Subscribe to our RSS Feed

ဥပဒေပြုရေး မဏ္ဍိုင် လွှတ်တော်အမတ် ဆီမှ ခြောက်သိန်းကျော် ခါးပိုက်နှိုက်သည့် တရားခံဖမ်းမိ

From : ..the voice


ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိယဉ်ချမ်းထံမှ ကျပ်ခြောက်သိန်းကျော်ကို ခါးပိုက်နှိုက်ကာ ဆိုင်ကယ်ဝယ်စီးနေသော ခါးပိုက်နှိုက်သမားကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ဧပြီလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ လှိုင်သာယာသို့ ပြေးဆွဲသည့် (၄၃) ဒိုင်နာအဖြူ ရောင်ကို ယာဉ်စီး၍ လိုက်ပါလာစဉ် သမိုင်းလမ်းဆုံ၌ ဆင်းခဲ့ပြီး ဘေးလွယ်အိတ်ဇစ် ပွင့်နေသဖြင့် စစ်ဆေးကြည့်ရာ နိုင်ငံသားစိစစ်ရေးကတ်ပြား အပါအဝင် ငွေကျပ်ခြောက်သိန်းခွဲနှင့် ပိုက်ဆံအိတ်နှစ်အိတ် ခါးပိုက်နှိုက် ခံခဲ့ရကြောင်း မွန်ပြည်နယ် ကျိုက်မရောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိယဉ်ချမ်းက ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် နေထိုင်သည့် ခါးပိုက်နှိုက်ဟု ယူဆရသူ သက်ဆွေဖြိုးကို မင်္ဂလာဈေးတွင် ဖမ်းဆီးရမိခဲ့ပြီး ခါးပိုက်နှိုက် လက်ကျန်များနှင့် တိုက်ဆိုင်စစ်ဆေး ခဲ့ရာမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံမှ ခါးပိုက်နှိုက်ခဲ့သူ ဖြစ်နေကြောင်း၊ ပိုက်ဆံအိတ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို သမိုင်းခုံးကျော် တံတားပေါ်တွင်လွှင့်ပစ်ခဲ့ပြီး
ခါးပိုက်နှိုက်ယူ ရရှိခဲ့သည့်ငွေဖြင့် ဝယ်ထားသည့် Follow Me Wave 125 အဖြူရောင်ဆိုင်ကယ်ကို သိမ်းဆည်းထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ခါးပိုက်နှိုက်ခံရသည့် ကျပ်ငွေခြောက်သိန်းမှာ အခြားမိတ်ဆွေတစ်ယောက် အပ်နှံထားသည့် ငွေဖြစ်ကြောင်း၊ နေပြည်တော်မှ ရန်ကုန်သို့ပြန်လာပြီး အောင်မင်္ဂလာ အဝေးပြေးမှ သမိုင်းလမ်းဆုံသို့ (၄၃) ဒိုင်နာစီးလာစဉ် ၆ ကွေ့မှတ်တိုင် အနီးတွင် ၄င်းကိုခါးပိုက်နှိုက်ခဲ့သူ တက်လာကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် ပိုက်ဆံအိတ် အခွံနှစ်လုံးကို နောက်နေ့နံနက်ပိုင်းတွင် ပြန်ရခဲ့ကြောင်း ဒေါ်မိယဉ်ချမ်းက ဆိုသည်။
“လူကို ကြည့်လိုက်ကတည်းက ခါးပိုက်နှိုက်မယ် ဆိုတာ သိနေတယ်။ သတိထားနေရင်း ကနေ ဘယ်လို နှိုက်သွားလဲမသိဘူး” ဟု ၄င်းကရှင်းပြသည်။

အဆိုပါ ခါးပိုက်နှိုက်ခံရမှုကို အရေးယူပေးရန် မရမ်းကုန်း ရဲတပ်ဖွဲ့စခန်းကို တိုင်ကြားခဲ့ပြီး ခါးပိုက်နှိုက် ဖမ်းဆီးထားသည့် အကြောင်းကို ရဲတပ်ဖွဲ့စခန်းက ယနေ့အထိ အကြောင်းကြားခြင်း မရှိသေးကြောင်း ဒေါ်မိယဉ်ချမ်းက ဆိုသည်။


 .. www.MyanmarExpress.net
 

3 comments:

WHERE THE CHANGES FOR PUBLIC?SUFFER WORSE N WORSE N LOST N LOST.SURE,WE NEVER GIVE OUR VOTE TO THIS A BA GOVT.WITH MYITTA

WE HAVE ONE OF THE BEST POLICE FORCES
IN THE WORLD.
THEY CAN DETECT,TRACK AND ARREST CRIMINALS NEARLY ALL CASES IF THEY PUT TIME AND
PRESSURE.
WE HOPE WE CAN STOP NEARLY ALL CRIME IF
WE CAN GET POLICE PROTECTION AS AND WHEN
NEEDED.

၂လစာလခပေါ့နော်များလိုက်တာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်