Subscribe to our RSS Feed

အများပြည်သူ လျှပ်စစ်မီးရရှိရေးအတွက် ဓါတ်အားပေးစက်များ ဖြည့်တင်း၍ ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိ

From : ခေတ်လူငယ်


နွေရာသီ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လျော့နည်းနေချိန်၌ ဓါတ်အားပြတ်တောက်မှုများသည့် နေရာများတွင် အများပြည်သူများ သောက်သုံးရေရရှိရေးနှင့် ညဘက်မီးရရှိရေးတို့အတွက် လက်ရှိ ဓါတ်အားထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိသည့် ဓါတ်အားပေးစက်များအပြင် ဓါတ်အားပေးစက်အသစ်များ ထပ်မံဝယ်ယူဖြည့်တင်း၍ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်မြို့တွင် ၅၀၀ ကေဗွီအေ လေးလုံး၊ ၃၅၀ ကေဗွီအေ တစ်လုံး၊ ၃၄၀ ကေဗွီအေ နှစ်လုံး၊ ၃၁၅ ကေဗွီအေ တစ်လုံး၊ ၂၅၀ ကေဗွီအေ တစ်လုံးနှင့် ၁၅၀ ကေဗွီအေ နှစ်လုံး စုစုပေါင်း ဓါတ်အားပေးစက် ၁၁ လုံးဖြင့် လျှပ်စစ်ဓါတ်အား ၃၈၉၅ ကေဗွီအေကို လည်းကောင်း၊ မန္တလေးမြို့တွင် ၅၀၀ ကေဗွီအေ လေးလုံး၊ ၃၁၅ ကေဗွီအေ တစ်လုံး၊ ၃၀၀ ကေဗွီအေ ၁၀ လုံး၊ ၂၅၀ ကေဗွီအေ နှစ်လုံး၊ ၂၀၀ ကေဗွီအေ နှစ်လုံးနှင့် ၁၀၀ ကေဗွီအေ တစ်လုံး စုစုပေါင်း ဓါတ်အားပေးစက် အလုံး ၂၀၊ ၆၃၁၅ ကေဗွီအေကို လည်းကောင်း၊ ပြည်မြို့တွင် ၅၀၀ ကေဗွီအေ တစ်လုံး၊ ၁၀၀ ကေဗွီအေ နှစ်လုံး၊ ၂၀ ကေဗွီအေ တစ်လုံးနှင့် ၁၅ ကေဗွီအေ တစ်လုံး စုစုပေါင်း ဓါတ်အားပေးစက် ငါးလုံးဖြင့် လျှပ်စစ်ဓါတ်အား ၇၃၅ ကေဗွီအေကို လည်းကောင်း၊ မုံရွာမြို့တွင် ၁၀၀ ကေဗွီအေ ဓါတ်အားပေးစက် နှစ်လုံးဖြင့် လျှပ်စစ်ဓါတ်အား ၂၀၀ ကေဗွီအေကို လည်းကောင်း တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိသည်။ ထို့အပြင် အမေရိကန်နိုင်ငံ Caterpillar Co.,Ltd မှ 2mw မီးစက် ခြောက်လုံးကိုလည်း လေယာဉ်ဖြင့် တင်ပို့ရန် စီစဉ်လျက်ရှိရာ တစ်ပတ်အတွင်း မြန်မာပြည်သို့ ရောက်ရှိမည်ဖြစ်ပြီး ရောက်ရှိပါက လျှပ်စစ်ဓါတ်အား လိုအပ်သော နေရာများသို့ ဆက်လက်ပေးပို့၍ ဓါတ်အားဖြန့်ဖြူး ပေးပို့သွားမည် ဖြစ်သည်။ ၄င်းအပြင် စင်ကာပူနိုင်ငံမှ မှာယူထားသော 1mw ဒီဇယ်ဓါတ်အားပေးစက် ခြောက်လုံးကို တစ်ပတ်အတွင်း မြန်မာပြည်အရောက် ပို့ပေးနိုင်ရေးနှင့် General Electric Co.,Ltd. မှ ဝယ်ယူသည့် ၂၅ မဂ္ဂါဝပ် Gas Turbine နှစ်လုံးကို အမြန်ဆုံး ရောက်ရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်