Subscribe to our RSS Feed

ဆိတ်လစေ့နိုင်ငံရေး ကွန်မြူနစ်အဆွေး ဝင်းတင်ဆိုတဲ့ ဖောက်ပြန်ရေးသမားကြီးကို နေရာပေးကြ (သခင်ဆိုး)

From : ..ပလေတို ဒီမို

 
အခြေခံဥပဒေပြင်ဖို့ ကြံ့ခိုင်ရေးနဲ့ စစ်တပ်နဲ့ပေါင်းပြီး လုပ်မယ် ဆိုတော့ ၀င်းတင်ဆိုတဲ့ ခေါင်းဖြူ စွယ်ကျိုးကြီးက သေနာလား၊ ထိပ်ထားလား ဆိုပြီး ဟော့ရှော့ ထလုပ်တယ်။ ကဲ ဝင်းတင်ဟာ ဒေါ်စု လက်နဲ့ရေးတာကို ခြေနဲ့ ဖျက်နေတာ ဟုတ်သလား-မဟုတ်ဘူးလား စဉ်းစားကြည့်စရာမလိုတော့ဘူး

မျိုးဆက်သစ်တွေက ၀င်းတင်ဆိုတဲ့ သက်ကြားအိုပြီးကို မိုက်တယ် ခိုက်တယ်ဆိုပြီး ကိုးကွယ်နေမှာစိုးလို့ ခေါင်းဖြူသက်ကြားအိုကြီးအကြောင်း သိသင့်သလောက် ပြောပြလိုက်မယ်။
တစ်ကယ်တော့ ၀င်းတင်ဟာ သာကူး သာပေါင်း ဆိတ်လစေ့နိုင်ငံရေးသမားပဲ။ ခင်ဗျားကြီး ဘာတွေ ပြော နေတာလဲ။ ဦးဝင်းတင်က ဒီမိုကရေစီသမား စစ်စစ်၊ တော်လှန်ရေးသမား စစ်စစ်ဆိုပြီး ပြောချင်သပ ဆိုရင် စာကို ဆုံးအောင်ဖတ်ကြ။

ဝင်းတင်မှာ နိုင်ငံရေးခံယူချက် ခိုင်ခိုင်မာမာ မရှိဘူး။ သာရင် ကူးတဲ့ သာကူး။ တိတိကျကျ ပြောရင် နေရာရ ရင် ထိုင်ခုံပေးရင် ချက်ချင်းပြောင်းပြီး ကူးတဲ့သူ။
အမေရိကန်အတွက် စာပေဗိမာန်မှာ လုပ်တုန်းက ၀ါဒဖြန့်ချိရေးစာစောင်တွေ ဒိုင်ခံရေးပေးခဲ့တာ ၀င်းတင် ပဲ။ ဆရာတက်တိုးနဲ့ ပေါင်းပြီး စာပေဗိမာန်မှာ လုပ်ခဲ့တုန်းက။

သူပေါင်းတာက ဗကပတွေ၊ အခု လက်ကျန်ဗကပအဆွေးအဟောင်းထဲမှာ အသံ အကျယ်ဆုံးဖြစ်နေတာ။ သိန်းဖေမြင့် သေတာတောင် ဖြောင့်ဖြောင့် မသေရအောင် လုပ်ခဲ့တာ ၀င်းတင်ပဲ။ အဲဒီတုန်းက ၀င်းတင် ဟာ မဆလရဲ့ ပြန်ကြားရေးတာဝန်ခံ။ ဘာလို့ မဆလမှာ ၀င်းတင် လုပ်ရသလဲ။ ကွန်မြူနစ်က ဘာဖြစ်လို့ ဆိုရှယ်လစ်ကို ၀င်ရသလဲ။ မေးစရာ ရှိတယ်။
ရှင်းရှင်းလေးပါပဲ။ ၀င်းတင်ကို ဦးနေ၀င်းက နေရာတစ်နေရာပေးတယ်။ ထိုင်ခုံ ရတော့ ၀င်းတင် ဘက် ပြောင်းတယ်။ ဆိုရှယ်လစ် ချစ်သူကြီးပေါ့။ အရင်က ကွန်မြူနစ်အိုင်ဒီယာတွေ တစ်ခွန်းမှ မပြောတော့ဘူး။ သိသာသမှ သိပ်ကို သိသာလှသပေါ့။ ဒါ့ကြောင့် ပြောတာ ဆိတ်လစေ့နိုင်ငံရေးသမား ဆိုတာ။

