်္ဘောများ တည်ဆောက်ရာတွင် နှစ်ပေါင်းများစွာ အချိန်ယူရကြောင်း၊ လွှတ်တော်မှ ဘတ်ဂျက် ချထားပေးမှု နည်းပါးသဖြင့် မူလက နှစ်၂၀ ခန့် အချိန်ယူ တည်ဆောက်ရန် စီစဉ်ထားသော စီမံကိန်းများသည် နှစ်ပေါင်း ၃၀၊ ၄၀ခန့် အထိ ကြာမြင့် သွားနိုင်ကြောင်း ရေတပ် အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။

Myanmar Express

11 comments:

Aircraft carrier tot sheet par pi,bar aircraft tway thone mhar lae.A-5,G-4,F-7

ဝမ်းသာစရာပါပဲ

မြန်မာ့တပ်မတော်အတွက် ဂုဏ်ယူလျက်ပါ

မြန့်မာ့တပ်မတော်အတွက်သတင်းကောင်းပါ။တပ်မတော်အင်အားရှိမှသာတိုင်းပြည်အင်အားရှိမှာဖြစ်။တပ်မတော်သာအမိတပ်မတော်အဖပါ။နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးနှင့်ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားလေးစားကြည်ညိုလျက်

လေယာဉ်တင်သင်္ဘောဆိုတာ သူတစ်ပါးနိုင်ငံကို ကျူးကျော်
ဖို့အတွက်သုံးတာဆိုတော့ မြန်မာ့ရေတပ်က တည်ဆောက်
မယ်မထင်ဘူး၊ သတင်းက တစ်ခုခုလွဲနေသလားမသိဘူး။
နားလည်မှုလွဲတာထင်တယ်။

ဘာဘဲဖြစ်ဖြစ်အခုအချိန်မှာမြန်မာတပ်မတော်အနေနဲ့ခေတ်မှီလက်နက်တွေ
တပ်ဆင်ထားသင့်တယ်..

Congrats to president and administration.

At the end of World War II, the United States Navy had one hundred fleet, light and escort aircraft carriers. Myanmar can't even afford one yet. Too bad.

ဒါတို့မြန်မာကွ

F ဆိုတာ Frigate ကို ကိုယ်စားပြုပါတယ်.... ဒါကြောင့် F 21 ဆိုတာ Frigate Fleet No. ကိုဆိုလို ပါတယ် ... DD သည် Destroyer ကိုဆိုလိုခြင်းဖြစ်သည် ။ Frigate ကို လေယာဉ်တင် စစ်သဘောအဖြစ်ပြောင်းလဲတပ်ဆင် လို့မရနိုင်ပါ ။ LOA တို ပြီး Breadth ကျဉ်းသောကြောင့်ဖြစ်သည်။ များသောအားဖြင့် 105 mm အမြောက်ပါတတ်သည်။
လေယာဉ်တင်စစ်သဘောကို အသစ်တည်ဆောက်သော်လည်းကောင်း ၀ယ်ယူလျှင်သော်လည်းကောင်းလုပ်ရသည် ။ အခြားစစ်သဘော ကို upgrade လုပ်သော် မရနိုင်ပါ .. frigate သည် hellipad ပါရှိသော chopper တင်သဘောတော့ဖြစ်နိုင်သည် ။

ရေကြောင်း ဗိသုကာ တစ်ဦး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်