Subscribe to our RSS Feed

ဒီသံသရာထဲက မထွက်နိုင်တဲ့ NLD (ပေးစာ - ၁၄၄)

From : snaung06

 ဖွဲ့စည်းပုံမရှိ၊စည်းစနစ်မရှိ၊၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် လို့ရသော NLD ပါတီ


အစိုးရဘာလုပ်လုပ် မကောင်းမြင်ရေးက သူတို့မူဝါဒ၊ ဒါကို ပြည်သူတွေယုံကြည်ရေးက သူတို့ လုပ်ဆောင်ချက်၊ တိုင်းပြည်နဲ့ အာဏာရရှိရေးက သူတို့ရည်မှန်းချက်။ ဒေါ်စုကြည်နဲ့ NLDပါတီ ဘာလိုချင်နေတာလဲမေးရင် ရှင်းပါတယ် တိုင်းပြည်ပဲ။ ဒါကလည်း မြန်မာနိုင်ငံ ပထ၀ီနိုင်ငံရေးအနေအထားအရ အာရှပစိဖိတ်ဒေသတွင်းအရေးပါမှု၊ တရုတ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန်နဲ့တိုးတက်နေမှုတို့ကို ထိန်းချုပ်လိုမှုတို့အတွက် အနောက်နိုင်ငံတွေက (အထူးသဖြင့် အမေရိကန်) သူတို့ကြိုးကိုင်နိုင်မယ့် အစိုးရကို တင်မြှောက်နိုင်ရေးကျိုးပမ်းလာခြင်းရဲ့အကျိုးဆက်ပါပဲ။ နှစ်ပေါင်းနှစ်ကျော်ကြာ အုပ်ချုပ်လာတဲ့ နယက အစိုးရကို အမျိုးမျိုးဖိအားပေး ကြိုးကိုင်နိုင်ဘို့ကျိုးစားခဲ့ပေမယ့် နိုင်ငံရေးခိုင်မာမှု(Political Might)ကို ယိုင်နဲ့အောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ သူတို့ရရှိသွားတာကတော့ (၂၁)ရာစုရဲ့ကမ္ဘာ့ အရေးအပါဆုံး အာရှ ပစိဖိတ်ဒေသတွင်း စီးပွားရေးနဲ့ မူဝါဒရေးရာ ဖြန့်ကျက်လွှမ်းမိုးနိုင်ရေးဟာ တရုတ်နိုင်ငံရဲ့ နောက်ရောက်သွားခဲ့ရတာပါပဲ။ ဒါကြောင့် အတိုက်အခံခေါင်းဆောင်ကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဓိကပေးဆပ်သူ ပြည်သူ့ခေါင်းဆောင် အဖြစ် အရောင်တင်ခဲ့ကြတယ်။ ဘာကြောင့်ပေးမှန်းမသိတဲ့ ဆုပေါင်း (၁၀၀)ကျော်ကိုပေးအပ်ခဲ့တယ်။ ဂေါ်ဘာချော့ ကိုနိုဘယ်ဆုပေးအပ်ပြီး  ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအောင် သပ်လျှိုပေးခဲ့တာကိုတောင် ပြန်သတိရမိတယ်။ ဒေါ်စု အစိုးရအာဏာရမှ မြန်မာနိုင်ငံထဲကို လွတ်လပ်စွာဝင်ထွက်ပြီး အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက် နိုင်မှာဖြစ် သလို၊ သူတို့ရဲ့ တရုတ်ဝိုင်းရံပိတ်ဆို့ရေးမူဝါဒ (China Containment Policy)ကိုလည်း ပုံဖော်နိုင်မှာပဲဖြစ်ပါတယ်။ 

