From : 
..dvb
ဒါပေမယ့်
 တယ်လီဖုန်းဆင်းကတ်တခုကို ကျပ် ၂ သိန်းချပေးစဉ်ကစလို့ ပီစီအိုတွေမှာ 
လာရောက်ဆက်သွယ်သူနည်းပါးလာတယ်။ အခုအခါ ကျပ်ငွေ ၁၅၀၀ တန်ဆင်းကတ်တွေကို 
မဲစနစ်နဲ့ ထုတ်ရောင်းတဲ့အခါမှာတော့ ကိုယ်ပိုင်လက်ကိုင် ဖုန်းကိုင်သူ 
ဦးရေတိုးပွားလာတာကြောင့် ပီစီအိုဖုန်းတွေမှာ ဆက်သွယ်သူ 
ပိုမိုနည်းပါးလာပါတယ်။
.. 
www.MyanmarExpress.net
 
တယ်လီဖုန်းဆင်းကတ်ဈေးတွေ 
တစထက်တစ ဈေးကျလာတာနဲ့အမျှ လက်ကိုင်ဖုန်းသုံးစွဲနိုင်သူဦးရေ တိုးပွားလာသလို
 အများပြည်သူသုံးတယ်လီဖုန်း ၀န်ဆောင်မှု စင်တာ (ပီစီအို) တွေရဲ့ ခေတ် 
တိမ်ကောလာနေပါတယ်။
လွန်ခဲ့တဲ့ 
နှစ်ပိုင်းတွေတုန်းက တယ်လီဖုန်းဆင်းကတ်ဈေးတွေကြီးမြင့်ခဲ့တဲ့ 
မြန်မာနိုင်ငံမှာ လူလတ်တန်းစားကအစ လမ်းဘေးတွေမှာ မြန်မာ့ဆက်သွယ်ရေးရဲ့ 
အများပြည်သူသုံးတယ်လီဖုန်း ၀န်ဆောင်မှုစင်တာ (ပီစီအို) တွေကို 
အားကိုးခဲ့ရတာပါ။
ဒါပေမယ့်
 တယ်လီဖုန်းဆင်းကတ်တခုကို ကျပ် ၂ သိန်းချပေးစဉ်ကစလို့ ပီစီအိုတွေမှာ 
လာရောက်ဆက်သွယ်သူနည်းပါးလာတယ်။ အခုအခါ ကျပ်ငွေ ၁၅၀၀ တန်ဆင်းကတ်တွေကို 
မဲစနစ်နဲ့ ထုတ်ရောင်းတဲ့အခါမှာတော့ ကိုယ်ပိုင်လက်ကိုင် ဖုန်းကိုင်သူ 
ဦးရေတိုးပွားလာတာကြောင့် ပီစီအိုဖုန်းတွေမှာ ဆက်သွယ်သူ 
ပိုမိုနည်းပါးလာပါတယ်။
ဒါနဲ့ပတ်သက်လို့ 
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က အများပြည်သူသုံး ဆက်သွယ်ရေးဝန်ထမ်း 
ဒေါ်အေးအေးက      “ဖုန်းဆက်သူတွေနည်းသွားတာတော့ တော်တော်ကိုကြာနေပြီ။ ၂ 
သိန်းဖုန်းတွေ စပေါ်ကတည်းကပဲ အခုနောက်ပိုင်း ပိုတောင်ဆိုးသေးတယ်။ 
တန်ဖိုးနည်းဖုန်းတွေပေါ်လာတော့ အမတို့ဆီမှာ ဆက်တဲ့သူ 
တော်တော်လေးရှားသွားတယ်။ လူစည်တဲ့နေရာ တာမွေမှာတောင် ဆက်တဲ့သူမရှိဘူး။ 
အရင်တုန်း ၁၀ ရာခိုင်နှုန်းဆက်တယ်ဆိုရင် အခုဆိုရင် ၃ ရာခိုင်နှုန်းလောက်ပဲ 
ရှိတော့တယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့နယ်အတွင်းမှာ ပီစီအိုဖုန်းတွေဟာ ကားမှတ်တိုင်တခုစီတိုင်းမှာ တဆိုင်ခန့် ရှိပါတယ်။
