Subscribe to our RSS Feed

အ ကုသိုလ် များလှသည့် မြန်မာ နိုင်ငံရေး အကျဉ်းသားဟောင်းများထဲမှ တစ်ဦး ဓာတ်လိုက်သေဆုံး

From : .. Narajia

တောင်ကုတ်မြို့မှ နိုင်ငံရေး အကျဉ်းသားဟာင်း တစ်ဦး ဖြစ်သူ ကိုဆန်းလွှင်သည် သူမောင်းနှင်နေသည့် အမြန်ရေယာဉ် တစ်ခုပေါ်တွင် ရုတ်တရက် ဓာတ်လိုက် သေဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။

ရွှေပြည်တန် အမြန်ယာဉ်

ကိုဆန်းလွှင်သည် တောင်ကုတ်နှင့် စစ်တွေ အကြား ပြေးဆွဲနေသော ရွှေပြည်တန် အမြန်ယာဉ်တွင် မာလိန်မှူး အဖြစ် တာဝန်ယူမောင်းနှင်နေစဉ် ဓာတ်လိုက်သေဆုံးသွားခြင်း ဖြစ်ကြောင်း သူ၏ လုပ်ဖေါ် ကိုင်ဘက် တစ်ဦး ဖြစ်သူ ကိုမိုးနိုင်စိုးက ပြောသည်။

“ မေလ ၆ ရက်နေ့မှာ ဆုံးပါတယ်။သင်္ဘောပေါ်မှာ စက်ကို ပြုပြင်နေစဉ် ကာရန်း ဓာတ်လိုက်ရာမှ ရုတ်တရက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ စစ်တွေပြည်သူ့ ဆေးရုံကို ယူသွားပေမယ့် သူ့က သင်္ဘောပေါ်မှာကတည်းက ဆုံးသွားပါပြီ။ မေလ ၈ ရက်နေ့မှာတော့ စစ်တွေမှာ သူ့ကို သဂြိုလ်ခဲ့တယ်။”

ကိုဆန်းလွှင် သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး အရေးအခင်းနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေခ်ျ့ကို ထွက်လာရာတွင် ဒုတိယ အသုတ် တောင်ကုတ် အုပ်စုထဲ၌ ပါဝင်ခဲ့သည်။  အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းကို ပြန်ဝင်သွားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကုတ်မြို့နယ် စည်းရုံးရေး ကော်မီတီ အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့သည်။ ၂၀၀၂ ခုနှစ် ထောင်မှ ပြန်လွှတ်လာပြီး ရွှေပြည်တန် အမြန်ရေယာဉ်တွင် မာလိန်မှူး အဖြစ် လုပ်ကိုင်ခဲ့သည်။


ကိုဆန်းလွှင်မှာ အသက် (၄၅) နှစ်ရှိပြီး သူ့တွင် ဇနီး တစ်ဦးကျန်ရှိခဲ့ပြီး သားသမီး မကျန်ခဲ့ဟု သိရသည်။ သူ့ဇနီး ဖြစ်သူမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်သည့် ရခိုင်- မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးသာထွန်းနှင့် မြေးတော်စပ်သူ ဖြစ်ကြောင်း သိရသည်။


နိုင်ငံရေးအကျဉ်းသားဟောင်းများသည့် ရှေးဘဝ အဆက်ဆက်က ပြုခဲ့သည့် အ ကုသိုလ် မကောင်းမှုများကြောင့် ယခုဘဝတွင် အကျဉ်းကျခံရမှုများ ရှိခဲ့သော်လည်း သမ္မတကြီး ဦးသိန်းစိန်မှ အ ကုသိုလ် မကုန်ခင် ပြန်လည်လွှတ်ပေးခြင်းများ ရှိသဖြင့် လွတ်မြောက်လာပြီးနောက်ပိုင်း မည်သူမျှ လူမွှေးလူတောင် မပြောင်ပဲရှိနေသည့်အပြင် ယခုကဲ့သို့ အသေဆိုးနှင့် သေဆုံးမှုများဖြစ်နေရကြောင်း ဆရာတော် တပါးမှ သုံးသပ်ခဲ့သည်။

