Subscribe to our RSS Feed

လျှပ်စစ်မီးကိစ္စနှင့်ပတ်သတ်၍ စဉ်းစားချင်ရင် စဉ်းစားစရာတွေ အများကြီး ရနိုင်ပါတယ်

From : တင်လတ်

 ရဲရွာရေအား လျှပ်စစ်စီမံကိန်း

လက်ရှိမှာ ကျွန်တော်ဟာ လျှပ်စစ်ဌာနက ၀န်ထမ်းဖြစ်ပေမယ့် ပြောရေးဆိုခွင့် ရှိသူတော့ မဟုတ်ပါဘူး။ ဒါကြောင့် ခုရေးမှာက အစိုးရသတင်းစာတွေ ရုပ်သံတွေက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်များကိုပဲ ပြောမှာပါ။ လျှပ်စစ် အင်ဂျင်နီယာ မဟုတ်သူများအတွက် ရည်ရွယ်ပါတယ်။

မြန်မာပြည်မှာ လျှပ်စစ် အသုံးဆုံး ဒေသက ရန်ကုန်ဖြစ်ပါတယ်။ 600MW လောက်သုံးပါတယ်။ ဒုတိယ မန္တလေးပါ။ 120MW လောက်သုံး ပါတယ်။နေပြည်တော် 50MW တောင်ကြီး25MW မုံရွာ 15MW စသည်ဖြင့် အခြား မြို့ကြီးတွေလည်း ရှိပါတယ်။ အိမ်ထောင်စု အနေနဲ့ ခွဲပြောရင် ရန်ကုန်တိုင်းဒေသကြီးမှာ သုံးအိမ်မှာ နှစ်အိမ် မီးရပါတယ်။ ၆၆% ဆိုပါတော့။ ဒုတိယက ကယားပြည်နယ်ပါ သူက ၃၅%နှုန်းလောက်ရှိပါတယ်။ နာမည်ကျော် ဘီလူးချောင်းစက်ရုံကြီးကျေးဇူးကြောင့်ပါ။ ပြီးတော့ ပြည်နယ်ကလည်း သေးတော့ မီးရတဲ့ အိမ်များတာပါ။ သူတို့နောက်မှာ အစဉ်လိုက် နေပြည်တော်ဒေသ ၃၄% မန္တလေးတိုင်းဒေသကြီး ၃၃% စသည်ဖြင့်ရှိပါတယ်။ ထူးဆန်းတာ တစ်ခုက တိုင်းနဲ့ ပြည်နယ် ၁၄ခုမှာ မီးအရအနည်းဆုံးက ဧရာဝတီတိုင်းပါ ၁၀%ကျော် လေးပဲရှိပါတယ်။ သူက လူဦးရေများပြီး မြစ်ချောင်း များလို့ ဖြစ်ပါလိမ့်မယ်။ ချင်းပြည်နယ်တောင်မှ ဧရာဝတီရဲ့ အထက်မှာ ရှိပါတယ်။ နောက်တစ်ခု ကြားဖြတ်ကျွန်တော့်အမြင်လေး ပြောရရင် ရှမ်းပြည်နယ်ဟာ အိမ်ထောင်စုတွေရဲ့ ၃၀%လောက်ပဲ မီးရတယ်ဆိုပါတယ်။ သူက ပြည်နယ်တိုင်း၁၄ခုမှာ အဆင့်လေးမှာပါ။ ဒါဟာ ရှမ်းတစ်ပြည်နယ်လုံးကို ပြောထားလို့ ဖြစ်ပါလိမ့်မယ်။ ရှမ်းရှေ့ ရှမ်းတောင် ရှမ်းမြောက် ပြန်ခွဲရင်တော့ ရှမ်းတောင်က ကယားပြည်နယ်ထက် မီးရတဲ့နှုန်းသာမယ် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တောင်ကြီးခရိုင်တစ်ကြောမှာ မီးမရတဲ့ရွာနဲ့ မီးရတဲ့ရွာဆိုရင် မီးရတဲ့ရွာက ပိုများပါတယ်။ လွိုင်လင်ခရိုင်ဆိုရင်လည်း မီးရတဲ့နှုန်းမြင့်ပါတယ်။ ကျောက်ဆည်နဲ့ ကပ်ရက် ရွာငံမြို့ဆို မြန်မာပြည်တစ်ပြည်လုံး မီးပျက်တောင် သူက တစ်ခါတစ်လေ မပျက်ပါဘူး။ ကင်းတားစက်ရုံက မီးကို တိုက်ရိုက်ယူထားတာမို့ပါ။ ရှမ်းတောင်နဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်သက်သက်ပါ။


