Subscribe to our RSS Feed

မလေးရှားကုမ္ပဏီ မြန်မာပြည်တွင် နိုင်ငံခြားငွေ လဲလှယ်သည့်စင်တာ ဖွင့်မည်

From : ခေတ်လူငယ်


မလေးရှားနိုင်ငံ အခြေစိုက် ကုမ္ပဏီကြီးတစ်ခုဖြစ်သော Interpacific Event and Management သည် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်သည့် စင်တာတစ်ခုအား လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံခြားငွေမဆို လဲလှယ်ပေးနိုင်သည့် Money Changer Counter အား ဖွင့်လှစ်နိုင်ရန်အတွက် အစိုးရအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကုမ္ပဏီသည် စင်ကာပူနိုင်ငံသားပိုင်ဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံခြားငွေ လဲလှယ်သည့် ကောင်တာများတွင် လက်ရှိကာလ၌ စင်ကာပူဒေါ်လာ၊ အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် FEC ဟူသည့် ငွေကြေးလေးမျိုးသာ လဲလှယ်ပေးနိုင်ပြီး မည်သည့်နိုင်ငံခြားငွေ မဆို လဲလှယ်ပေးနိုင်မည့် စင်တာကို မကြာမီ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်