Subscribe to our RSS Feed

နေ၀င်ချိန်ရောက်မှ သတိရနေမှာ စိုးတယ်........

From : မင်းသန့်



သူ..........
ပျော့ ပြောင်းတယ်ပဲ ဆိုဆို နူးညံ တယ်ပဲပြောပြော ကျနော်တို့  နိုင်ငံအတွက် သဘောထားပြည့် ဝတဲ့  ခေါင်းဆောင်တစ်ဦးပေါ့ .........။

သူ................
ပျော့ ညံတယ်လို့ ပြောရအောင် ပန်ထွာကျောင်းဆင်းမဟုတ်ခဲ့ ဘူး
နူးညံတယ်လို့  ဆိုရအောင် အနုပညာသည် မဟုတ်ခဲ့ ဘူး.........။
သေနတ်တလက် ပုံခုံးမှာလွယ်လို့ 
ကျောပိုးအိတ်ကို ထမ်း
စစ်မြေပြင်လည်း သူလှမ်းခဲ့ ဖူးတယ်
ဒါပေမဲ့  ပြည်သူတွေ ရဲ့  အသံ ပြည်သူတွေ ရဲ့ စကား
သိပ်အလေးထားတက်သူတစ်ယောက်ပေါ့ ..............။


စကခ(၄)တပ်မမှူး
တြိဂံ တိုင်း တိုင်းမှူး
ပြီးတော့  စစ်ရေးချူပ်နဲ့  ၀န်ကြီးချုပ်
များစွာသော အလုပ်တွေသူလုပ်ခဲ့ တယ်........
ရိုးသားမူ့ တွေနဲ့  အတူ စစ်ရေးချုပ်ဘဝ
အမူပွေသမျှကို သူ့ လက်ထက်ကာလ
နည်းပါးအောင်လည်း ဖြေရှင်းနိုင်ခဲ့ တယ်..............။


တိုင်းပြည်အနယ်နယ် အရပ်ရပ်
ခြေလှမ်းတွေ ခပ်စိပ်စိပ်ရယ်နဲ့ 
လမ်းတံတားတွေဖောက် တံတားတွေဆောက်ဖို့ 
သူ ညွှန်ကြားနိုင်ခဲ့ တယ်..........
နိုင်ငံဝန်ကြီးချုပ် သူအလုပ်လုပ်ပုံက
ပြည်တွင်းမှာတင်မကပဲ
အာဆီယံတစ်လျောက် သူ့ ဂုဏ်ရောက်စေခဲ့ တယ်
မြင်လှည့် ကြည့် စမ်းပါ
နိုင်းယှဉ်ကြည့် စမ်းပါ
ဘယ်ဝန်ကြီးချုပ်တွေများ
ဒီလောက်များများ သွားနိုင်ခဲ့ လုပ်နိုင်ခဲ့ သလဲ ဆိုတာကိုပေါ့ .........


ဂုဏ်တွေမလိုပါဘူး
အပွင့် အခက်တွေဖယ်ချ
သမ္မတ တာဝန်ရပြန်တော့ လည်း
ပြည်သူတွေတောင်းဆိုသမျှ ပျော့ ပြောင်းမူ့ တွေနဲ့ သက်သေပြခဲ့ တယ်..................

နိုင်ကျဉ်း တွေလည်းလွှတ်ပေးတယ်............။
နိုင်ငံတကာပေါက်ဖော် တရုတ်ကို တောင်ကျော်ပြီး
လုပ်ကိုင်ခွင့် နဲ့ ပေးဆပ် မြစ်စုံကိစ္စ ကိုလည်း ရပ်ပေးခဲ့ ပြန်တယ်...............
ပြည်တော်ပြန်အလွမ်းနဲ့ 
အဝေးရောက်နေသူတွေကိုလည်းဖိတ်ခေါ်

စီးပွားရေးပိတ်ဆို့ မူ့  ပြန်ဖွင့် ဖို့ အရေး
ပျော့ ပြောင်းမူ့ တွေနဲ့ စွဲကိုင်
ဒီမို ကရေစီနိုင်ငံ ဖြစ်ဖို့ 
ဆန့် ကျင်သူတွေဘယ်လိုရှိရှိ
ရိုးရိုးသားသားနဲ့ ကြိုးစား
လုပ်အားနဲ့ သက်သေပြခဲ့ တယ်................