KIA တို့၏ လက်ချက်ကြောင့် ပျက်ဆီးသွားသော ရွှေလီ - မန်စံ ဓာတ်အားပေးတာဝါတိုင်များ

မြန်မာပြည်လျှပ်စစ်ရဲ့ ၇၀%ကျော်ကို ရေအားကထုတ်ပါတယ်။ ၂၀%နှုန်းလောက်ကို သဘာဝဓာတ်ငွေ့ကထုတ်ပြီးတော့ ၈%က ရေနွေးငွေ့စက်ရုံတွေက ရပါတယ်။ အခြားနည်းတွေက ၁%အောက်မှာပဲ ရှိပါသေးတယ်။ အားနည်းချက်လာပါပြီ။ မီးသုံးပါတယ်ဆိုတဲ့ ရန်ကုန်နား တစ်ဝိုက်မှာ တစ်မြို့လုံးစာကို စက်ရုံတစ်ခုတည်းက နေပေးဖို့ စက်ရုံလောက်လောက်လားလား မရှိပါဘူး။ မန္တလေးဆိုရင် သူ့သုံးတာရဲ့ ငါးဆလောက် ထုတ်ပေးမယ့် ရဲရွာစက်ရုံက မိုင် ၄၀ လောက်မှာ ရှိနေပါတယ်။ တောင်ကြီးဆိုရင် ကျိုင်းတောင်း၊တီကျစ်၊ ဇော်ဂျီ စတဲ့ စက်ရုံတွေ ရှိပါတယ်။ နေပြည်တော်ဆို လည်း သူသုံးတာရဲ့ ငါးဆကျော် ထုတ်နိုင်တဲ့ ပေါင်းလောင်းစက်ရုံက ၁၁မိုင် အကွာမှာ ရှိပါတယ်။ အကြောင်းရင်းကတော့ ရေအားလျှပ်စစ်ရဲ့ သဘာဝအရ တောထဲမှာပဲ ရှိတာပါ။ ဒါကြောင့် တောနက်နက်နဲ့ ဝေးတဲ့ ရန်ကုန်ဟာ မီးရဖို့ အတွက် လိုင်းအရှည်ကြီးတွေ ဆွဲရပါတယ်။ လိုင်းရှည်ရင် ဆုံးရှုံးမှုများတာ ထုံးစံပါပဲ။ ဒါကြောင့် ရန်ကုန်ကို လျှပ်စစ် 100MW ရောက်ဖို့ ကျွန်တော့စိတ်ထင် 125MW လောက်ပို့ပေးမှ ရပါလိမ့်မယ်။ ရန်ကုန်မှာရှိတဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေကလည်း 300MW လောက်ပဲ ထုတ်နိုင်တာပါ။ ရန်ကုန်သုံးတာရဲ့ တစ်ဝက်ပဲ ရှိပါတယ်။ ၀မ်းသာစရာကတော့ ရန်ကုန်နားမှာ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးရုံဆောက်ဖို့ ကိုရီးယားက လာပြီးဆွေးနွေးနေတာ သတင်းဖတ်လိုက်ရပါတယ်။ MW 500 ကျော်ရှိပြီး ဒလမှာ ဆောက်မှာ လို့သိရပါတယ်။ နောက်ပြီး ထန်းတပင်မှာလည်း 375MW ရှိတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဆောက်နေသံ ကြားပါတယ်။




စဉ်းစားစရာတစ်ခုပေါ်လာပါပြီ။ ရန်ကုန်လူဦးရေက ၆သန်းပါ။ လက်ရှိလျှပ်စစ်သုံးနေတာ 600MW။ စင်ကာပူလူဦးရေက ၄သန်းခွဲပါ။ လက်ရှိလျှပ်စစ်သုံးနေတာက 11000MW တောင်ရှိပါတယ်။ အဲတော့ မြန်မာပြည်သာ စီးပွားရေးတိုးတက်လာခဲ့ရင် လျှပ်စစ် အသုံးက ဆတိုးနဲ့ ကိုတက်လာမယ့် သဘောရှိပါတယ်။ စက်မှုလုပ်ငန်းတွေ များလေ လျှပ်စစ်သုံးတာများလေ ဖြစ်လာမှာဆိုတော့။ ရန်ကုန်အတွက် အနည်းဆုံး MW 10000 လောက် ရအောင် အစီအစဉ်လေး ဘာလေးရှိရင် သိပ်ကောင်းမှာပါ။ ဗြုန်းခနဲ မဟုတ်ဘူး ဆယ်နှစ် (သို့မဟုတ်) ဆယ့်ငါးနှစ် အတွင်းပေါ့။ ထားပါလေ။ ဒါတွေက လူကြီးတွေလုပ်ပါလိမ့်မယ်။




