Subscribe to our RSS Feed

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၃)


From : ရဲထွဋ်

လုပ်ပိုင်ခွင့်

စာနယ်ဇင်းကောင်စီဖွဲ့စည်းပြီးသည်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် စာနယ်ဇင်သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရသကဲ့သို့ စာနယ်ဇင်းအချင်းချင်းအငြင်းပွားမှုများ၊ စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်နှင့် မကိုက်ညီသော ရေးသားမှုများ၊ အပြုအမူများအပေါ် စာဖတ်ပရိသတ်က ကန့်ကွက်တိုင်ကြားမှုများကို ဖြေရှင်းပေးရတော့မည်ဖြစ်သည်။ ထို့ပြင် စာနယ်ဇင်းသမားများလိုက်နာရမည့် ကျင့်ဝတ်များ၊ အယ်ဒီတာများက လိုက်နာရမည့် လမ်းညွှန်ချက်များ၊ အငြင်း ပွားမှုများ၊တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများကိုလည်းရေးဆွဲချမှတ်ရတော့မည်ဖြစ်သည်။ သို့သော် စာနယ်ဇင်းကောင်စီကို ဂျာမနီ၊ ဆွီင်္ဒင်တို့ကဲ့သို့ စာနယ်ဇင်းလောကအစီအစဉ်ဖြင့် ဖွဲ့စည်းသည်ဖြစ်စေ၊ ဒိန်းမတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားစသည့်နိုင်ငံများကဲ့သို့ လွှတ်တော်ဥပဒေဖြင့် ပြဋ္ဌာန်းဖွဲ့စည်းသည်ဖြစ်စေ ကောင်စီ၏ သဘောသဘာဝ ကိုက စာနယ်ဇင်းသမားများက မိမိတို့ဘာသာထိန်းကျောင်းဆောင်ရွက်ရန်ဖြစ်သည်။ ထို့ကြောင့် ကျင့်ဝတ်ဖောက်ဖျက်မှု များနှင့်ပတ်သက်လျှင် သက်ဆိုင်ရာ စာနယ်ဇင်းကိုကာယကံရှင်ကို တောင်းပန်ရန်ညွှန်ကြားခြင်း၊ အမှားပြင်ဆင်ချက် ထည့်သွင်းစေခြင်း၊ ကောင်စီ၏ သတိပေးချက်၊ ပြစ်တင်ရှုံချချက်စသည်တို့ကိုထုတ်ပြန်ခြင်း စသောနည်းလမ်းများဖြင့်သာ ဆောင်ရွက်ရသည်။

သို့သော်စာနယ်ဇင်းကောင်စီဥပဒေများတွင် ကောင်စီဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ထောင်ဒဏ်၊ငွေဒဏ် စသည့် နည်းလမ်းများဖြင့်အရေးယူဖို့ ပြဋ္ဌာန်းလေ့မရှိ။ထို့ကြောင့် စာနယ်ဇင်းကောင်စီ၏ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ စာနယ်ဇင်းကလိုက်နာအောင် မည်ကဲ့သို့ဆောင်ရွက်မည်နည်းဆိုသည့် ပြဿနာရှိသည်။ ဗြိတိန်နိုင်ငံတွင်စာနယ်ဇင်း ကောင်စီဟု မရှိသော်လည်း စာနယ်ဇင်း အဖွဲ့အစည်းများပူးတွဲဖွဲ့စည်းထားသည့် တိုင်ကြားမှု ဖြေရှင်းရေးကော်မရှင် ( Press Complaints Commission) ရှိသည်။ သို့သော် ၂၀၁၁ ခုနှစ်က ရစ်ချတ်ဒတ်စ်မွန် ပိုင်ဆိုင် သည့် သတင်းစာများဖြစ်သော Daily Experss, Sunday Experss, Daily Star, Daily Star Sunday သတင်းစာတို့က ၎င်းတို့ သတင်းစာများနှင့် ပတ်သက်သည့် ကော်မရှင်၏ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ကော်မရှင် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ပြီး သီးခြားရပ်တည်ရန်ဆုံး ဖြတ်ခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့် စာနယ်ဇင်းကောင်စီ၏ ဆောင်ရွက်ချက် များကို စာနယ်ဇင်းများ၊ စာနယ်ဇင်းသမားများ၊ ထုတ်ဝေသူများက လိုက်နာလာအောင် မည်ကဲ့သို့ ထိန်းကျောင်း ဆောင်ရွက်မည် ဆိုသည့်အချက်သည်လည်း စာနယ်ဇင်းကောင်စီ၏လုပ်ငန်းများ အသက်ဝင်ရှင်သန်ရေး အတွက် အရေးကြီးသောအချက်ဖြစ်သည်။