 အသက်အရွယ်ကြီးရင့်လာသော်လည်း အသက်နဲ့တန်းတူဦးနှောက်မရှိသေးတဲ့ အမေစု


          တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးလာမှာကို မလိုလားတဲ့အတွက် ပိတ်ဆို့ဖြတ်တောက်ရေး (Doctrine of Emptic Action) ကျင့်သုံးဘို့ နိုင်ငံတကာကိုတောင်းဆိုတယ်။  ခရီးသွားတွေမလာကျဘို့ သတင်းမှားတွေ ဖြန့်ပြီးတော့ ပြည်တွင်း အခြေအနေမှန်များဖုံးကွယ် မတည်မငြိမ်ဖြစ်နေသယောင် လုံခြုံမှုမရှိသယောင် သတင်းမှားတွေ ဖြန့်ပြီးတော့ တားဆီး တယ်။ စီးပွားရေးအရ အင်အားနည်းလာတဲ့အတွက် ပြည်သူအတွက်ဝန်ဆာင်မှုတွေကို အတိုင်းအဆဖြင့်သာ ဆောင်ရွက် ပေးနိုင်စေခဲ့တယ်။ ပညာရေး၊ ကျန်းမာရေး မပြည်စုံမှု အခြေခံစားဝတ်နေရေးအကြပ်အတည်းများကို ထင်သာမြင်သာရှိ အောင် (Highlight) လုပ်ပေးပြီး အထွေထွေမကျေနပ်မှုများအသွင်ပြောင်းစေခဲ့တယ်။ အခွင့်အရေးရလျင်ရသလို ပြည်သူ တွေ လမ်းပေါ်ထွက်အောင်ကျိုးပမ်းခဲ့တယ်။ Signature Campaign, Letter Campaign, White Campaign စုံလို့ပါပဲ နောက်ဆုံးမလုပ်သင့်မလုပ်ထိုက်တဲ့ ရွှေဝါရောင်တော်လှန်ရေး( Saffron Revolution )ကိုပါဖန်တီးခဲ့ကြတယ်။ အာဏာ ရဘို့အတွက် အမျိုးဘာသာ သာသနာကိုပါ စတေးဘို့ဝန်မလေးတဲ့ စိတ်ဓါတ်ပါပဲ။ ထေရ်ဝါဒဗုဒ္ဓဘာသာ ထွန်းကား တဲ့နိုင်ငံမှာ အစိုးရနဲ့ ရဟန်းသံဃာတော်များကို ရန်တိုက်ပေးပြီး၊ နိုင်ငံတကာနဲ့ ဘားသာခြား တွေရဲ့အမြင်မှာ သာသနာ တော် ညှိုးနွမ်းအောင် ရည်ရွယ်ချက်ကြီးဖြင့် ဆောင်ရွက်ခဲ့ကြခြင်းပဲဖြစ်တယ်။ အစိုးရနဲ့ သံဃာထု ကြားတွင်သာမက သံဃာထုအတွင်းမှာလဲ အချင်းချင်းမသင့်မြတ်မှု ဂိုဏ်းဂဏကွဲမှုများ ဖြစ်ပေါ်လာခဲ့ရတယ်။ တစ်ဘက်ကကြည့်မယ်ဆိုရင် ကွန်မြူနစ်ဝါဒအစွန်းရောက်တွေ NLD ထဲမှာရှိနေတယ်ဆိုကို တွေရမှာဖြစ်ပါတယ်။ 

အခြေအမြစ်မရှိ၊ ဖွဲ့စည်းပုံမရှိ၊စည်းစနစ်မရှိသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကဦးတင်ဦးနှင့် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်