မန္တလေးကတော့ လျှပ်စစ်ကံကောင်းနေပါတယ်။ မန္တလေးနားမှာ ရေမြေသဘာဝ အရ ရဲရွာစက်ရုံလာဆောက်တယ်။ လျှပ်စစ်က 790MW တောင်ထွက်တယ်။ နောက် ဟိုးဖက် မူဆယ်နားမှာ ရွှေလီ-၁ စက်ရုံဆောက်တယ်။ မြန်မာပြည်အောက်ပိုင်းကို ပို့ဖို့ မန္တလေးနားက ဖြတ်သွားရတယ်။ နောက်ပြီး ဆည်တော်ကြီးတို့ ကင်းတားတို့လို စက်ရုံ အသေးလေးတွေ လည်း ရှိသေးတယ်။ နောက်ပြီး ကျွန်တော့်အထင် မန္တလေးက နိုင်ငံတကာ မြို့တော်ဖြစ်ဖို့ သဘာဝက အခြေအနေ မပေးပါဘူး။ မဖြစ်ဖြစ်အောင် လုပ်ရင်တော့ ရပါတယ်။ ဖြစ်လည်း ဖြစ်နိုင်တယ်။ သို့သော် ရန်ကုန်လိုတော့ ပင်လယ်ဆိပ်ကမ်းမရှိပါဘူး။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာတယ် ဆိုရင်တောင်မှ ရန်ကုန်တို့ ထားဝယ်တို့ ကျောက်ဖြူတို့ မှာလို ကုန်ထုတ်လုပ်မှုလုပ်ငန်း ကြီးကြီး တွေ မန္တလေးကို ၀င်ဖို့နည်းပါတယ်။ ၀န်ဆောင်မှုလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းလောက်ပဲ အားကိုးလို့ ရမှာပါ။ ပြောချင်တာက မြန်မာပြည်ကြီး ဗြုန်းခနဲ ဖွံ့ဖြိုးလာရင်တောင်မှ မန္တလေးကတော့ သူ့နှုန်းနဲ့သူ ပဲ တိုးတက်ပါလိမ့်မယ်။ လျှပ်စစ်အသုံးကလည်း တအိအိပဲ တက်လာပါလိမ့်မယ်။ နည်းနည်းပါးပါး တိုးနှုန်းမြန်လာတာတော့ ရှိမှာပေါ့လေ။

ကဲ... မီးဘာကြောင့်ပျက်ရတယ် ဆိုတဲ့ အကြောင်းလေး ပြောပါဦးမယ်။ မီးဘာလို့ ပျက်လဲ ဆိုတော့ မလာလို့ပေါ့ဗျာ။ အဲလို ဖြေတာ အရှင်းဆုံးဖြစ်မယ်ထင်တယ်။ အတည်ပြောပါ့မယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဓာတ်အားပေးစက်ရုံတွေက တောထဲမှာ။ အဲဒီကနေ မြန်မာပြည်အောက်ပိုင်းကို ပို့နေရတာ။ ဓာတ်အားထုတ်လုပ်မှုရဲ့ ငါးပုံနှစ်ပုံ(၄၀%)က မန္တလေးတိုင်းက ထုတ်တာပါ။ (ရဲရွာ၊ ပေါင်းလောင်း၊ ဆည်တော်ကြီး၊ ကင်းတား) နောက် ၂၀%လောက်ကို ရှမ်းတောင်နဲ့ ကယားက ထုတ်ပါတယ် (လောပိတ၁ နှင့် ၂၊ တီကျစ်၊ ကျိုင်းတောင်း၊ ဇော်ဂျီ ၁နှင့်၂) ရန်ကုန်နားက သဘာဝဓာတ်ငွေ့စက်ရုံတွေက ၂၀%လောက်ထုတ်ပါတယ်။ (အလုံ၊ လှော်ကား၊ ရွာမ၊ သာကေတ) ရှမ်းမြောက်က ၁၅%နှုန်း(ရွှေလီ-၁) နောက်ကျန်တာတွေက ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မွန် စတာတွေမှာ နည်းနည်းစီ ထုတ်ပါတယ်။