ဆွီဒင်နိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်ဥပဒေ( Freedom of Press Act )က တစ်နှစ်လျှင် အနည်းဆုံးလေးကြိမ် ထုတ်ဝေသည့် စာနယ်ဇင်းများကို ပုံမှန်ထုတ်ဝေသည့် စာနယ်ဇင်းဟု သတ်မှတ်ပြီး ဆွီဒင်မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာန တွင်မှတ်ပုံတင်ရန်ဥပဒေဖြင့်သတ်မှတ်ထားသည်။ ထိုသို့မှတ်ပုံတင်ရာတွင် စာနယ်ဇင်းအတွက်တာဝန်ခံမည့် အယ်ဒီတာ ချုပ် သို့မဟုတ် ထုတ်ဝေသူကိုပါ တစ်ပါတည်း မှတ်ပုံတင်ရသည်။ ထို့ပြင် ဆွီဒင်နိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်ဥပဒေက တာဝန်ခံအယ်ဒီတာ သို့မဟုတ် ထုတ်ဝေသူအနေဖြင့် အသရေဖျက်မှုဆိုင်ရာစွတ်စွဲချက်များနှင့်ပတ်သက်ပြီး ဥပဒေအရ တာဝန်ယူရမည့်အချက်များ၊ ကင်းလွင့်ခွင့်များကို တိတိကျကျပြဋ္ဌာန်းထားသည်။ ထို့ပြင် ထိုဥပဒေက ပေးအပ်ထားသည့် ကင်းလွတ်ခွင့်များကိုခံစားနိုင်ရန်အတွက် စာနယ်ဇင်းများနှင့် စာနယ်ဇင်းသမားများသည် ဆွီဒင်စာနယ်ဇင်းကောင်စီအဖွဲ့ ၀င် ဖြစ်ရမည်ဟုလည်း ပြဋ္ဌာန်းထားခြင်းဖြင့် စာနယ်ဇင်းကောင်စီ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးထားသည်ကိုတွေ့ရသည်။ ထို့ကြောင့် ဆွီဒင်နိုင်ငံတွင် စာနယ်ဇင်းများအနေဖြင့် စာနယ်ဇင်းကောင်စီသို့ မ၀င်မနေရသတ်မှတ်ထားခြင်းမရှိသည့် တိုင် စာနယ်ဇင်းအားလုံးမှာ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်ဖြစ်နေပြီးကောင်စီ၏ ဆုံးဖြတ်ချက်များကိုလိုက်နာဆောင်ရွက်နေသည် ကိုတွေ့ရသည်။

ဂျာမနီနိုင်ငံ၏ အခြေအနေက တစ်မျိုးထူးခြားသည်။ ဂျာမန်နိုင်ငံတွင် စာနယ်ဇင်းများအနေဖြင့် စာနယ်ဇင်းကောင်စီ ကို မ၀င်မနေရ သတ်မှတ်ထားခြင်း၊ ကောင်စီအဖွဲ့ဝင်ဖြစ်ပါက ရရှိမည့်အကျိုးခံစားခွင့်များကို သတ်မှတ်ထားခြင်းမရှိသကဲ့သို့ ကောင်စီ၏ ဆုံးဖြတ်ချက်များကိုမလိုက်နာမနေရ သတ်မှတ်ထားခြင်းလည်းမရှိပေ။ ထို့ကြောင့် ၁၉၈၁ ခုနှစ်တွင် Kolner Express သတင်းစာက ၎င်းတို့၏ စာနယ်ဇင်းကျင့်ဝတ်ချိုးဖောက်မှုအပေါ် စာနယ်ဇင်းကောင်စီ၏ ဆုံးဖြတ်ချက်ကိုလိုက်နာ ရန် ငြင်းဆန်ခဲ့သည်။ ထိုအခါ စာနယ်ဇင်းကောင်စီက ထိုဖြစ်ရပ်ပေါ် ကန့်ကွက်သည့်အနေဖြင့် ကောင်စီလုပ်ငန်းအားလုံး ကို ရပ်ဆိုင်းထားခဲ့သည်။ ထိုအချိန်တွင် လွှတ်တော်နှင့် ပြည်သူများက စာနယ်ဇင်းကောင်စီအနေဖြင့် ကျင့်ဝတ်ချိုးဖောက် မှုများကို ကိုင်တွယ်နိုင်ခြင်း မရှိပါက ဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ရန်တောင်းဆိုမှုများပြုလုပ်လာခဲ့သည်။ ထို့ကြောင့် ၁၉၈၅ ခုနှစ်တွင် စာနယ်ဇင်းလောကသားများ ပြန်လည်စုစည်းပြီး စာနယ်ဇင်းကောင်စီကို အသက်သွင်းခဲ့ရသည်။ ယနေ့အချိန်တွင် အဓိက စာနယ်ဇင်းများအပါအ၀င် စာနယ်ဇင်း ၉၀% ကျော်သည် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်အဖြစ် ၀င်ရောက်ခဲ့ပြီး ကောင်စီ၏ ဆုံးဖြတ်ချက်များကိုလိုက်နာဆောင်ရွက်လျှက်ရှိသည်ကိုတွေ့ရမည်ဖြစ်သည်။