သိန်းဖေမြင့်သေတော့ လမ်းစဉ်ပါတီနဲ့ ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ ကျန်ခဲ့တယ်။ တစ်ချို့ ဟာတွေက ပါတီ ထိပ်ပိုင်းပဲ သိရမယ့် ဟာတွေ။ ပြောရရင် ပါတီရဲ့ လျှို့ဝှက်ချက်တွေပေါ့။
ဝင်းတင်က သိန်းဖေမြင့်ကတော်ဆီက သွားမချလာတယ်။ ပြီးတော့ အကွက်ကောင်း တွေ့ပြီဆိုပြီး စာတမ်းဖတ်ပွဲ ထလုပ်တယ်။ ခေါင်းစဉ်က (စာရေးဆရာသိန်းဖေမြင့်၊ နိုင်ငံရေးသမား သိန်းဖေမြင့်) ဆိုတဲ့ ခေါင်းစဉ်။ ဘယ်သူ့မှ တိုင်ပင်တာ မဟုတ်ဘူး။ သူ့ဘာသာသူ ငါကွ ဆိုပြီး ထလုပ်တယ်။ ပါတီတွင်း လျှို့ဝှက်ချက်တွေကို အပြင်ကို ဖွင့်ချတဲ့ စောက်ကျင့်က အခုမှ မဟုတ်ဘူး။ အရင်ကတည်းက။ အကျင့် ဆိုတာ ဖျောက်လို့ မရဘူး။ အခုလည်း NLD အတွင်းရေးတွေ လျှောက်ပြောနေလို့ CEC အစည်း အဝေးတွေဆိုရင် ၀င်းတင်ကို မတက်ခိုင်းတော့ဘူး။ ဒီတော့ ပါတီမူဝါဒ သူ ဘာမှ မသိတော့ဘူး။ မသိဘဲနဲ့ စိတ်ထဲရှိတာတွေ လျှောက်လျှောက်ပြောနေတော့ နယ်က NLD ပါတီဝင်တွေ ဇဝေဇ၀ါ ဖြစ်ကုန်တယ်။ NLD ရဲ့ မူဝါဒလား ဘာလား ဖြစ်ကုန်ကြတယ်။ ဒေါ်စုမနိုင် ဆရာခေါင်းကိုင် ဖြစ်လာတာပဲ။

ဝင်းတင်က သိန်းဖေမြင့်ရဲ့ စာတမ်းတွေ တွေ့ပြီးတော့ အခွင့် မရှိဘဲ ဖွင့်ချတာ ပါတီကို သစ္စာဖောက်တာပဲ။ ဘယ်ပါတီဖြစ်ဖြစ် စည်းကမ်းစည်းမျဉ်းတွေ ရှိတယ်။ ပါတီကို ၀င်ထားပြီ ဆိုရင် ယုံကြည်လို့ပဲ ဖြစ်ဖြစ် မယုံကြည်လို့ပဲ ဖြစ်ဖြစ် လိုက်နာရမှာပဲ။ ဒါက နိုင်ငံရေးသမားတွေရဲ့ ကျင့်ဝတ်ပဲ။ ၀င်းတင်က ကျင့်ဝတ် ဆိုတာ မသိချင်ယောင်ဆောင်တယ်။ လမ်းစဉ်ပါတီ ၀င်တာကလည်း နေရာရချင်လို့ ၀င်တာလေ။ ဒီမှာပဲ သိန်းဖေမြင့် ပြဿနာ တက်ပါလေရော။ သိန်းဖေမြင့်က သေသွားပြီ။ အရှုပ်ထုပ်ဖွတာက ၀င်းတင် ဖြစ်နေရော။ သိန်းဖေမြင့်သာ ရှိရင် ၀င်းတင်ကို ဘယ်လို တစ်တစ်ခွခွ ပြောမလဲ။ ဒါဟာ သေသွားပြီဖြစ်တဲ့ သိန်းဖေမြင့်ကိုရော လမ်းစဉ်ပါတီကိုရော စော်ကားတာ၊ သစ္စာဖောက်တာဆိုပြီး လမ်းစဉ်ပါတီက ကန်ထုတ် ပစ်လိုက်တယ်။ အေးရော။