ယနေ့လက်ရှိတွင်လည်း ဖခင်အရွယ်၊ အဘိုးအရွယ် သမ္မတကြီးနှင့် အစိုးရတာဝန်ရှိသူများကို ရိုင်းစိုင်းစွာ ပြောဆိုနေသူ အများအပြားရှိနေပြီး ထိုသူများလည်း ကိုဆန်းလွင်ကဲ့သို့ အသေဆိုးဖြင့် သေနိုင်ကြောင်း ဆရာတော်က မှတ်ချက်ပေးခဲ့သည်။

.. www.MyanmarExpress.net
 

4 comments:

သမ္မတကြီးကဘုန်းကြီးတယ်နော်သဘောထားလည်းပြည့်တယ်
နောက်မစော်ကားကြနဲ့ဗျ ဟိုအကုသိုလ်ပြိတ္တာမကြီး
ဒီမိုဝက်ကြီးတို့လဲသတိထားကြပေါ့ကွာ

SAFETY ISSUE

NO COMMENT FOR POLITIC.
SAFETY IS VERY IMPORTANT ON ALL SMALL
SHIPS AND ALL LARGE SHIPS NAVIGATING
IN RIVERS,HOME TRADE WATER OR FOREIGN GOING.
MANY CREW INCLUDING NAVIGATION OFFICERS
AND ENGINEERS AND PASSENGERS DIED IN
INLAND WATERWAYS AND AT SEAS.
NEED TO TAKE TIGHT CONTROL ON THE SAFETY
OF SHIP INSPECTIONS AND PROPER MAINTENANCE
OF ALL INLAND AND SEA GOING VESSELS.
NEED TO TAKE TIGHT CONTROL ALL EXAMINATIONS
OF DECK AND ENGINE CREW INCLUDING MASTERS,MATES AND ENGINEERS.
INLAND STEAM VESSEL ACT SHOULD REVISE
SOONEST POSSIBLE.
ALL INSPECTIONS AND EXAMINATIONS SHOULD
STRICTLY FOLLOW IMCO/NEW RULES.
DEPARTMENT OF MAINE ADMINISTRATION SHOULD
REORGANIZE ALL OFFICERS FROM DIRECTOR
GENERAL TO MARINE SURVEYORS WITH PROPER
EDUCATION AND EXPERIENCES.
HEAD OF THE MAINE DEPARTMENT SHOULD BE
SEAGOING CAPTAIN WITH FULL TECHNICAL
KNOWLEDGE AND SEAGOING EXPERIENCES.
CHIEF ENGINEERS SHOULD NOT TO LEAD THE
MARINE DEPARTMENT BUT WORK UNDER THE SEA
GOING MASTER/CAPTAIN.
BECAUSE SHIP CAPTAIN IS COMMANDER OF A
SEA GOING VESSEL WITH FULL TECHNICAL
KNOWLEDGE AND THEORETICAL ENGINEER
KNOWLEDGE BUT CHIEF ENGINEER HAVE FULL
ENGINEERING KNOWLEDGE ONLY AND HE NEVER
LEAD THE WHOLE SHIP OPERATIONS.
THE DIRECTOR GENERAL JOB IS THE WHOLE
MARINE DEPARTMENT OPERATION.
ALL INLAND WATERWAYS NEED UPDATE CHARTS.
YANGON RIVER,PATHEIN RIVER AND MAW LA MYING
RIVER SHOULD ADOPT LANE SEPARATION SO THAT
IT WILL REDUCE COLLISION AND NOT TO HAPPEN
LIKE TANKER AND CAR CARRIER COLLIDED AND
THE TANKER SUNK IN CHANNEL VERY RECENTLY.
THIS COMMENT AIM TO PROMOTE OUR SHIPPING
INDUSTRY.NO HATE,NO FAVOUR AND NO BIAS
TO ANYBODY BUT ONLY LOOKING FOR THE
BENEFIT OF OUR COUNTRY AND OUR PEOPLE.


must die ,, follower NLD

စောက်ရူး ဘယ်သမ္မတကဘုန်းကြီးတာလဲ စစ်သားကိုဘောင်းဘီချွထားပြီး သူတော်ကောင်းဘုန်းကြီးတွေနဲ့ အမေစုကိုစော်ကားတဲ့ ကြံ့ခိုင်ရေးအတွင်းရေးမူးဒဂုံတောင်ကဇော်ဦးမြွေကိုက်ပြီးသေသွားတာမင်းသိလား မင်းလဲသူတော်ကောင်းကိုစော်ကားရင်သေချင်းဆိုးနဲ့သေလိမ့်မယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်