Subscribe to our RSS Feed

KIA က မီဒီယာဖြင့် ကချင်ပြည်သူများအားဝါဒဖြန်ရန်စီစဉ်လျက်ရှိ.........

From : ကချင်နေ့စဉ်သတင်း


မေ ၂၆ ရက်နေ့
ကချင်တပ်မတော်ဗဟိုဌာနချုပ် က အခြားတပ်မဟာဌာနချုပ်များကို မေ ၂၃ ရက်နေ့ ကခေါ်ယူထားပြီး လိုင်ဇာမြို့ကာကွယ်ရန်နဲ့ အစိုးရတပ်များအား တိုက်ခိုက်ရန်စီစဉ်မှုတွေဆောင်ရွက်နေပါတယ်။ မေ ၁၇ ရက်နေ့နဲ့ မေ ၁၈ ရက်နေ့က KIA လက်နက်ကြီး က အစိုးရတပ်ဘက်ကို ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်က ကျွမ်းကျင်မှုမရှိ လေ့ကျင့်မှုနည်းသဖြင့် အစိုးရတပ်ဘက်မကျရောက်ဘဲ လိုင်ဇာမြို့နားမှ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒါပေမယ့်လဲ လိုင်ဇာမြို့မှ ပျက်စီးမှု ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း KIA ခေါင်းဆောင်ကြီးရဲ့ ညွှန်ကြားချက်နဲ့ ၎င်းလက်နက်ကြီးကျရောက်မှုကို အစိုးရတပ်က ပစ်လို့ကျတဲ့ပုံစံမျိုးလုပ်ပြီး လိုင်ဇာမြို့မှာပျက်စီးမှုတွေ လူထုတွေ ထိခိုက်မှုတွေကို လုပ်ကြံဖန်တီးရန်အတွက် KIA ဗဟိုဌာနချုပ်က ကွန်ပျူတာဌာနကို ညွှန်ကြားထားပါတယ်။

အစိုးရတပ်က လိုင်ဇာမြို့ ကို လက်နက်ကြီးများနဲ့ လာရောက်တိုက်ခိုက်ပစ်ခတ်သလို အတုအယောင်ပြုလုပ်ပြီး ကချင်ပြည်သူတွေအတွင်း ပျံ့နှံ့အောင်ပြုလုပ်ပြီး အစိုးရတပ်က သူတို့ကို ကျူးကျော်သဖြင့် အစိုးရတပ်ကိုပြန်လည်တိုက်ခိုက်ရမှာဖြစ်တယ်လို့ ကချင်ပြည်သူတွေကို စည်းရုံးဖို့ အတုအယောင် ဗီဒီယိုခွေပြုလုပ်ရန် ပြည်သူတွေကို အသိအမှားတွေပြုလုပ်ရန်ဆောင်ရွက် နေတယ်လို့ KIA ဗဟိုကွန်ပျူတာ ဌာနမှာ ကချင်တပ်ဖွဲ့ဝင် တစ်ဦးမှ KIAဗဟိုခေါင်းဆောင်ကြီးများရဲ့ရိုးသားမှုမရှိတဲ့ စိတ်ဓာတ်ကိုလက်မခံတဲ့အတွက်ကြောင့် ကချင်ပြည်သူများ အားလုံး အမှန်ကိုသိပြီး စဉ်းစားဆင်ခြင်နိုင်ရန် အတွက် KDN သတင်းဌာနသို့ email ဖြင့် သတင်းပေးပို့ထားပါတယ်။



 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်