Subscribe to our RSS Feed

ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးချက် ထုတ်ပြန်

From : မြ၀တီ


 အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း လက်အောက်တွင် ဓာတ်အားပေးစက်ရုံ ၂၀ ရုံရှိပြီး စက်ရုံ ၁၈ ရုံမှာ နိုင်ငံပိုင်ဖြစ်ပါသည်။ ၄င်းစက်ရုံ ၁၈ ရုံမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများအားလုံးကို နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းသို့ ရောင်းချပေးပါသည်။ မည်သည့် အခြားနိုင်ငံကိုမှ ရောင်းချခြင်းမရှိပါ။ ကျန်စက်ရုံနှစ်ရုံမှာ တရုတ်-မြန်မာ ဖက်စပ်ဆောင်ရွက်ခဲ့သော တာပိန်(၁) ဓာတ်အားပေးစက်ရုံနှင့် ရွှေလီ (၁) ဓာတ်အားပေးစက်ရုံဖြစ်ပါသည်။ တာပိန်(၁) ဓာတ်အားပေးစက်ရုံမှာ လုံခြုံရေးအခြေအနေများကြောင့် ၁၄-၆-၂၀၁၁ ရက်ကစပြီး ရပ်ဆိုင်းထားပါသည်။ ဓာတ်အားထုတ်လုပ်ပေးနိုင်ခြင်း မရှိပါ။ ရွှေလီ(၁)စက်ရုံမှာ စက်တပ်ဆင်အား ၆၀၀ မဂ္ဂါဝပ်ဖြစ်ပြီး ၅၄၀ ရာခိုင်နှုန်းဖြစ်သော မဂ္ဂါဝပ် ၃၀၀ ကို မြန်မာနိုင်ငံက သုံးစွဲနိုင်ပြီး ကျန်မဂ္ဂါဝပ် ၃၀၀ ကို တရုတ်နိုင်ငံက သုံးစွဲပါသည်။ ထိုသို့ သုံးစွဲရာတွင် နှစ်ဖက်လုံးကို ရွှေလီဖက်စပ်ကုမ္ပဏီမှ နှစ်စဉ် ဓာတ်အား ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် တစ်နှစ်စာ စာချုပ်ချုပ်ဆို ရောင်းချပေးခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံမှ သုံးစွဲနိုင်သော မဂ္ဂါဝပ် ၃၀၀ တွင် မူလစက်တပ်ဆင်အား ၆၀၀ မဂ္ဂါဝပ်၏ ၁၅ ရာခိုင်နှုန်းဖြစ်သော ၉၀ မဂ္ဂါဝပ်သည် စာချုပ်အရ အခမဲ့ရရှိသော Loyalty Power ဖြစ်သည်။ ထို့ပြင် စီမံကိန်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ရှယ်ယာအပေါ် ရရှိသော အကျိုးအမြတ်ငွေကိုလည်း နိုင်ငံတော်က Loyalty Share အဖြစ် ရရှိပါသည်။ Loyalty Power ဖြစ်သော ၉၀ မဂ္ဂါဝပ်ကို ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ မဟာဓာတ်အားလိုင်းသို့ ၁ ကီလိုဝပ်နာရီလျှင် ကျပ် ၂၀ နှုန်းဖြင့် ရောင်းချပေးပါသည်။ ကျန်ရှိသော မဂ္ဂါဝပ် ၂၁၀ ကို မဟာဓာတ်အားလိုင်းမှ ၄င်းတို့၏ လိုအပ်ချက်အပေါ်မူတည်၍ တစ်နှစ်ချင်း စာချုပ်ချုပ်ဆို၍ ရွှေလီဖက်စပ်ကုမ္ပဏီမှ ၀ယ်ယူပါသည်။ ရွှေလီဖက်စပ်ကုမ္ပဏီမှ လျှပ်စစ်ရောင်းဈေးမှာ မြန်မာဘက်/ တရုတ်ဘက် ရောင်းဈေးတန်ဖိုး အတူတူဖြစ်ပြီး ၁ ကီလိုဝပ် နာရီလျှင် တရုတ်ယွမ်ငွေ ၀ ဒသမ ၁၈၉ ယွမ်ဖြစ်၍ မြန်မာကျပ်ငွေဖြင့်ဆိုလျှင် ၂၄ ဒသမ ၆၀ ကျပ်ခန့်ဖြစ်ပါသည်။ ရွှေလီဖက်စပ် ကုမ္ပဏီမှ မြန်မာ-တရုတ် နှစ်ဖက်လုံးသို့ လျှပ်စစ်ဓာတ်အား ရောင်းချရငွေများအပေါ်တွင် အခွန်ဥပေဒအရ ရရှိမည့် အခွန်အခအားလုံးကို မြန်မာနိုင်ငံက ရရှိပါသည်။ ချီဗွေငယ်စက်ရုံ စက်တပ်ဆင်အား (၉၉)မဂ္ဂါဝပ်သည် စက်ရုံပြီးစီးနေပြီဖြစ်သော်လည်း လုံခြုံရေးအခြေအနေများကြောင့်စက်လည်ပတ်နိုင်ခြင်း မရှိသေးပါ။ ယခုအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဖြင့် ဆောင်ရွက်သော ရေအားလျှပ်စစ်စီမံကိန်းများလည်း မည်သည့်စီမံကိန်းမှ ကောင်းမွန်စွာ စတင်အကောင် အထည်ဖော် တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း ပြည်သူများအား အသိပေးတင်ပြအပ်ပါသည်။


 Myanmar Express 

1 comments:

Mandalay က စတင်စမ်းသပ် ပြီးတော့ရန်ကုန်က လိုက်လုပ်၊ မုံရွာပါပါလာပြီး တစ်ခြားမြို့ တွေက လိုက်လုပ်၊ ဆိုတော့ ၈၈၈၈ အတိုင်းပါဘဲလား အင်း ဗကပ လက်ချက်ပါ (ဗကပကို အထိမခံတဲ့ ဒီမိုဝေယံ ဘလော့မှာလဲ ဒီကွန်မင့် ရေးထားပါတယ်)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်