ဆရာဇ၀န အယ်ဒီတာချုပ် လုပ်တဲ့ ကြေးမုံသတင်းစာမှာ ၀င်းတင်က နေ့ပိုင်း တာဝန်ယူရတဲ့ ဒုအယ်ဒီတာ ချုပ်။ ကြေးမုံမှာ ပြဿနာတွေ ရှာခဲ့တာလည်း သူပဲ။ အဲဒီတုန်းက ပြည်တွင်းငြိမ်းချမ်းရေးအတွက် အခြေ အနေ တော်တော်လေး ကောင်းနေတဲ့အချိန်။ ၀င်းတင်က ကွန်မြူနစ်ပီပီ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ၀င်ရှုပ် တယ်။ ဒီတော့ ဆရာဇ၀နက အတော်ကလေးကို ပက်ပက်စက်စက် ရှုတ်ချတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခရောက်အောင် လုပ်တဲ့သူဆိုပြီး။ ဟံသာဝတီသတင်းစာကို ပြည်သူပိုင် သိမ်းတော့ ဇ၀နက သူ့ကို ကန်ထုတ်ချင်တာနဲ့ အတော် ဖြစ်သွားပြီး ဟံသာဝတီကို ပေးကိုင်ခိုင်းလိုက်တယ်။ ဒီမှာပဲ ဟံသာဝတီ ၀င်းတင် ဆိုတာ ဖြစ်လာခဲ့တာ။ အမှန်က ဆိတ်လစေ့မှန်း သိလို့ ကန်ထုတ်ပစ်လိုက်တာ။

ဝင်းတင် ဆေးရုံတက်တော့ ချို့ချို့ငဲ့ငဲ့ မပြည့်မစုံနဲ့ ဘယ်သူကမှ အရေးတယူ လုပ်ပြီး ထောက်ပံ့တာ မရှိ ခဲ့ဘူး။ ၀င်းတင် ဒီလို ဖြစ်နေတယ် ဆိုတာ သိရတော့ ဆိတ်လစေ့မှန်းသိသိနဲ့ ဦးနေ၀င်းက ပြန် ကြည့်ပေးတယ်။ ဆေးရုံကို ကြေးမုံဝင်းကိုယ်တိုင် သွားပြီး ကားပါမစ် တစ်စောင် ပေးတယ်။ ဆိတ်လစေ့ နိုင်ငံရေးသမားကြီးကလည်း ဟန်မဆောင်နိုင်ပါပဲ ယူတယ်။ ပြီးတော့ ဦးနေ၀င်းနဲ့ ကြေးမုံဝင်းကို ကျေးဇူး တော်တွေ အထပ်ထပ်တင်၊ စိတ်တော်မညို ဗောင်းတော်ကို ရှိခိုးခဲ့တာ သက်ကြားအိုကြီး အသိ။ ဒါဟာ အမှန်တရားပဲ။ ခါးသီးတဲ့ အမှန်တရားတော့ ဖြစ်ရင် ဖြစ်နေလိမ့်မယ်။