မှတ်မိသေးမယ်ထင်ပါတယ်
အာဆီယံဥက္ကဌ နေရာရဖို့ အတွက် သူလုခဲ့ တာမဟုတ်ဘူး
လုပ်ပိုင်ခွင့် နဲ့ လုပ်ပြနိုင်မူ့ အခွင့် အရေး
(၂၀၁၄)ရောက်ရင် ................
နိုင်ငံတကာက ရင်းနှီးမူ့ တွေရောက်
စီးပွားရေးလမ်းတွေဖောက်နိုင်ဖို့ ပေါ့ ....................။
တားဆီးမူ့ တွေကြား
လမ်းမှန်မှန်နဲ့ လျှောက်
ကြိုးစားမူ့ ပျောက်မသွားခဲ့ ဘူးလေ................။


နှလုံးထိန်းညိစက်နဲ့ 
တိုင်းပြည်တာဝန်ထမ်း သူ ဘယ်လောက်ပင်ပန်းနေမလဲ ............။
တခါ အသက်ရှူ တိုင်း
(၁၀)ခါလောက်မောနေမယ်ဆိုရင်...................
ဆန္ဒဖော်ပြတာ ည သန်းခေါင်ထက်မပိုဘူး
မနက်အာရုံလင်းအထိ ပြသာနာဖြေရှင်းနိုင်ဖို့ အရေး
သမ္မတ မှေးအိပ်နိုင်ပါ့ မလား.............
စိုးရိမ်မိပါတယ်............။

ပြုံးရွှင်တဲ့  မျက်နှာထား
ဝတ်ထားတဲ့  ပုဆိုး သာမာန်ထက်မပိုဘူး.....။
စတစ်လေးတထည်
ကတ္ထီပါလေးတရံ
ရိုးရိုးနေထိုင် မြင့် မြင့် ကျင့် ကြံလို့ 
သမ္မတ ဟန်က
မြင်သူတိုင်း က လေးစားစေတယ်.............။


သေနတ်သံတချက်မဖောက်ပဲ
ညင်သာစွာနဲ့ ကူးပြောင်း
ဒီမိုကရေစီလမ်းကြောင်းမှာ
ကိုယ်တိုင်အလုပ်လုပ်မကူပဲ
လုပ်နေသူကို နှောက်ယှက် စိတ်အားပျက်အောင် ကျနော်တို့ မလုပ်ကြသင့် ဘူး............။

ရိုးသားမူ့ နဲ့ ဦးဆောင်
သူ နေရပ်တောင် ဂုဏ်မပြောင်ဘူး..................
ဧရာဝတီတိုင်းက သမ္မတရွာ
လမ်းမီးတိုင်တောင် ခပ်ယဲ့ ယဲ့ 
အတ္တတွေ တွယ်မဖက်ပြန်ဘူး..........။
ဒို့ သမ္မတ ကြီးပေါ့ လို့  မပြောချင်ရင်နေ
နင်ပမ်းငဆ နဲ့ ပြောဆိုသံတွေများ
သိန်းစိန်လို့  ဦးတပ်မခေါ်သံကြားရင်
ကျနော် အသဲစပ်စပ်ခါအောင်နာတယ်..................။

(၃၈)ဖြာ မင်္ဂါလာတရားသံ
လောကနီတိနဲ့  ပရိတ်ကြီး (၁၁)သုတ်
ရွက်ဖတ်ပူဇော်ယုံ သက်သက် မဟုတ်ခဲ့ ဘူးဆိုရင်...................
ထေရ၀ဒါ အထွန်းကားဆုံးနိုင်ငံမှာ
မေတ္တာတရားတွေကွယ်ပျောက်
တိုင်းပြည်ပျောက်မှာ စိုးမိတယ်..................။

သတိမထားမိတာ ဖြစ်ဖြစ်................
သတိမပြုမိတာပဲဖြစ်ဖြစ်.............
နောင် အနာဂတ်တချိန်ချိန်မှာ
နိုင်ငံကိုဦးဆောင်သူတစ်ယောက်
ကမ္ဘာမြေက ပျောက်ကွယ်မသွားခင်
တန်ဖိုးထားတက်ဖို့ တော့  လိုနေပြီ.....



 Myanmar Express 


21 comments:

Oh! very good "Poem" and also very valuable, it's mentioned about the President U Thein Sein how much " He loves his people and his country ". God bless you Mr. President and we wish you'll be long living on earth.

Nice poem.i can't mentioned how nice is it....

I like so much This poem.

I read this poem and I called my wife to come and read, her tears came down from her eyes and she said " there is no President just like U Thein Sein in the world, we really love him ". After we read this poem and just found out he is using heart beating machine, that's why we so sad and very much worry for him. Above comment by Christian family, even they(Christian people) prayed for President; why not our Buddhist people wouldn't pray for him?, majority of Myanmar people are Buddhists, we must need to pray for him to get well always, he is the only one saving our country.

ဒီကဗျာလေးဂျာနယ်တွေမှာပါဖော်ပြနိုင်ရင်သိပ်ကောင်းမှာပဲ။
နိုင်ငံသားတိုင်းနိုင်ငံကြီးသားပီသကြပါစေ။အထူးသဖြင့် websiteပေါ်တက်ပြီးမှတ်ချက်ရေးကြသူမျာျးသဘောထားကြီး
ယဉ်ကျေးနိုင်ကြပါစေ။

မင်းသန့် ဘယ်လိုများပက်သက်လို့ နာရတာလဲ?
ဒို့လဲ ဒို့သမ္မတကြီးကိုလေးစားတာပဲ

သူ သည် ကျွန်ုပ် တို့ နိုင် ငံ ၏ မျှော် လင့် ချက် ဖြစ် သည်။ ရှေ့ ဆောင် ဖြစ် သည်။ အ သဲ ထဲ မှ ထောက် ခံ ပါ သည်။
က ဗျာ ကို အ ရမ်း ကြိုက် ပါ သည်။