          လက်ရှိအခြေအနေတွေကို သုံးသပ်ကြည့်မယ်ဆိုရင် စဉ်းစားစရာတွေအများကြီးပါနေတယ်။ မြို့ကြီးတော်တော် များများမှာ ဖယောင်းတိုင်ထွန်းပြီး  (၂၄)နာရီမီးရရှိရေးအတွက် ဆန္ဒပြကြတယ်၊ ဘယ်သူတွေ ဦးဆောင်တာလဲ၊ ဘယ်အဖွဲ့ရဲ့ လက်ချက်လဲ၊ နေရာတိုင်းမှာ NLD ကဦးဆောင်ပြီးလုပ်ကြတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ မဂ္ဂါဝပ် (၁၀၀၀၀) ကျော်ထုတ်နိုင်မယ့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမဖြစ်မြောက်ရေး အားထုတ်လုပ်ဆောင်တယ်။ မဂ္ဂါဝပ် (၄၀၀၀)ကျော် ထုတ်နိုင်မယ့် ထားဝယ် ကျောက်းမီးသွေးသုံး ဓါတ်အားပေးစက်ရုံကို မဖြစ်မြောက်အောင် တားဆီးတယ်။ ရိုးသားတဲ့ ပြည်သူတွေအပေါ် အခွင့်ကောင်းယူတယ်။ ပြည်သူအားကို တလွဲအသုံးပြုပြီး၊ အများသဘောဆန္ဒအရပဲ ဒါဒီမိုကရေစီပဲလို့ ကြွေးကြော်တယ်။ အခုလည်းကြည့် ရွှေလီ-မန်စံ ဓါတ်အားပေးတာဝါတိုင် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့်မဂ္ဂါဝပ်(၂၀၀) ကျော် ဆုံးရှုံးမှာဖြစ်လို့ ပြည်သူများအနေဖြင့် ဓါတ်အားပြတ်တောက်မှုများ ကြုံတွေရမည်ဖြစ်ကြောင်း အမြန်ဆုံးပြန်လည် ပြင်ဆင် ဆောင်ရွက်သွားမှာဖြစ်လို့ သည်းခံခွင့်လွှတ်နိုင်ကြဘို့ တရားဝန်ပန်ကြားထားပါရက်နဲ့ ဒီအခြေအနေအပေါ်အခွင့်အရေး ယူပြီး ပြည်သူတွေကို လမ်းပေါ်ဆွဲထုတ်တယ်။ ပြည်သူကတော့မီးလာစေချင်လားဆို လာစေချင်တာပေါ့ ဒါရိုးရှင်းပါတယ်။ တစ်နိုင်ငံလုံး  ဓါတ်အားလုံလောက်မှုမရှိစေရေး တစ်ဘက်ကကျိုးပမ်းတယ် ဒီဘက်ကျတော့လည်း မီးမလာတာကို ပြဿနာ တစ်ရပ်ဖန်တီးတယ်။ ဆက်စပ်ပြီးတော့ပြောရမယ်ဆိုရင် တာဝါတိုင် ဗုံးခွဲတိုက်ခိုက်တဲ့ကိစ္စမှာ သူတို့ တနည်းနည်နဲ့ ပါဝင်ပတ်သက်နေတယ်လို့ ပြောရမှာပဲ။ ဘာလို့ဆိုတော့ အခုပြဿနာတွေရဲ့အစက တာဝါတိုင် ပြိုလဲသွားလို့ ပုံမှန်ဓါတ်အား မဖြန့်ဖြူးနိုင်ခြင်းကစတာပဲ။ ဒါဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် လုံးဝ နှောက်ယှက်ဖျက်ဆီးလိုတဲ့ လုပ်ဆောင်ချက်တွေပဲ။
ဒီကြားထဲမှာ ဇာတ်ရှိန်ကိုထပ်မြှင့်ဖို့လုပ်တယ် အစိုးရသစ်က ဒီလောက်ဖြေလျော့ထားပြီပဲ၊ ဒါကို မကျေနပ်သေးတဲ့ ဒေါ်စုကြည်က မီးလင်းရေးတင်မဟုတ်ဘူး ဒီမိုကရေစီအရေးကိုလည်းတောင်းဆိုကြဘို့ တိုက်တွန်းတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဘို့ထောက်ခံပါတယ်တွေ ဘာတွေကပါလာပြန်တယ်။  ဒါဘာ သဘောလဲ ဘာ(Campaign)လို့ နာမည်တပ်အုံးမလဲမသိပါဘူး။ အစိုးရက နောက်ကြောင်းပြန်မလှည့်ပါဘူးလို့ ကတိပေး ထားတာပဲ။ သူက ပြန်လှည့်နေတာပဲ။ လူထုလှုပ်ရှားမှုကိုပဲ လုပ်တတ်တာလား။ ပါတီကိုကောင်းကောင်းမတည်ဆောက်ပဲ ခေတ်ပျက် မှပဲ နိုင်ငံလုပ်နိုင်တာလား စဉ်းစားစရာပဲဖြစ်ပါတယ်။ စွပ်စွဲလှချည်လားလိုတော့မပြောပါနဲ့ စဉ်စားရင် ရင်မောရ တာတော့ အမှန်ပါပဲ။ တကယ်တော့ ပြည်သူမျှော်လင့်တာအများကြီးပါ NLDက ကျေနပ်လောက်အောင်လည်း လုပ်မပေး၊ တခါလာလည်း ဒီနည်းဗျူဟာ နောက်တခါလာလည်း ဒီနည်းဗျူဟာနဲ့ ဒီသံသရာထဲက ဘယ်တော့လွန်မြောက်ပြီးတော့ တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်ကြမှာလဲ မေးရတော့မှာပဲဖြစ်ပါတယ်။