ပြီးတော့ သမိုင်းကို ပြန်ကြည့်။ ရှစ်လေးလုံးမှာ ဦးနေ၀င်းကိုရော သူ့မိသားစုကိုပါ ပြန်ပြီး သမတော့တာပဲ။ ဒါမှ NLD မှာ နေရာ ရမှာလေ။ အဓိက ကတော့ ငါနေရာရရေးပဲ။ အဲဒီအချိန်တုန်းက ကြားဖြတ်အစိုးရဖွဲ့ အာဏာလွှဲပေး ဆိုပြီး ကြွေးကြော်ခဲ့တာ ဆိတ်လစေ့နိုင်ငံရေးသမားကြီးပဲ။ ဒေါ်စုလည်း အာရုံတွေ မှောက်မှား၊ ၀င်းတင် ဆင်တဲ့ ထောင်ချောက်ကို မမြင်။ ဒီမှာပဲ စစ်တပ်က အာဏာသိမ်းတာတွေ ဖြစ်လာ ပါလေရော။ စစ်အာဏာရှင်စနစ် နှစ်ပေါင်း(၂၀) ကြာခဲ့တာ ပြန်စဉ်းစားကြည့်ရင် ဘယ်သူ့လက်ချက်မှ မဟုတ်ဘူး။ ဆိတ်လစေ့ကြီးရဲ့ လက်ချက်ပဲ။ သူ့စကားကို ဦးကြည်မောင်တို့က နားယောင် ဟုတ်နိုးနိုးနဲ့ တော်လှန်ရေးကလည်း အဟုတ်မြင့်နေလေတော့ ကြားဖြတ်ဖွဲ့-အာဏာလွှဲဆိုပြီး တောင်းတော့တာပဲ။

ပြီးတော့ ဆိတ်လစေ့ဝင်းတင် ဘာဆက်လုပ်ခဲ့သလဲ၊ အမိန့်ဟူသမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ ဒို့အောင်ပွဲ ဆိုပြီး ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းကို မောင်းသွင်းတော့တာပဲ။ ဒီမှာပဲ NLD တွေ ထောင်တွေကျ၊ တိုက်တာခံရ ဖြစ်လာတော့တာပဲ။
ကွန်မြူနစ်ကနေ အခြေအနေ မကောင်းတော့ လမ်းစဉ်ပါတီဝင်၊ ပြန်ကြားရေး တာဝန်ခံကြီးလုပ်။ သေ သွားတဲ့ သိန်းဖေမြင့်ကို နောက်ကျောဓါးနဲ့ထိုး၊ လမ်းစဉ်ပါတီက ကန်ထုတ်ပစ်တော့ အစိုးရ မကောင်း ကြောင်းတွေ ရေးပြီး ပတ်ရမ်းခဲ့တာ ဆိတ်လစေ့ကြီးပဲ။

ကြေးမုံဝင်းပေးတဲ့ ကားပါမစ်တစ်ခုကြောင့် ဦးနေ၀င်း အကြောင်း မရေးတော့ဘဲ ပါတီကောင်စီဝင်တွေ၊ ဒေသပါတီတွေ အကြောင်း လျှောက်ရေး။ ရှစ်လေးလုံး ဖြစ်တော့ ဦးနေ၀င်းကို ပြန်ချ။ NLD မှာ နေရာ ရဖို့။ NLD က အပြောင်းအလဲတွေလုပ် နာယကဆိုပြီး ဘေးကန်ထုတ်လိုက်တော့ အခုပဲ ကြည့် ဒေါ်စုကို တိုက် ခိုက်တာတွေ စလုပ်လာပြီ။ နာယက ဆိုတဲ့ နေရာလေးတစ်နေရာ ရနေသေးတော့ ဒေါ်စုပြောတာတွေ တစ်လွဲလိုက်ပြောရုံပဲ။ အဲ...NLD နာယက ရာထူးကသာ ထုတ်ပစ်လိုက်ပြီ ဆိုရင်တော့ ဘာပြော ကောင်းမလဲ..ဒေါ်စုမကောင်းကြောင်း၊ NLD မကောင်းကြောင်း ခွတုပ်မှာ ဒီဆိတ်လစေ့နိုင်ငံရေး သမားကြီးပဲ။ ဦးနေ၀င်းက ကန်ထုတ်တော့လည်း ဒီအတိုင်း လုပ်ခဲ့တာပဲ။ အမှန်က ဘုံပျောက်သွားလို့ ပတ်ရမ်းတာ။ အခုလည်း NLD က သူ့ကို တစ်ချိန်ချိန် ကန်ထုတ်တော့မယ် ဆိုတာ မြင်နေပြီ။ တရား မရနိုင်သေးတော့ သူ့ကို ထုတ်ပစ်ရဲရင် ထုတ်ကြည့်၊ အခုပြောနေတာတွေထက် ပိုပြီး ဆိုးတာတွေ ချမယ် ဆိုတဲ့ သဘောနဲ့ NLD ကို ပြန်ပြီး ခြိမ်းခြောက်နေတာ။ NLD ကလည်း ဆုပ်လည်းစူး-စားလည်းရူး အခြေအနေ ရောက်နေပြီ။ ကန်ထုတ်ပစ်လိုက်ရင် ဆိတ်လစေ့ကြီး ကြံ့ဖွတ် ရောက်သွားမှာပဲ။ နေရာတစ် နေရာသာပေး အေးဆေး ကိုယ့်လူ ဆိုတာ ဆိတ်လစေ့ကြီးရဲ့ ခံယူချက်ပဲ။

