Subscribe to our RSS Feed

မြန်မာ ဂျာနယ်လစ် ကွန်ရက်မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


မြန်မာဂျာနယ်လစ် ကွန်ရက် မှ ကြားဖြတ် Press Council နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့ ၀ါးတန်းလမ်း ပန်ဒါဟိုတယ် စားသောက်ဆိုင်တွင် ကျင်းပလျှက်ရှိသည်။ သတင်းထောက် ဦးရေ ၄၀ ကျော် တက်ရောက်သည့် ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် ကြားဖြတ် Press Council ၏ ရည်ရွယ်ချက်၊ ပါဝင်သင့်သည့် အချက်အလက်များ၊ တာဝန်များ၊တို့ကို ဆွေးနွေးလျှက်ရှိကြသည်။ မြန်မာဂျာနယ်လစ်ကွန်ရက်သည် လွတ်လပ်သည့် သတင်းစာသမားများဖြင့် ယခင်နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခုဖြစ်သည်။

ယခုလ ၁၀ ရက်နေ့တွင်လည်း NLD ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး များစွာစိတ်ပျက်မိပါကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်