နှစ်စဉ်ထုတ်ပြန်နေကျ အမေရိကန်နိုင်ငံခြားရေးဌာန အခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုရှိတယ်ဆိုတာကိုဖော်ပြထားပြီး ၊မြန်မာနိုင်ငံထဲမှာ အခုနှစ်အတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေကတော့ လွှတ်တော်ပေါ်လာပြီး လွှတ်တော်ထဲ အတိုက်အခံ နိုင်ငံရေးပါတီတွေ ၀င်ရောက်ခွင့်ပြုလာတာ၊ အမြဲတန်း အစိုးရလုပ်သမျှ ဆန့်ကျင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်နိုင်အောင် ဥပဒေပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့တာ၊ ရာနဲ့ချီ တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ၊ စာပေဆင်ဆာ ဖြတ်တောက်မှုတွေကို လျှော့ပေါ့ပေး လာတာ၊ အတိုက်အခံ အမြင်ကွဲပြားသူတွေရဲ့ သဘောထားအမြင်ဖော်ပြနိုင်အောင် လွတ်လပ်ခွင့် ပေးတာ၊ နိုင်ငံသားတွေ ပြည်တွင်းပြည်ပ သွားလာနိုင်အောင် ကန့်သတ်မှု အချို့ ဖြေလျှော့ပေး တာ တွေ မြန်မာအစိုးရက ထူးထူးချွန်ချွန် လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလထဲမှာပဲ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ထူးချွန်မှု ကို အသိအမှတ် ပြုတဲ့အနေနဲ့ အမေရိကန်နိုင်ငံက စီးပွားပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးလိုက်ပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခြားဥရောပနိုင်ငံများကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနိုင်းပြီး စီးပွားပိတ်ဆို့မှုကို ဆက်လက် လုပ်ဆောင်နေတုန်းဖြစ်ပါတယ်။