NLD စီအီးစီအဟောင်းတွေ အကုန်သိတယ်။ ငွေရေးကြေးရေးနဲ့ ပြရင် ဆိတ်လစေ့ကြီး ပျာပျာသလဲ ဖြစ်နေတယ် ဆိုတာ။ စီအိုင်အေက သိန်း(၁၀၀) လက်ခံဘူးတယ် ဆိုတာကိုလည်း ဆိတ်လစေ့ကြီး ကိုယ် တိုင် NLD CEC အစည်းအဝေးမှာ ၀န်ခံထားတာ။ အဲဒါကလည်း ထောင်ကျနေတဲ့ နိုင်ကျဉ်းတွေ၊ အပြင်က နိုင်ကျဉ်းမိသားစုတွေကို ထောက်ပံ့မယ် ဘာညာ လျှောက်အော်နေတာ။ လုပ်တာတွေက တစ်လွဲတွေ။

NLD ဦးစိုးသိန်းသား ကောင်မလေးတစ်ယောကို မဟုတ်မဟတ်လုပ်၊ ဗိုက်ကြီးပြီး ပြဿနာတွေတက်တော့ ၀ရမ်းပြေး ဖြစ်တယ်။ ဒီလိုထွက်ပြေးအောင်၊ ဒီလို တာဝန်မယူဘဲ ရှောင်နေအောင် အကြံပေး အခါ တော်ပေးက ဆိတ်လစေ့ကြီးပဲ။ ဗိုက်ကြီးတဲ့ ကောင်မလေး မိဘတွေက ရဲကို တိုင်တယ်။ ဆိတ်လစေ့ ကြီးက ဖွက်ထား ၀ှက်ထားပေးတယ်။ ဒီတော့ ထိန်ချန်မှုနဲ့ အရေးယူခံရတယ်။ ကဲ စဉ်းစားကြည့် သားသမီးချင်း ကိုယ်ချင်းမစာ၊ ဗိုက်ကြီးတဲ့အခြေအနေရောက်အောင် ကမြင်းကြောထခဲ့တာကို လူကြီး မပီသဘဲ ထွက်ပြေးဖို့ မြှောက်ပင့်ပေး၊ ပြီးတော့ ဖွက်ထား ၀ှက်ထား။ ဒါ လူကြီးလူကောင်းတဲ့လား။

