Subscribe to our RSS Feed

ပြည်ခိုင်ဖြိုး ပါတီမှ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မြ၀တီရပ်ကွက် ဂရုဏာလုလင် လူမှုကူညီရေး အသင်းအား အလှူငွေ ပေးအပ်



ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်၊ ဂရုဏာလုလင် လူမှုကူညီရေး အသင်းအား အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ် မေလ (၁၂) ရက်နေ့ နေ့လည် (၁) နာရီ (၃၀) မိနစ် အချိန်တွင် အဆိုပါ အသင်းရုံးခန်း၌ ပြုလုပ်ရာ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းစိုး၊ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုးမြင့်၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးမြအေး၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဧရာဝတီတိုင်းဒေသ ကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ ဂရုဏာလုလင် လူမှု ကူညီရေး အသင်း အလုပ်အမှုဆောင်များနှင့် အသင်း ၀င်များ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက နာရေးယာဉ်(၁)စီး အကြီးစားပြုပြင်ရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂရုဏာလုလင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်းသန်းနှင့် အမှုဆောင်များက လက်ခံရယူစဉ်
ရှေးဦးစွာ ဂရုဏာလုလင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းက ဂရုဏာလုလင် လူမှုကူညီရေး အသင်း လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ တိုးတက်လာသည့် အခြေအနေများ နာရေးယာဉ်နှင့် လူနာတင် ယာဉ် ရရှိမှု အခြေအနများအား တင်ပြသည်။
၎င်းနောက် ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ယခုအသင်းမှာ စေတနာကို အရင်းခံ၍ ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း၊ လူမှုရေးလုပ်ငန်းကို လူတိုင်းလုပ်လို့ရကြောင်း၊ လူတိုင်းလုပ်လို့ရတဲ့ အတွက်လည်း လူတိုင်းလုပ်နေ ကြကြောင်း၊ ပြင်းထန်တဲ့လောဘမှာ ကောင်းသည့်လောဘဖြစ်သော်လည်း လောဘကြောင့် ဒုက္ခရောက်တတ်ကြောင်း၊ ဒေါသနှင့် မနာလိုစိတ်ရှိလျှင်လည်း ပျက်တတ်ကြောင်း၊ မာနမှာ လည်းလိုသည်ထက် ပိုလျှင်မှားတတ်ကြောင်း၊ ထို့ကြောင့် ပြိုင်ဆိုင်မှုမျိုး မလုပ်ဘဲ ရည်မှန်းချက်တူသူချင်း ပေါင်းလုပ်ကြရန်လိုကြောင်း၊ အကူအညီလိုလျှင်လည်း ပေးကြရန်နှင့် အသင်း၌ လူနာတင်ယာဉ်(၁)စီး၊ နာရေး ယာဉ်(၂)စီး၊ကျန်းမာရေး စောင့်ရှောက်ယာဉ်(၁)စီးရှိကြောင်း၊နာရေးယာဉ် (၂)စီး အနက် (၁)စီးမှာအကြီးစား ပြင်ဆင်ရန် လိုသဖြင့် လိုအပ်ငွေအား မိမိမှ ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက နာရေးယာဉ် (၁) စီး အကြီးစား ပြုပြင်ရန်အတွက် အလှူငွေ များ ပေးအပ်လှူဒါန်းရာ ဂရုဏာလုလင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းနှင့် အမှုဆောင်များက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

.. www.MyanmarExpress.net
 

1 comments:

ဂုဏ်ယူပါတယ်ပြည်ခိုင်ဖြိုး လူမှု့ရေးလုပ်ငန်းတွေကိုပြည်
ခိုင်ဖြိုးခေါင်းစဉ်နဲ့တစ်နိုင်ငံလုံးမှာလုပ်သင့်တယ် အောင်မြင်ပါစေ
လုံးဝမရပ်ပါနဲ့ဆက်တိုက်လုပ်ပါ ဗုဒ္ဓကိုအမြဲဦးထိပ်မှာထားပါ
သေချာပေါက်အောင်မြင်ပါလိမ့်မယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်