Subscribe to our RSS Feed

ဥရောပ-အာရှ သတင်းအချက်အလက် ကွန်ရက်တွင် ပါဝင်ချိတ်ဆက်နိုင်ရန် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်က စီစဉ်


From : ခေတ်လူငယ်

မြန်မာနိုင်ငံအနေဖြင့် ဥရောပ-အာရှ သတင်းအချက်အလက်ကွန်ရက် (The Third Generation of Trans Eurasia Information Network-TEIN3) သို့ ချိတ်ဆက်နိုင်ရန် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က စီစဉ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်၏ ပထမခြေလှမ်းအဖြစ် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မေလ ၂၃ ရက်က ရန်ကုန်မြို့၊ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည်။ မြန်မာသုတေသနနှင့် ပညာရေးကွန်ရက် တည်ဆောက်ပြီး TEIN 3 Network သို့ ပါဝင်ချိတ်ဆက်နိုင်ရန်နှင့် ထိုမှတစ်ဆင့် The Fourth Generation of TEIN-TEIN 4 Network တွင် ပါဝင်ချိတ်ဆက်နိုင်ရန် Disaster-warning systems, Tele-medicine, E-learning, Crop Research, Earth-observation and Radio Astronomy အစရှိသော ပညာရပ်နယ်ပယ်အသီးသီး၌ သုတေသနများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာသုတေသနနှင့် ပညာရေးကွန်ရက် NERN မှတစ်ဆင့် လိုအပ်သော အချက်အလက်များကို ရယူနိုင်ရန် စသည့် ရည်ရွယ်များဖြင့် အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဥရောပ-အာရှ သတင်းအချက်အလက်မှာ ဥရောပနှင့် အာရှနိုင်ငံများရှိ သုတေသနနှင့် ပညာရေးအဖွဲ့အစည်းများအကြား သုတေသနနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းထားသော Research Education Network တစ်ခုဖြစ်ကြောင်း သိရသည်။ TEIN 3 Network တွင် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ လာအို၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ သြစတြေးလျနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ ပါဝင်ပြီး အဆိုပါနိုင်ငံများမှ Research and Education Network-REN များနှင့် ချိတ်ဆက် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ဘူတန်နှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ချိတ်ဆက်ရန် စီစဉ်လျက်ရှိပြီး ယခုအချိန်တွင် TEIN 3 Network ၌ နိုင်ငံပေါင်း (၁၈) နိုင်ငံ ပါဝင်ပြီးဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်