 Myanmar Express 

4 comments:

လွှတ်ထား လိုက်စမ်းပါ နဖားကြိုးရှည်ရှည် လေးနဲ့ လွှတ်ထားလိုက်ပါ။
နိုင်ငံတကာက သိနေပါပြီ သူမရဲ့ ဆရာကြီးတွေ ကတောင် ချီးကျူးနေကြပါပြီ ဒါကိုတောင် သူကိုယ်သူ ကမ္ဘာမှာ ငါအတော်ဆုံးလို့ ထင်နေပုံ ရပါတယ် ။

တာ ၀ါ တိုင် ဗုံး ခွဲ သည့် က ချင် များ ကို တော့ ဒေါ် စု ကော၊ NLDS တွေ ကော ဘာ မျှ စ ကား မ ဟ ရဲ ပါ။ ကြောက် ကြ ပါ သည်။ ပြော လျှင် က ချင် များ က သူ တို့ ကို လာ သတ် လိမ့် မည်။ တပ် မ တော် သား များ အ သက် နှင့် ရင်း ပြီး ဖန် တီး ပေး ထား သော ငြိမ်း ချမ်း သော နေ ရာ များ တွင် အေး ချမ်း စွာ နေ ကာ တပ် မ တော် ကို တော့ မ ရှက် မ ကြောက် အ ပုတ် ချ ပါ သည်။ သ တ် တိ ရှိ လျှင် ဒေါ် စု လုံ ခြုံ ရေး ကို ကိုယ့် ကို တာ ၀န် ယူ ကြ မည် လား။ စ ရ ဖ ကော၊ ရဲ ကော NLDS တွေ ကို လွှဲ ပေး ပါ မည်။ တပ် မ တော် သည် နိုင် ငံ တစ် နိုင် ငံ ၏ တာ ၀န် ရှိ သော အ စိုး ရ အ နေ ဖြင့်
ပြည် သူ အား လုံး ၏ လုံ ခြုံ ရေး ကို ယူ ထား ပါ သည်။ ပြည် သူ များ သည် လွတ် လပ် ရေး ရ ပြီး က တည်း က မ ခံ စား ရ ဖူး သော ငြိမ်း ချမ်း ရေး အ သီး အ ပွင့် များ ကို ခံ စား ရ ပါ သည်။ သို့ သော် လည်း နိုင် ငံ တွင် ပြည် သူ မ ဟုတ် သော ပြည် သူ များ၊ မြန် မာ နိုင် ငံ သား မ ဟုတ် သော ပြည် သူ့ ခေါင်း ဆောင် များ ရှိ ပါ သည်။ သူ တို့ သည် လက် တွေ့ အ ရမ်း ဆန် ပါ သည်။ ပြည် သူ ကို စ တေး ပါ သည်။ နိုင် ငံ ရေး တွင် အ မြဲ တမ်း လို လို အ တိုက် အ ခံ များ သည် လက် ရှိ အ စိုး ရ ပြုတ် ကျ ရေး ကို သာ ဦး တည် ကြ သည်။ Communist များ သည် ကျောင်း သား များ ကို ရင်း ခဲ့ သည်။ ၈၈ မျိုး ဆက် များ သည် Communist များ မွေး ဖွား ခဲ့ သော ရင် သွေ များ ပင် တည်း။ ကန် တော့ ပါ စေ ရဲ့။ NLDS များ သည် လည်း တစ် က မ ဘာ လုံး တွင် တစ် ခု ထဲ အ စစ် အ မှန် ဖြစ် သော ဖြစ် သော မြန် မာ နိုင် ငံ မှ ထေ ရ ၀ ဓ ဗု ဒ ဓ ဘာ သာ ဘုံး တော် ကြီး များ ကို အ သုံး ချ ရန် ကြိုး စား နေ သည်။ Englad မှာ အ နေ များ လို့ English စိတ် ပေါက် နေ တာ လား အ ဖွား ကြီး။ နိုင် ငံ ခြား သား တစ် ရောက် သေ ခါ နီး လို့ ( ကင် ဆာ ဖြစ် လို့ စ သည် ဖြင့် )၊ စိတ် ငြိမ်း ချမ်း ရာ၊ အား ကို ရာ ကို လေ့ လာ လျှင် Buddhism ကို ရွေး ကြ သည်။ ထို အ ထဲ မှ ထေ ရ ၀ ဒ ဗု ဒ ဓ ဘာ သည ရွေး ကြ သည်။ မြန် မာ နိုင် ငံ ကို သာ လျှင် ထေ ရ ၀ ဒ ဗု ဒ ဓ ဘာ သာ ထွန်း ကား ရာ နေ ရ အ ဖြစ် စိတ် ချ ယုံ ကြည် စွာ သတ် မှတ် ကြ ပါ သည်။ ထို့ ကြောင့် သာ သ နာ ကို တော့ ကို အာ ဏာ ရ ရေး အ တွက် အ သုံး မ ချ ကြ ပါ နှင့်။ ဗု ဒ ဓ ဘာ သာ မြန် မာ ပြည် သား တစ် ယောက် အ နေ ဖြင့် မေ တ တာ ရပ် ခံ ပါ သည်။ ဘုန်း တော် ကြီး များ ကို သေ နတ် ပြောင်း ၀ တွန်း ပို့ ပေ မည့် တပ် က မ ပြစ် ပါ။ ဘုန်း တော် ကြီး တစ် ပါး မျှ တပ် က ပြစ် လို့ သေ သည့် ဓါတ် ပုံ ရှိ လျှင် ပြ ပါ။ Video Files များ ရှိ လျှင် ပြ ပါ။ NLDS မှ ဘုန်း ကြီး အ ရောင် ဆောင် ပြီး ဆူ ပူ သူ များ ကို တော့ ဖမ်း ပါ သည်။ ကျွန်ုပ် တို့ သ တင်း အ တိ အ ကျ ရ ပါ သည်။ မည် သည့် ကျောင်း မှ မည် သည့် အ ချိန် တွင် ထွက် သွား သည် ကို
အား လုံး သိ ကြ သည်။ ကျွန်ုပ် တို့ မြန် မာ နိုင် ငံ တပ် မ တော် သည် သ တင်း ရ ယူ ရာ တွင် က မ ဘာ တွင် နံ ပတ် ၃ အ ဆင့် ရှိ ပါ သည်။ သေ နတ် ပြောင်း ၀ တွန်း ပို့ သူ သည် ပို ပြီး အ ပြစ် ကြီး ပါ သည်။ သေ နိုင် မည် မှန်း သိ လျှက် ဖြင့် ဘုန်း တော် ကြီး များ ကို သေ နတ် ပြောင်း ၀ တွန်း ပို့ ခြင်း ဖြစ် သည်။

စောက်အဘွားကြီး သေခါနီးတောင် အာဏာရူးပီး တိုင်းပြည်ကို အမှောင် ဖုံးအောင် လုပ်ချင်နေတယ်