လျှပ်စစ်အသုံးကျတော့ ရန်ကုန်က ၄၅%နှုန်း မန္တလေးက ၁၀%ခန့် နေပြည်တော်က ၄%ခန့် သုံးပါတယ်။ အဲတော့ ရန်ကုန်မှာ သုံးဖို့ ဆွဲရတဲ့ လိုင်းတွေက ရွှေလီကနေ ဆို ရွှေလီ-မန်စံ-ရွှေစာရံ(မန္တလေးအနီး) ကနေတဆင့် ဘဲလင်း-သပြေ၀(မိတ္ထီလာအနီး) ဆက်သွား ပြီးတော့မှ သာစည်-ပျဥ်းမနား-တောင်ငူ-ကမာနတ်(ပဲခူးအနီး) ကနေပြီး ရန်ကုန်နားက ခွဲရုံတွေကို ၀င်ရပါတယ်။ ရဲရွာဓာတ်အားက ဘဲလင်းနဲ့ သပြေ၀မှာ လာပေါင်းပါတယ်။ ပေါင်းလောင်းဓာတ်အားက ပျဉ်းမနားမှာ လာပေါင်းပါတယ်။ လောပိတက ထုတ်တဲ့ ဓာတ်အားက သာစည်မှာ လောပိတ-တီကျစ်-ကလော-သာစည် ဓာတ်အားလိုင်းက လည်းကောင်း တောင်ငူမှာ လောပိတ-တောင်ငူဓာတ်အားလိုင်းကလည်းကောင်း တဆင့်လာပေါင်းပါတယ်။ အဲဒီမှာ ဘာရည်ရွယ်ချက်ရှိလို့ ရှိမှန်းမသိတဲ့ ကောင်တွေက လောပိတ-တောင်ငူနဲ့ ရွှေလီ-မန်စံ လိုင်းတွေကို ဖျက်ဆီးလိုက်ပါတယ်။ အဲဒီမှာတင် ထုတ်သမျှလျှပ်စစ်က ရန်ကုန်ကို ဘယ်လိုင်းက စီးလို့ စီးရမှန်းမသိဖြစ်ကုန်ပါတယ်။ လိုင်းတွေရဲ့ သယ်ဆောင်နိုင်အားတွေ အသေးစိတ်ပြောရင် ရှုပ်ကုန်မှာစိုးလို့ မပြောတော့ပါဘူး။ သေချာတာကတော့ အဲဒီ လောပိတ-တောင်ငူနဲ့ ရွှေလီ-မန်စံ လိုင်းတွေ အဖျက်ခံရတဲ့အတွက် ရန်ကုန် မီးမပျက်ဖို့ သေမလောက် လုံးပန်းနေရပါတယ်။ ရန်ကုန်မပျက်တောင် အနည်းဆုံး တောင်ငူနဲ့ ပဲခူးလောက်မှာ ပျက်ပါတယ်။ မန္တလေးတို့လို မြန်မာပြည်အထက်ပိုင်းမှာ ပျက်တာကတော့ ဓာတ်အားလိုင်းခပ်ငယ်ငယ်လေးတွေရဲ့ ယာယီအပြစ်ကြောင့်သာ ဖြစ်ပါလိမ့်မယ်။

မီးအမြဲလာဖို့(လုံးဝမပျက်ဘဲ လာဖို့) ကတော့ ဓာတ်အားပေးစက်ရုံတွေကို တိုးဆောက်ရမယ်။ ရေအားချည်းပဲ ကတော့ မဖြစ်ပါဘူး။ ရေအားပဲ ဆောက်ရင်တော့ ရန်ကုန်မှာ ခုလက်ရှိတောင် မလွယ်တာ။ နောင်လေးငါးနှစ် နှစ်ဆလောက် တက်လာမယ့် အချိန်ဆို လုံးဝ မလွယ်တော့ပါဘူး။ နောက်ဓာတ်အားလိုင်းတွေ သေချာတွက်ပြီးဆွဲရမယ်။ ဆွဲပြီးကာမှ ထုတ်ထားသလောက် မစီးနိုင်ရင် အလကားပါ။ နောက်ပြီး ဓာတ်အားဖြန့်ဖြူးရေး အပိုင်းမှာ သေသေချာချာ လုပ်ရပါမယ်။ သူများနိုင်ငံမှာ Technical Loss ဆိုတဲ့ စက်ပစ္စည်းတွေ ကြောင့်ပဲ ဆုံးရှုံးတာ။ ကျွန်တော်တို့ ဆီမှာ Non-technical Loss ဆိုတဲ့ လူကြောင့် ဆုံးရှုံးတာပါ တော်တော်များနေတယ်လေ။ အဲဒါလေးတွေ သေချာလုပ်ရပါမယ်။ နောက် အရေးကြီးတာတစ်ခုက ဓာတ်အားစနစ် တစ်ခုလုံးကို Frequency and Voltage Control သေချာလုပ်ဖို့လိုပါမယ်။ အရေးပေါ်မှ ဟိုခေါ်ဒီဆက်လုပ်နေရတဲ့ လက်ရှိစနစ်ကနေ ဓာတ်အားစနစ်ကြီး တစ်ခုလုံးကို တစ်နေရာတည်းက မောက်စ်ကလစ်ရုံနဲ့ ထိန်းနိုင်ဖို့ လုပ်နေကြပြီလို့ ထင်ပါတယ်။