စက်တပ်ဆင်ထားတဲ့နှလုံးသားပိုင်ရှင်လို့တောင်မထင်ရဘူးနော်၊ အရမ်းအပင်ပန်းခံအလုပ်လုပ်နိုင်တယ်။နိုင်ငံနှင့်လူမျိုးအတွက်ဒီ့ထက်မကအလုပ်လုပ်နိုင်ပါစေ။

ရင်ထဲထိအောင်ခံစားရပါတယ်ဗျာ

yes......very good person......peace forever U Thein & Daw Aung San Su Kyi..

သိပ်ကောင်းတဲ့ကဗျာလေးပါပဲ ဒီမိုကရေစီဆိုပြီး လိုချင်တာတွေချည်းတောင်းနေလို့ မဖြစ်ဘူးလေ နိုင်ငံတော်က လုပ်ပေးနိုင်မပေးနိုင် စဉ်းစားသင့်တာပေါ့ ပြီးတော့ အရာရာတိုင်းကို ပြီးပြည့်စုံအောင် ဖန်တီးပေးဖို့ ဆိုတာလဲ မဖြစ်နိုင်ဘူးလေ သူဘက်ကိုယ့်ဘက် မျှတအောင်တွေပြီး သမ္မတကြီး လုပ်ပေးနိုင်တာကိုပဲတောင်းဆို မလုပ်ပေးနိုင် တာတွေအတွက် နားလည်ပေးနိုင်အောင် ကြိုးစားကြရင်ဖြင့် အေးချမ်းသာယာတဲ့ နိုင်ငံကြီးကို မကြာခင်ပိုင်ဆိုင်လာနိုင်မှာပါ

ဒီလိုကဗျာမျိုးကို ဂျာနယ်တွေက တင်မှာ မဟုတ်ပါဘူး
တင်တဲ့ ဂျာနယ်ကိုတော့ အသေလေးစားလိုက်မယ်ဗျာ

ဂျာနယ်တော်တော်များများက လူအကြိုက်လုပ်ရင်း
ဒေါ်စုဖင်ကြီးသာ တင်တတ်ကြတယ်လေ့

No problem; if they don't want to post in their journals and magazines but you can send this beautiful "POEM" to Myanmar-Ahlin and Kyaymom(The Mirror) news papers, lets Myanmar people to read and know how much President U Thein Sein is sacrificing and doing the best for our country because most people thought Daw Suu Kyi is the one doing good for the country, actually is not true, she doesn't.

ဖတ်ရင်းနဲ့ မျက်ရည်တောင်လည်မိပါတယ်

မှန်တာပြောသစ္စာ

ဦးသိန်းစိန်ဟာ မြန်မာလူမျိုးအားလုံးရဲ့ ရင်ထဲက ခေါင်းဆောင်ပါ။

ကာ ယ ကံ ရှင် ခွင့် ပြူ ချက် ရ မယ် ဆို ရင် ဂျာ နယ် တိုက် တစ် တစ် ခု တော့ အ သိ ရှိ တယ် ပို့  ပေး မယ် လေ။
ရွေး တာ မေ၇ွး တာ တော့  မ သိ ဘူး ။ ဒါ ပေ မယ့် ကိုယ်
ပိုင် က ဗျာ ဖြစ် ဖို့  တော့  လို မယ် ဗျ။ နို့ မို့  ဆို ရင်
သူ ဟာ တွေ ငါ ဟာ တွေ ရှုပ် နေ မှာ ဆိုး လို့ 

စစ်အစိုးရကို ဘယ်လို ပဲ မကြိုက်ခဲ့ ပေမဲ့  သူတက်လာခဲ့ ပြီး
သူ့ ရဲ့ လုပ်ဆောင်မှု တွေ ကိုတော့ လေးစားခဲ့ ပါတယ်။
ဘယ်လိုပဲအမြင်တွေမတူကြပေမဲ့ သူ့ ကိုတော့ ပြည်သူတစ်
ယောက်အနေနဲ့ ချစ်ခင်မိပါတယ်။ သမ္မတကြီး ကျမ်းမာချမ်း
သာပါစေ လို့ ဆုမွန်ကောင်းတောင်း လျက်......

yes , you should post at new paper :)

Poem was very nice,,,, U Thein Sein is wonderful President for Myanmar People, Standardize for world.

I am Muslim, we making the Duwah (pray)for him.
As well all religious have to do pray for our excellent president.

Thank you for all religious ( Buddhists, Christians and Muslims ) people are praying for our President, how's wonderful, we never see before just like that. So now we know Myanmar people love him, because he loves Myanmar people as his own children, we can say he is the father of Myanmar's democracy reforms in this century.

မျက်ရည် ၀ဲ လာတဲ့ အထိကို ကောင်းခဲ့ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်