့သို့ သော် တပ် က မ ပြစ် ခဲ့ ပါ။ သို့ သော် NLDS က ဘုန်း ကြီး များ ကို အ တင်း သေ ခိုင်း ပါ သည်။ ( သေ သည် ဟု စွပ် ဆွဲ ပါ သည်။ ) One Photo or Video file? Nope? NLDS က ဘုန်း တော် ကြီး များ ကို နိုင် ငံ ရေး တွင် ပါ ၀င် သင့် သည် ဟု ပြော သည်။ ဒေါ် စု က လည်း ပါ ၀င် ရန် ပြော သည်။ သို့ သော် ဂေါ တ မ မြတ် စွာ ဘု ရား ရှင် ကိုယ် တော် မြတ် ကြီး က တော့ သူ ၏ သံ ဃာ များ ကို လေ ကီ အ ရေး ကိ စ စ များ တွင် ပါ ၀င် ပတ် သက် ခြင်း မ ရှိ ရန်၊ မ လုပ် ရန် တား မြစ် ထား ပါ သည်။ လော ကုတ် တ ရာ အ ရေး များ ကို သာ ကျင့် ကြံ အား ထုတ် ကြ ရန် ပ ညတ် သွား ပါ သည်။ မြတ် စွာ ဘု ရား ထက် ဒေါ် စု ပို ပြီး မှန် သည် လား။ NLDS တွေ က ပို ပြီး မှန် နိုင် သည် လား။ ပြည် သူ ကို လည်း ဆင်း ရဲ တွင်း ထဲ ဆွဲ ထည့် ပါ သည်။ ထို့ နောက် တပ် မ တော် ကြောင့် ဟု ပြော ပါ သည်။ Sanction သည် လုပ် သင့် သည် လား။ အ ဓိ က က ပြည် သူ များ ချမ်း ချမ်း သာ သာ နေ နိုင် လျှင် မ ကောင်း ဘူး လား NLDS များ ခင် ဗျာ။ ခု တော့ မြန် မာ နိုင် ငံ ကြီး ချမ်း သာ တော့ ပါ မည်။ မင်း တို့ လေး တွေ ကြောင်း ဟု ပြော လို့ မ ရ တော့ ပါ။ ကျွန်ုပ် တို့ ခေါင်း ဆောင် များ ဥာဏ် အ မြှော် အ မြင် ရှိ လို့ ပါ ခင် ဗျား။ နိုင် ငံ တ ကာ က လည်း ပြု ပြင် ပြောင်း လဲ မှု့ အ စစ် အ မှန် ဖြစ် ကြောင်း အ သိ အ မှတ် ပြု ပါ သည်။ ဒီ မို က ရေ စီ ဖြစ် နေ သည် မှ ဖ ယောင်း
တိုင် များ နှင့် အ ပြင် ထွက် နေ ကြ ပါ သည်။ လျှပ် စစ် ရုံး များ မှ လူ များ လည်း သ နား ပါ သည်။ အ ခက် အ ခဲ များ ကြား မှ ပြည် သူ ကို တောင်း ပန် ကြ ပါ သည်။ မီး လာ အောင် မ ရ ရ အောင် လုပ် ပေး နေ ပါ သည်။ ကြိုး စား ပေး နေ ကြ ပါ သည်။ ဒေါ် စု က လည်း ကောင်း၊ NLDs များ က လည်း ကောင်း ပြည် သူ ကို မြှောက် ပေး ကြ ပါ သည်။ မြန် မာ နိုင် ငံ တိုး တက် မည့် လမ်း ကြောင်း ပေါ် ရောက် နေ သည် ကို သူ တို့ ကြောင့် မ ဟုတ် လို့ ဖြတ် လို့ ဖြတ် ဆီး လုပ် နေ ကြ ပါ သည်။ ဒေါ် စု ကို လွှတ် တော် ထဲ ရောက် နေ ပြီ၊ နိုင် ငံ အတွက် တိုး တက် ရ တိုး တက် ကြောင်း ကို ဘဲ စဉ်း စား ပါ လုပ် ပါ ဟု သ တိ ပေး လို ပါ သည်။ ၁၀ နှစ် အ တွင်း မြန် မာ နိုင် ငံ ကြီး ချမ်း သာ ပါ တော့ မည်။ ၅ နှစ် အ တွင်း ပြည် သူ များ ၏ အိတ် ကပ် အ တွင်း ငွေ များ ရောက် လာ ပါ တော့ မည်။ ထို အ ချိန် ကြ လျှင် NLDS နှင့် ဒေါ် စု ပြည် သူ့ ချည် ဖတ် ဖြစ် သွား ပါ တော့ မည်။ GOOD BYE ပါ ခင် ဗျား။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်