ဖင်လန်နိုင်ငံကတော့ ပုံနှိပ်မီဒီယာများသာမက ရုပ်သံမီဒီယာများအတွက်ပါ တာဝန်ခံသည့် Council for Mass Media ကို ဖွဲ့စည်းခဲ့ပြီး ရုပ်သံ၊ အင်တာနက်နှင့် ပုံနှိပ်မီဒီယာများ၏ ကျင့်ဝတ်ဆိုင်ရာကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေသည်ကိုတွေ့ရ သည်။ ဖင်လန်နိုင်ငံတွင်လည်း ကောင်စီကို မ၀င်မနေရသတ်မှတ်ထားခြင်းမရှိသော်လည်း ရုပ်သံနှင့် စာနယ်ဇင်းကုမ္ပဏီ ကြီးအားလုံးက အဖွဲ့ဝင်ဖြစ်နေသည့်အတွက် ကျန်မီဒီယာအားလုံးကပါ ကောင်စီတွင်ပါဝင်လိုက်နာဆောင်ရွက်နေသည်ကို တွေ့ရသည်။ တနည်းအားဖြင့် ကောင်စီဝင်ဖြစ်ခြင်းသည်ပင်လျှင် သက်ဆိုင်ရာစာနယ်ဇင်း၏ တိကျမှန်ကန်မှုနှင့် ကျင့်ဝတ် လိုက်နာမှုကို အာမခံရာရောက်နေသည့်အတွက် ဆန္ဒအလျှောက်ပါဝင်လာကြခြင်းဖြစ်သည်။

အိုင်ယာလန်နိုင်ငံ့လည်း တစ်မျိုးကျင့်သုံးသည်။ အိုင်ယာလန်နိုင်ငံ၏ ၂၀၀၉ ခုနှစ်အသရေဖျက်မှုဥပဒေအရ စွတ်စွဲခံရသူ အနေဖြင့် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်ဟုတ်မဟုတ်နှင့် စာနယ်ဇင်းကောင်စီ၏ ကျင့်ဝတ်များကိုလိုက်နာပြီး သတင်းရေး သားထုတ်ဝေဖြန့်ချိခဲ့ခြင်းဟုတ်မဟုတ်ဆိုသည်ကိုပါ ထည့်သွင်းစဉ်းစားရန်သတ်မှတ်ထားသည်ကို တွေ့ရသည်။ ထို့ပြင် စာနယ်ဇင်းကောင်စီအနေဖြင့် ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသည့် အဖွဲ့ဝင်များကို ထုတ်ပယ်နိုင်သည့် အာဏာပေးအပ်ထားသည်ကိုလည်းတွေ့ရသည်။

