Subscribe to our RSS Feed

စစ်တပ်မအုပ်ချုပ်ခြင်း၏ အကျိုးဆက် နိုင်ငံတွင် ပြည်နယ် တစ်ခု တိုးရတော့မည်

From : ..rfa


ဝတိုင်းရင်းသားအဖွဲ့တွေက သူတို့အတွက် အထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ်ကနေ ဝပြည်နယ်အဖြစ် တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ သတင်းရရှိပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်ထားတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ လွှတ်တော်မှာ အမတ်နေရာတချို့ရထားတဲ့ ဝဒီမိုကရက်တစ်ပါတီတို့က တောင်းဆိုလိုက်ကြတာပါ။

UWSA လားရှိုးရုံးတာဝန်ခံ ဦးတုန်ဆန်းက မိမိတို့အတွက် ပြည်နယ်တစ်ခုအဖြစ် အသိအမှတ်ပြုစေချင်တယ်လို့ ဘာသာရေးပွဲတစ်ခုမှာ လူထုကိုပြောဆိုလိုက်တဲ့အကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

ဝဒီမိုကရက်တစ် ပါတီအမတ် ဦးစိုင်းပေါင်းနပ်ကလဲ ဝပြည်နယ်ဆိုတာ အင်္ဂလိပ်အုပ်ချုပ်တဲ့ ကာလကတည်းကရှိခဲ့တာလို့ ပြောပါတယ်။

"ကျနော်တို့ ဝတိုင်းရင်းသားတွေအနေနဲ့ တောင်းတာပေါ့၊ နိုင်ငံတော် အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုရင်လည်း ကျနော်တို့ အရေးဆိုဖို့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဝတိုင်းရင်းသားလည်းဖြစ်တဲ့ ကျနော်တို့တော့တောင်းတာပဲ၊ တောင်းတဲ့ရည်ရွယ်ချက်ကတော့ မြန်မာပြည်က အိန္ဒိယနဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရှိခဲ့စဉ်ကတည်းကပေါ့လေ ဝကသီးခြားပြည်နယ်တစ်ခုပဲ၊ ဒါကြောင့် ဝတွေကဒီနေ့အထိ သူများတွေပြည်နယ်ရှိကြတယ်၊ တို့မရှိဘူးဆိုပြီးတော့မှ အဲလိုခံယူကြတယ်၊ UWSA ကတော့ အခုတောင်တောင်းနေပြီ"

ဒါကြောင့် ဝပြည်နယ်အဖြစ် သီးခြားသတ်မှတ်လာအောင် တောင်းဆိုသွားမှာဖြစ်သလို ဒါဟာ မြန်မာနိုင်ငံကနေ ခွဲထွက်ဖို့ဆောင်ရွက်တာမဟုတ်ဘူးလို့ ဦးစိုင်းပေါင်းနပ်က ပြောပါတယ်။

“ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံက ခွဲထွက်မယ်ဆိုတာတော့ လုံးဝမဖြစ်ဘူး၊ တစ်ခုသိထားဖို့က အခုမြန်မာပြည်မှာ ဖယ်ဒရယ်မူနဲ့အုပ်ချုပ်ဖို့ နိုင်ငံတော်အစိုးရက သဘောတူတယ်၊ ပြည်ထောင်စုဆိုရင်လည်း ဒီအတိုင်းပဲ၊ သီးခြားပြည်နယ်တစ်ခုအဖြစ်တော့ သတ်မှတ်ပေးဖို့လိုမယ်ဆိုတာကိုတော့ အားလုံးကတညီတညွှတ်တည်း ထောက်ခံကြတယ်”

ဝတိုင်းရင်းသားဒေသကို ဝပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ စတဲ့အချက် ၂ ချက်အပါအဝင် စုစုပေါင်း ၁၀ ချက်ကျော်ကို ပြီးခဲ့တဲ့မေလ ၁၀ ရက်နေ့က ရှမ်းပြည်နယ် အထူးဒေသ ၂ မှာ ဝခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံပွဲမှာ တောင်းဆိုလိုက်တာလို့ အမည်မဖေါ်လိုတဲ့ UWSA အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ ဝ-အရာရှိတစ်ဦးက ပြောပါတယ်။

သူတို့တောင်းဆိုချက်တွေကို လွှတ်တော်မှာ ဆွေးနွေးဖို့တင်ပြပေးသွားမှာဖြစ်ကြောင်း ကတိပေးသွားတယ်လို့လည်း သိရပါတယ်။


.. www.MyanmarExpress.net
 

6 comments:

*for our country and for our people*

our country and our people should stay
united.
cannot understand why every group asking
own state.
all countries on earth separated states
for convenient to rule.but they are not
separated by races.many people
misinterpret the meaning of state.
examples;the following countries are not
divided/separated by races.
united states of america
united kingdom
europe union
china
india
russia etc...
we are trying to stay united for all
myanmar that is included seven states
and seven divisions.
if we are not united means we are divided.
if we are divided means we cannot resist/
defend our common enemies.
if we can not defend the common enemies
mean we all will lost our country,states,
land,water,air and lost our freedom and
lost our religion/faiths and lost
everything and may be we all lost our life.
if this kind of bad thing may not happen
now but may be all of our children grand
children will lost life in one day,IF WE
ARE NOT UNITED.
please be careful.please think seriously.
please think..think...think...
our common enemies are smiling and waiting
for to take our whole country very easily
attacking one state at a time.
please think again and again..
""UNITED WE STAND'' DIVIDED WE FALL.
WE SHOULD LOVE OUR COUNTRY AND OUR PEOPLE.

WUNTHANU...

No matter how many States in Myanmar but we must call all
States; example: Yangon States, Mandalay States, etc....
because all different Myanmar Nationals are living together in
each State, In Kachin State not only Kachin Nationals are
living, others Bamar, Shan, Chin and many more ...., as same
as in Yangon not only Bamar Nationals are living, all others
Myanmar Nationals are living together peacefully. Better
change all as States just like in United States; Mandalay
State, Yangon State, Mon State, Chin State, Kachin State......
must be Federated States, every State must have own
constitution and own authority for all people, must have own
State Police but only one Military in Country, in USA there is
a own State Police in each State, but only one United States
Military Forces ( Army, Navy and Air-force )

ပြည်နယ်သတ်မှတ်ပေးဖို့ကို လုံးဝသဘောမတူပါ။ တိုက်ပါမည်...။

၁၅ ပြည်နယ်တိုင်းဖြစ်တော့မှာလား နကိုကတည်းက ၀ မျိုးနွယ်ဆို တာရှိ တာသိတယ်လေ အကြပ်တည်းတွေ များနေချိန် မှာတောင်း ဆိုတာတော့ ပြည်ထောင်စု စိတ် မရှိရာ ရောက်မှာပေါ့။

You are lucky to say that.
Your papa thought about giving the whole country to those future states' papa.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်