Myanmar Express 

7 comments:

လောင်စာဆီတုံးက သြဂုတ်လ (၁၅) ရက်နေ့ မှစသွားတာပါ။ ဗကပ စထောင်တဲ့နေ့ပါ။

မီးမလာတာကို အကြောင်းပြုပြီး ဗကပကတော့ လူထုကို အသုံးချနေမှာဘဲ။ ဒီမိုဝေယံဘလော့မှာ ဗကပလက်ချက်ပါ လို့  မနေ့ညက ရေးခဲ့ပါတယ်။ ဒီကော်မန့်  အဖျက်ခံလိုက်ရတယ်။

လျှပ်စစ်မီးမရှိဘူးသာပြောတယ် ဖဘမှာ တင်လိုက်ကြတဲ့ ဓာတ်ပုံတွေ၊ စာတွေ၊ ကဗျာတွေ မနည်းပါလားဟဲ့။
အစိုးရက ဒီလောက်လုပ်ပေးနေပြီ ဘယ်တော့ကျေနပ်ကြမလဲဟ။
တစ်ခါမှ မရဘူးတဲ့အခွင့်အရေးတွေရတယ်၊ နိုင်ငံခြားမှာအလုပ်ထွက်လုပ်သူတွေ အခွန်မဆောင်ရတော့ဘူး၊ နိုင်ငံခြားငွေတွေကို တိုက်ရိုက်လွှဲလို့ရပြီ။
အဆိုးမြင်ဝါဒီသမားတွေဖြစ်ပြီး ဘယ်သူ့ကိုမှ အကောင်းမပြောတဲ့ ဘီဘီစီတို့ ဗွီအိုအေတို့ မြန်မာပြည်ကို ခြေချခွင့်ရတယ်။
သောင်းကျန်းသူတွေဟာ ရန်ကုန်မြို့က ဟိုတယ်တွေမှာ စည်းဝေးလုပ်ခွင့်ရတယ်။ ဒေါ်စု လေကျယ်ချင်သလောက်ကျယ်လို့ရတယ်။ (ဦးနုကို ရိုင်းစိုင်းခဲ့ပြီး ဘီအေဘွဲ့လေးတစ်လုံးရခဲ့တာနဲ့ မာနတံခွန်ထူခဲ့တာတွေတော့ မပြောတော့ဘူးဟေ့)

လျှပ်စစ်မီးကိစ္စ အစိုးရက ပြေပြေလည်လည်ပြောနေတာတောင်
ကျန်တဲ့ ဓာတ်ငွေ့ကိစ္စ၊ ဓာတ်ဆီကိစ္စ၊ ချီးကိစ္စ၊ သေးကိစ္စကော လို့
ဆိုနေကြသေးတယ်။ ခဏလေး စောင့်လို့မရဘူးလားဟ။

လျှပ်စစ်မီးအတွက် ဆန္ဒတွေပြဖို့တော့ ခွန်အားတွေရှိတယ်။
အဲဒီခွန်အားတွေစုပြီး လူစုပြီး အမှိုက်ရှင်းကြ၊ ကိုယ့်ခြံထဲကအမှိုက် ကိုယ်အရင်ရှင်းကြ၊ ကိုယ့်အ၀တ်ကို လျှောက်ကြ၊ ကိုယ့်ချီး စင်အောင် အရင်ကုန်းကြဟေ့။
ဟေ့ စည်ပင်သာယာကို မပြောနဲ့နော်။ အခြားတိုင်းပြည်တွေမှာ လူငယ့်အင်အားနဲ့ ကိုယ့်ရပ်ကွက်ကိုယ်ရှင်းတယ်။ ဘယ်သူကမှ တိုက်တွန်းလို့ မဟုတ် ကိုယ့်အသိစိတ်နဲ့ ကိုယ်လုပ်ကြတယ်ဟေ့
နင်တို့လို့ သူများရွတိုင်းမရွဘူး

