Subscribe to our RSS Feed

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် စစ်သံမှူး များအား လက်ခံတွေ့ဆုံ


ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် စစ်သံမှူး Colonel Brey R-Sloan နှင့် စစ်သံမှူး အသစ်အဖြစ် တာဝန် ထမ်းဆောင်မည့် Colonel William C-Dickey တို့အား ယနေ့ မွန်းလွဲ ပိုင်း တွင် နေပြည်တော် ရှိ ဇေယျာ သီရိ ဗိမာန် ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့ လက်ခံတွေ့ဆုံရာ တွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ် သူရ သက်ဆွေ၊ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ်ခင်အောင်မြင့် နှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးတို့ တက်ရောက်ကြသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်