အခုလည်း ကြည့်။ အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီ။ ဒေါ်စုက အခြေခံ ဥပဒေပြင်ဖို့ ပါးပါးနပ်နပ် လျှောက်နေတဲ့ အချိန်မှာ မဖြောင့်တန်းအောင် စစ်တပ် မကောင်းကြောင်းတွေ၊ ကြံ့ဖွံ့မကောင်းကြောင်း တွေ ထုတ်ပြောနေတယ်။ တစ်ဘက်က စဉ်းစားရင် ၀င်းတင် ပြောနေတာတွေက ဒေါ်စုကိုယ်တိုင် မပြော ချင်တဲ့ စကားတွေ တစ်ဘက်လှည့်နဲ့ ပြောခိုင်းနေတာလား ဆိုပြီး ဒေါ်စုအပေါ် ယုံကြည်မှု ပျောက်ဆုံး အောင် လုပ်နေတာ။ ဒေါ်စုက ဒီနေ့ တစ်မျိုးပြောရင် နောက်နေ့ ဆိတ်လစေ့ကြီးက ပယ်ပယ်နယ်နယ် တွယ်ပါလေရော။ တွယ်တာမှ ဒေါ်စုကိုလည်း မချန်။ ငါ့ကို လာမလုပ်နဲ့ ဆိုတဲ့ အပေါက်မျိုး။ ဒေါ်စု စီမံကိန်းတွေ မအောင်မြင်အောင် တစ်ဘက်လှည့်နဲ့ ချနေတာ ရှင်းရှင်းကြီး မြင်နိုင်တယ်။

လူဆိုတာ အကျင့်ဆိုတာ ဖျောက်ဖို့ခက်တယ်။ NLD က ချောင်ထိုးလာတော့ ကန်ထုတ်တော့မယ် ဆိုတာ သိလာတော့ ကယောင်ကတမ်း သွေးရူးသွေးတန်း အရူးမီးဝိုင်းတွေ လုပ်နေတာ။
ကြာရင် NLD ရော ဒေါ်စုရော ပြဿနာတွေတက်မယ်၊ ၂၀၁၅ မတိုင်ခင် လုပ်ဖို့ မှန်းထားတာတွေ မအောင်မြင် ဖြစ်မယ်။ NLD လည်း တော်လှန်ရေးသမားနဲ့ ပညာတတ် အလွှာ (၂)ပိုင်းကွဲနေရာကနေ ပိုကွဲဖို့ပဲ ရှိတော့တယ်။ အခုဆိုရင်ပဲ ဆိတ်လစေ့ကြီးကို ထောက်ခံတဲ့ လူငယ်တွေ တိုးတိုးလာနေပြီ။ ပြီးတော့ ဟန်ဝင်းအောင်တို့၊ နော်အုန်းလှတို့ကသာ တစ်ကယ့် စွန့်လွှတ်အနစ်နာခံသူတွေ ဦးဝင်းတင် သာလျှင် ပြတ်သားရဲရင့်တဲ့ ခေါင်းဆောင်ကြီး ဆိုတဲ့ အမြင်တွေ ထွက်လာနေပြီ။

ကိုယ့်စည်းကို ကိုယ်ပြန်သတ်မှ NLD အနာဂတ် ကောင်းလိမ့်မယ်။ နေရာလိုချင်တဲ့ ဖောက်ပြန်ရေး သမားကြီးကို ကန်ထုတ်ပစ်မှ စောစောစီးစီး စာရင်းပြတ်မယ်။ လူထုအုံကြွမှ တော်လှန်ရေး လို့ တစ်ထစ်ချ ခံယူထားတဲ့ ဆိတ်လစေ့နိုင်ငံရေးသမား ဖောက်ပြန်ရေးသမား သက်ကြားအို ခေါင်းဖြူကြီးကို NLD ဘယ် လို ကိုင်တွယ်မလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပြီ။ ဒါမှမဟုတ် ဆိတ်လစေ့ကြီးကပဲ တက်ကြွလှုပ်ရှား လူငယ်တွေ အင်အားယူပြီး NLD ကို ပြန်ပြီး အာဏာသိမ်းသွားတော့မလား. အခုဆိုရင်ပဲ NLD CEC ဘာမှ လုပ်မရ ဖြစ်နေပြီ။ ဒီနေ့ ဆုံးဖြတ်ချက်တစ်ခု ထုတ်။ နောက်တစ်နေ့ ဦးဝင်းတင်က စောက်တလွဲတွေ ပြော။ နယ်အဝေးက NLD တွေ ဘာလုပ်ရမှန်းမသိ။ လူငယ်အတော်များများက ဦးဝင်းတင် ပြောတာတွေ ဟာ သူတို့ရဲ့ လုပ်ငန်းလမ်းညွှန်ဆိုပြီး ပြောနေကြပါပြီ။


 .. www.MyanmarExpress.net
 

11 comments:

ဒီ အ ဖိုး ကြီး ထောင် ကျ တုံး က brain washed လုပ် ခံ ထား ရ တာ.. လူ တိုင်း အသိ ဆုံး ပါ.. ဒီ တော့ ဒီ အ ဖိုး ကြီး ၀င်း တင် ရဲ့ အ တွေး အ ခေါ် တွေ က အ ရူး သာ သာ ပဲ ဆို တာ ရှင်း နေ ပါ တယ်.......