အစိုးရက ဆင်းကတ်တခုကို 
ကျပ် ၁၅၀၀နဲ့ ၁ လကို ၃ သိန်းခွဲချပေးတဲ့ အရေအတွက်ဟာ လိုအပ်ချက်ကို 
မပြည့်မီနိုင်သေးတာကြောင့် ပီစီအိုဖုန်းတွေကိုပဲ ဆက်လက်အားကိုးနေရသူတွေလည်း
 အများအပြားရှိနေဆဲပါ၊
ရန်ကုန်တိုင်း 
သင်္ဃန်းကျွန်မြို့နယ်က ပြည်သူတဦးကတော့ ဆင်းကတ်မဲပေါက်ရင်တောင် 
ကိုယ်ပိုင်ဖုန်းနဲ့ ဆက်နိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်၊
“ကျနော်တို့က 
ဖုန်းဝယ်မကိုင်နိုင်ပါဘူး။ ဖုန်းတွေမဲဖောက်လို့ လိုင်းကတ်ပေါက်ရင်တောင် 
ဖုန်းဝယ်မကိုင်နိုင်ဘူး။  ဘာလို့လဲဆိုတော့ ဟန်းဆက်တွေက ဈေးကြီးတယ်လေ။ 
ကျနော်တို့လို အခြေခံလူတန်းစားတွေကတော့ မကိုင်နိုင်ဘူး။ အရေးအကြောင်းရှိရင်
 လမ်းဘေး ပီစီအိုဖုန်းပဲပြေးရတာ။ အခုချိန်ထိလည်း ဆက်နေရတုန်းပဲ” လို့ 
ပြောပါတယ်။
ရန်ကုန်တိုင်းဟာ 
မဲဖောက်တဲ့အထဲမှာ အရေအတွက်အများဆုံးရတဲ့နေရာဖြစ်ပါတယ်။ ဒါကြောင့်  
ဖုန်းအလုံးရေများတာရဲ့ နောက်ဆက်တွဲအဖြစ် လိုင်းကျပ်တာတွေ 
လိုင်းပြတ်တောက်မှုတွေရှိနေတယ်လို့လည်း သုံးစွဲသူတချို့က ပြောပါတယ်။
ရန်ကင်းမြို့နယ်က 
ဦးအောင်ကိုက “အခုလိုဖုန်းတွေ ချပေးတာကောင်းပါတယ် ဒါပေမယ့် 
လိုင်းတွေကျပ်တာတော့အဆင်မပြေဘူး။ တခါတလေ ဘေးမှာထားပြီးခေါ်နေရင်တောင် 
ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတာ စိတ်မရှည်တော့ ပီစီအိုဖုန်းဆီပဲ 
ပြေးပြီးဆက်ရပါတယ်။ အရင်လောက်တော့ ပီစီအိုဖုန်း မသုံးဖြစ်တော့ဘူး။ 
တော်တော်များများက ဖုန်းရှိပြီးဆိုရင် လမ်းဘေးဖုန်းကို မဆက်ကြတော့ဘူး 
လူတိုင်းလိုလိုပါပဲ။ တခါတလေ ဟန်းဖုန်းထဲ ပိုက်ဆံပြတ်သွားရင် 
အရေးပေါ်အသုံးပြုတာတွေပဲရှိတော့တယ်” လို့ ပြောပါတယ်။
လက်ရှိဈေးကွက်မှာ 
ဖုန်းဟန်းဆက်တွေဟာ ကျပ်ငွေ ၃ သောင်းကနေ အထက်ရှိနေပါတယ်။ ဒါပေမယ့် 
အားနည်းချက်ကတော့ ဆင်းကတ်ပိုင်ရှင်ဟာ ၁ လကို အနည်းဆုံး ကျပ် ၂၅၀၀ ဖိုး 
ထည့်ဝင်သုံးစွဲရမှာ ဖြစ်ပါတယ်။ 


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်