ဒေါသ မောဟ ကြီးလှပါသော မြန်မာပြည်သူပြည်သားများ
ကိုယ်ချင်းစာတရားမဲ့ပြီး အတ္တကြီးလွန်းလှသော မြန်မာပြည်သားများ

နင်တို့အတ္တတွေဟာ နင်တို့ကိုလောင်မြိုက်ဝါးမြိုနေလို့
နင်တို့ ဘယ်တော့မှ မငြိမ်းချမ်းဘူးဟဲ့

thank you, but they're very stupid people, aung san su kyi too.
they're call aung san su kyi " mom " right:
* LIKE MOTHER LIKE SAN AND DAUGHtER**.
aung san su kyi how stupid, everybody knew ,people who have has brain.

ဟုတ်ပါပြီ . . . မြန်မာနိုင်ငံကို အထင်သေးတဲ့ အပေါ်က စောက်ရှုးမရယ်

very good second commenter, right:

I agree 2nd comment, who wrote the comment does not look down to Myanmar. It's only mentioned about comparison of Myanmar and some other countries, Myanmar Government is trying to do the best for our country as much as they can, many of Democracy countries are suffering and much more problems than Myanmar in the world today, please look at out side of Myanmar, many of so called Democratic Governments of foreign countries never work good for their own people, much much worse than our country, for example the Indonesian Government is pretending as they are the head of Democratic Government in ASEAN region, leading the Democratization in th region, but inside the country millions of people are suffering for foods and shuttlers, some of the area many of the people are much poor than in our country, they live at the dumps area, in Philippines too ( I saw it and I am a witness ), millions of Indonesians and Philippinos are working over sea as lowest jobs in the world, but Indonesian Government claims they are largest economy, 1st growing development country in ASEAN region. Please do not worry; Myanmar will be back richest(once) in South East Asia again, if Government is working hard as what they are doing right now, only Myanmar people need to change their individually each attitude and work hard for our country, now please be patient, this is just beginning.

OUR COUNTRY AND OUR PEOPLE NEED SUFFICIENT
ELECTRICITY.
WE DO NOT WANT REASONS AND EXCUSES.
WE DO NOT WANT DESTROYERS.
WE WANT BUILDERS FOR OUR COUNTRY.
SINGAPORE IS A VERY SMALL ISLAND (SIZE ABOUT THE BLU KYUN IN MON STATE) LENGTH 27 MILES
AND BREADTH ABOUT 17 MILES BUT HOW CAN
THEY PRODUCT (11,000 MW) FOR POPULATION
ABOUT 5.6 MILLIONS=5,600,000 WHY MYANMAR
CANNOT PRODUCT OVER 20,000 MW FOR 60
MILLIONS =60,000,000 PEOPLE.WE HAVE SO MANY
NATURAL RESOURCES IN OUR COUNTRY.
SINGAPORE HAVE NO NATURAL RESOURCES AND
NEARLY THEY HAVE TO IMPORT FOR THEM.
WE CAN SEE HUNDRED AND HUNDREDS OF TRANSFORMERS ON THE SIDEWALKS.THE DUTY TO
INSTALL TRANSFORMERS ARE EPC DUTY BUT PUBLIC
HAVE TO INSTALL WITH THEIR OWN EXPENSES.
EPC NEEDS TO MAKE ALL BREAKERS ARE WORKING
PROPERLY.
PUBLIC HAVE SO MANY GENERATORS TO PRODUCE
ELECTRICITY FOR THEM.WE HAVE VOICES AND
SMOKES IN THE STREETS.

WE DO NOT BLAME TO OUR NEW DEMOCRATIC
GOVERNMENT.WE UNDERSTAND OUR PRESIDENT
EXPLAINED MANY TIMES HOW HIS GOVERNMENT,PYI THU LUTTAW AND TAYAR LUTTAW CHOTE ARE
WORKING SO HARD FOR OUR COUNTRY WITHIN TWO
YEARS AND MADE GREAT SUCCESS.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်