ဒိန်းမတ်နိုင်ငံကတော့ စာနယ်ဇင်းအားလုံး မှတ်ပုံတင်ရန်နှင့် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်ဖြစ်ရန်ဥပဒေဖြင့် ပြဋ္ဌာန်းထား သည်။ ထို့ပြင် စာနယ်ဇင်းကောင်စီဖွဲ့စည်းရန်လိုအပ်ချက်ကို ဒိန်းမတ်မီဒီယာအသရေဖျက်မှုဥပဒေ ( Media Liability Act ) ထည့်သွင်းဖော်ပြထားသည်။ ဒိန်းမတ်နိုင်ငံအသရေဖျက်မှုဥပဒေအရ စာနယ်ဇင်းတို်င်းတွင် အယ်ဒီတာချုပ် သို့မဟုတ် တာဝန်ခံအယ်ဒီတာတစ်ဦးကို မှတ်ပုံတင်ထားရပြီး စာနယ်ဇင်းပါရေးသားချက်များနှင့်ပတ်သက်ပြီး ထိုအယ်ဒီတာက တာဝန်ယူဖြေရှင်းရသည်။ သို့သော် ထိုဥပဒေအရ အသရေဖျက်မှုနှင့်ပတ်သက်လျှင် တရားရုံးတွင် တရားစွဲဆိုမှုမပြုလို ပါက စာနယ်ဇင်းကောင်စီ၏ ဆုံးဖြတ်ချက်အရ တောင်းပန်ခြင်း၊ အမှားပြင်ဆင်ချက်ဖော်ပြခြင်း၊ နစ်နာသူ၏ ဖြေရှင်းချက် ကို ထည့်သွင်းဖော်ပြပေးခြင်းတို့ကိုလည်း ဖြေရှင်းမှုနည်းလမ်းအဖြစ် သတ်မှတ်ထားသည်။ ထိုကဲ့သို့သတ်မှတ်ထားခြင်း ကြောင့် စာနယ်ဇင်းကောင်စီ၏ အခန်းကဏ္ဍလည်းမြင့်မားလာသည်ကိုတွေ့ရသည်။

အင်ဒိုနီးရှားနိုင်ငံတွင်မူ စာနယ်ဇင်းကောင်စီ၏ ဆုံးဖြတ်ချက်၊ညွှန်ကြားချက်များကိုမလိုက်မနေရ ဥပဒေဖြင့် သတ်မှတ်ထား ခြင်းမရှိပေ။ သို့သော် စာနယ်ဇင်းကောင်စီဝင်စာနယ်ဇင်းများ၏ ဥပဒေကြောင်းဆိုင်ရာပြဿနာများကို စာနယ်ဇင်းကောင် စီ က ကူညီဖြေရှင်းပေးခြင်း၊ အသရေဖျက်မှုနှင့်သက်ဆိုင်သည့်တိုင်ကြားချက်များကို ကောင်စီက ကြားဝင်ဖြေရှင်းပေးခြင်း တို့ဖြင့် စာနယ်ဇင်းကောင်စီကို စာနယ်ဇင်းလောကသားများက ယုံကြည်အားကိုးလာအောင်ဆောင်ရွက်ထားသည် ကိုတွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အသရေဖျက်မှုဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ၏ ကြားဝင် ဆောင်ရွက်ပေးမှုကိုလက်ခံပါက နောက်ထပ်တရားရုံးတွင် ဆက်လက်တရားစွဲဆိုမှုကို ခွင့်မပြုသည့်အပြင် စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်ကို သက်သေအထောက်အထားအဖြစ် အသုံးပြုခွင့်မပေးသည်ကိုလည်းတွေ့ရသည်။ ထို့ကြောင့် အသရေဖျက်မှုနှင့်သက်ဆိုင်သည့် ကိစ္စအများစုမှ စာနယ်ဇင်းကောင်စီ၏ ဖြေရှင်းချက်ဖြင့်သာပြေလည်သွားသည်ကိုတွေ့ ရသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် တရားရုံးတွင်အမှုစွဲဆိုသည့်ကိစ္စများမှာ ငွေကုန်ကြေးကျများပြားလှသောကြောင့် နှစ်ဘက်လုံးက တရားရုံးသွားမည့်အစား ကောင်စီ၏ ကြားဝင်ဖြေရှင်းမှုများကိုသာ အားကိုးဆောင်ရွက်လာသည်ကိုတွေ့ရ သည်။

အိန္ဒိယစာနယ်ဇင်းကောင်စီကမူ လွှတ်တော်ဥပဒေအရဖွဲ့စည်းခြင်းဖြစ်သောကြောင့် စာနယ်ဇင်းအားလုံးက စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်များကို မဖြစ်မနေလိုက်နာရန်လိုအပ်သည်ကိုတွေ့ရသည်။