ကောင်းပါတယ် ခွေးဝင်းတင်အကြောင်းပြောသွားတာ အကုန်မှန်ပါတယ် ဒီခေတ်လူငယ်တွေ အပေါ်ယံမြင် အပေါ်ယံတွေး ဘာမှမစဉ်းစားတတ်တဲ့ ခွေးနောက်လိုက် လုပ်နေတဲ့ ကလေးတွေ အမြင်မှန်ရကြပါစေ
မြန်မာမြည် ငြိမ်းချမ်းပါစေ
လူငယ်တွေအနေနဲ့ ခွေးဝင်းတင် ဖါစုကြည် ခွေးကိုနိုင် တို့ရဲ့ မနောကို အထပ်ထပ်သုံးသပ်ဝေဖန်စဉ်းစား စေချင်တယ်

သည်လူကြီးကတကယ်ဆိုတ၇ားဘာဝနာလုပ်၇မဲ့အ၇ွှယ်
ေ၇ာက်နေပြီ။ပေါက်က၇တွေ လျောက်လုပ်နေတော့။အပါယ်
စာ။ဒယ်အိုးစာ ဖြစ်မှာမြင်ယောင်သေးတော့။

ခွေးတိရစ္ဆာန် ဝင်းတင် နောက်နှစ် ၂၀၁၄ မှာ သေချင်းဆိုးနဲ့ သေလိမ့်မယ် ။
စောင့်ကြည့်ကြ ။
ဒီလောက်စိတ်ဓာတ်ညံ့ပြီး နေရာတကာ ကန့်လန့် တိုက်တဲ့ နွားကြီး သေရင် လဲ သူရဲကောင်းအဖြစ်နဲ့ သေမှာမဟုတ်ဘူး ။
လမ်းဘေးဝဲစားအဖြစ် သေမှာ

မှန်တယ်ငါ့တူ

အသက်၆၅ အလွန်ဆုံးဘဲ ဦးနှောက်ဆဲလ်တွေသေနေပြီလေ
အခုတော့မှတ်ကရော မသေခင်တောင်နာမည်ပုတ်ဟောင်နေပြီ အဲဒီလူတွေအားလုံးမောင်းတော ရွာသစ်စခန်းမှာသွားနေခိုင်းလိုက်ပါ
ဦးဝိသူရ နဲ့ အခြားကိုယ်တော်တို့ရဲ့ တိုင်းပြည်အပေါ်ချစ်ပြီး
လက်တွေ့လုပ်ပြနေတာ ၁၀၀ပုံတပုံတောင်မမှီဘူး

အ ရမ်း အ ရမ်း ကို ကျေး ဇူး တင် ပါ တယ်။ အ ခု ရေး တဲ့ သူ ကို ရော ဖေါ် ပြ ပေး တဲ့ myanmar express ကို ရော ပေါ့  အဲ ဒါ မှ နောင် လာ မဲ့  မျိုး ဆက် လူ ငယ် လေး တွေ အ မှန် ကို သိ ကြ မှာ။ by green man

ဒီ အဖိုးကြီး က ကုလားထိုင် နေရာ ရှာတာ မ ဟုတ် ပါ။ အခေါင်း မှာ လွှမ်း ဖို့ အလံ ညရှာ တာ ဘဲ ဖြစ် မည်။ အန်တီစု ထဘီ (သို့) ဦး သိန်း စိန် ရဲ့ အတွင်း ခံ လွှမ်းပေး သင့် သည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်