Subscribe to our RSS Feed

ဂျပန်မှ မြန်မာနိုင်ငံအတွက် ဒေါ်လာ သန်း ၉၈၀ ကို ကြေညာပေးဖို့ ရှိ

From : ..DVB





၃၆ နှစ်အတွင်း မြန်မာပြည်ကို ပထမဆုံး လာရောက် လည်ပတ်တဲ့ ဂျပန် ၀န်ကြီးချုပ်အနေ
ရှင်ဇို အာဘေးဟာ ဒီနေ့ ညနေမှာ မြန်မာပြည်ကို ရောက်ရှိလာပါတယ်။ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်၊ ဒါ့အပြင် ဂျပန် ကုမ္မဏီတွေက ကူညီ ဆောက်လုပ်ပေးနေတဲ့
သီလ၀ါ ဆိပ်ကမ်းနဲ စက်မှုဇုန်၊ စစ်အတွင်းက ကျဆုံးသွားတဲ့ ဂျပန်စစ်သားတွေ မြှုပ်ထားတဲ့
သင်္ချိုင်းတို့ကို သွားရောက်လည်ပတ်ဖို့ ရှိပါတယ်၊

ဂျပန် ၀န်ကြီးချုပ်နဲ့အတူ စီးပွားရေးသမားတွေလည်း လိုက်ပါလာပြီး ရင်းနှီးမြုပ်နှံမူ ကိစ္စတွေ ဆွေးနွေး နိုင်မယ့် အလားလာတွေ ရှိပါတယ်။
မနှစ်တုန်းက ကမ္ဘာဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ကို မြန်မာပြည်က တင်နေတဲ့ အကြွေး အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံကို ဂျပန်က ကြားဝင်ဆပ်ပေးဖို့
သဘောတူခဲ့ပါတယ်၊ သုံးရက်ကြာမယ့် ဂျပန် ၀န်ကြီးချုပ်ရဲ့ အခု ခရီးစဉ်အတွင်းမှာ မြန်မာပြည်အတွက် ဖွံ့ဖြိုးရေးအကူအညီ အမေရိကန်
ဒေါ်လာ သန်း ၉၈၀ ကို ကြေညာပေးဖို့ ရှိတယ်လို့
သတင်းတွေက ဆိုပါတယ်။

 

ဂျပန်မှ 

DVB

.. www.MyanmarExpress.net
 

2 comments:

We need to help the nihon by letting them use our land to control the world's economies.

ကျေးဇူးတင်ပါတယ် ဒါပေမယ့်
မသမာသူတွေ လက်ထဲရောက်သွားဦးမှာပဲ
စိုးရိမ်မိတယ် ပြည်သူလူထုအပြည့်အဝ
ခံစားကြရပါစေဗျာ ဒီကာလတွေမှာတော့
လုပ်ပိုင်ခွင့်ရသူတွေ မခိုးစားကြပါနဲ့တော့
အလှူကို ဖြတ်စားလပ်စားလုပ်တာမျိုးနော်
ဒီဘဝမခံရရင်တောင် နောင်ဘဝခံရမှာနော်
သတိပေးပါရဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်