အထက်ပါဥပမာများကိုလေ့လာပါက စာနယ်ဇင်းကောင်စီ၏ အခွင့်အာဏာကို ကြောထောက်နောက်ခံပြုသည့် နည်း လမ်း များမှာ အမျိုးမျိုးကွဲပြားသည်ကိုတွေ့ရမည်ဖြစ်သည်။ သို့သော် စာနယ်ဇင်းကောင်စီအနေဖြင့် ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ် ချက်များကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ခြင်းမရှိလျှင် ကောင်စီအပေါ်သာမက စာနယ်ဇင်းများအားလုံးအပေါ် တွင်ပါ ပရိသတ်များ၏ ယုံကြည်အားကိုးမှုများလျှော့နည်းသွားမည်ကတော့ သေချာနေပါသည်။ ထို့ပြင် စာနယ်ဇင်းကောင် စီသည် စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်ဆိုင်ရာကိစ္စများသာမက စာနယ်ဇင်းသမားများအပေါ် ဆက်ဆံမှုများ၊ သတင်း လွတ်လပ်ခွင့်ကို ချုပ်ချယ်ကန့်သတ်ရန်ကြိုးစားမှုများနှင့်ပတ်သက်ပြီး စာနယ်ဇင်းများ၏ တိုင်ကြားမှုများကို ကိုင်တွယ်ဖြေ ရှင်းရန်လည်းတာဝန်ရှိပေသည်။ ထို့ကြောင့် စာနယ်ဇင်းများကိုယ်တိုင်က စာနယ်ဇင်းကောင်စီကို လေးစားမှုမရှိလျှင် အာဏာပိုင်များဘက်ကလည်း စာနယ်ဇင်းကောင်စီကို လျစ်လျူရှုထားတော့မည်ဖြစ်ရာ စာနယ်ဇင်းအားလုံးက ကောင်စီ ၏ လုပ်ငန်းများကို အလေးထားပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်မှာ ထင်ရှားလှပါသည်။

ဆက်လက်ဖော်ပြပါမည်။

Myanmar Express

2 comments:

ရခိုင်မှာ အသက် ၁၆နှစ်အရွယ် ဗုဒ္ဓဘာသာ ရခိုင်ကလေးသူငယ်လေး ကို ရက်ရက်စက်စက် မုဒိန်းကျင့် ၊ လည်လှီး၊ မအင်္ဂါ ကိုဓားနဲ့ မွေ့ သတ်ပြီး လက်ဝတ်ရတနာတွေကို လုယူထွက်ပြေးသွားတဲ့ မွတ်စလင်တရားခံ ကောင်တွေကို မိပြီလို့ ကြားသိရသည်

ချက်ချင်းကြီး သေဒဏ်မပေးလိုက်ပါနဲ့ 

မွတ်စလင် တရားခံ ကောင်တွေ ကို အရက်စက်ဆုံးနည်းလမ်းတွေ နဲ့  မသေမချင်းဖြည်းဖြည်းချင်း ညှင်းသတ်ရမယ်။

လက်ချောင်းလေးတွေ တစ်ဆစ်ချင်း ဖြတ်လှီးထုတ်တာ

မျက်လုံးလေးတွေ ကို ဓါးပါးလေးနဲ့ ဖေါက်ထုတ်တာ

နားရွက်လေးနှစ်ဘက် ကို တိတိရိရိဖြတ်ပစ်တာ

မွတ်စလင် တရားခံ ကောင်တွေ လီးကို မီးနဲ့ ရှို့ တာ၊ ဓားနဲ့ မွန်းတာ

ရှိသမျှ အရိုး အဆစ်တွေ ကို ရိုက်ချိုးတာ

လျှာလေး ကို ဖြတ်ပစ်တာ အမျိုးမျိုးပေါ့ဗျာ။

မြန်မာနိုင်ငံ မှာ ဒီလိုမျိုး မွတ်စလင်အထာတွေ အစ္စလမ်မစ်ဒီဇိုင်းတွေ လာလုပ်ပြလို့ မရဘူးဆိုတာကို သိသွားအောင်

ဖြည်းဖြည်းချင်း ညှင်းသတ်ရမယ်... ချက်ချင်းကြီး သေဒဏ်မပေးလိုက်နဲ့ 

ဒါမျိုးကျ မေကြီးစုရဲ. လူ.အခွင်.အရေးအသံလေး မကြားရပါလားကွယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်