Subscribe to our RSS Feed

NLD ဆိုတဲ့ စာလုံး နဲ့ ဒေါင်း ပုံမြင်တာနဲ့ကို လန့်နေကြပါပြီ

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ NLD ကို ဝီကီလိခ်က ပြည်သူတွေစိတ်ပျက်နေတဲ့ အဖိုးကြီးတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့ကြီးလို့ဖွင့်ချခဲ့ပါတယ်...။ အခုလောလောဆယ်လည်း တစ်ချို့က တောင်ဝှေးကိုင်၊ တချို့က ဆေးရုံမကြာခဏ သွားနေရ၊ တချို့က မျက်မှန်ပုလင်းဖင်တွေနဲ့ ကိုယ့်ကိုယ်ကိုတောင် မနဲထိန်းနေရတဲ့ အဖိုးကြီး အဖွားကြီးများအဖွဲ့က နိုင်ငံတော်ကို ထိန်းပါမယ်လုပ်နေတုန်းပါပဲ။ ဒါပေမယ့် ဆုံးဖျက်ချက်တွေက အမြဲတမ်းလိုလိုမှားနေ၊ လူကြီးနဲ လူငယ်က မကြာခဏဆိုသလို ရန်ဖြစ်နေတော့ ဒီအဖွဲ့လေးကို နာမည်မပျောက်အောင်ပဲ တစ်နေ့ကို ဆန်တစ်တင်းခွဲချက်လောက် ထမင်းခေါ်ကျွေးပြီး ထိန်းနေရတာပါပဲ။ ဘယ်ကရတဲ့ပိုက်ဆံတွေနဲ့ အဲ့လို နေ့တိုင်း စားသောက်နေကြတာလဲ? အဲ့ဒီပိုက်ဆံတွေကို ဘယ်သူတွေဆီကနေ ပြည်သူလူထု အတွက်ပါဆိုပြီး ညာတောင်းလဲဆိုတာကိုတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ တစ်ကြိမ်လောက် သူတောင်းစားလေးတွေကို ဗွီဒီယိုရိုက်တင်လိုက်ရင်၊ ဒါမှာမဟုတ် ရွာတစ်ရွာလောက်က ဆင်းရဲနွမ်းပါးသူတစ်ချို့ကို ဓာတ်ပုံရိုက်တင်လိုက်ရင် နောက်ဆုံး ဘယ်မှမသွားနိုင်ရင်တောင် အကျဉ်းကျနေတဲ့သူတစ်ယောက်လောက်ရဲ ဓာတ်ပုံလေး ပြလိုက်ရင် သနားပြီး ပေးကြတာ သောက်သောက်လဲပါပဲ။ ဒါပေမယ့် အဲ့ဒါတွေက တကယ်စားသောက်ရမဲ့နေတဲ့လူတွေဆီတော့ ပြန်မရောက်ပဲ အလုပ်မရှိ အကိုင်မရှိ ရုံးတက် စားသောက် နေတဲ့လူတွေလက်ထဲကိုပဲ ရောက်တာပါပဲ။ သေချာစဉ်းစားကြည့်ရင်တော့ ဒါဟာ မြန်မာပြည်သူတို့အချင်းချင်း လူလည်ကျကြပြီး တစ်ဖက်လှည့်နဲ့ ဂုတ်သွေးဆုတ်တဲ့နည်းပါပဲ။ NLD တစ်ခုတင်ဒါမျိုးလား ဆိုတော့... မဟုတ်ပါဘူး.. ပြည်ပ အတိုက်အခံ မီဒီယာတွေနဲ့ ဘလော့ဂါတွေ အားလုံးလည်း ဒါမျိုးတွေချည်းပါပဲ။ ဒါပေမယ့် ဒီကစ္စနဲ့ပတ်သက်ပြီး အဲ့ဒီ NLD ရဲ့ အရှင်သခင် ပုဂ္ဂိုလ်များကတော့ မသိကျိုးကျွန်ပဲ မျက်နှာလွှဲနေကြပါတယ်။ ပြည်ပမှာလည်း ရောက်နေတဲ့အပြင် NLD ပါတီဝင်လည်း ဖြစ်ပါတယ် ဆိုတဲ့လူတွေကတော့ မဖုံးနိုင် မဖိနိုင်အောင်ကိုပဲ မြန်မာလူမျိုးအချင်းချင်းကို ထင်ထင်ပေါ်ပေါ်ကြီးကိုပဲ ရှက်စရာကောင်းလောက်အောင် ဂုတ်သွေးစုတ်နေတော့တာပါ။ ရုတ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပုံကတော့ ဒီလိုပါ။

ဒုတ်ကောက်ကိုယ်စီ တက်ညီလက်ညီ၊

NLD-LA (Malaysia) က မြန်မာလူထုနဲ့ မီဒီယာကို ဒီလိုလိမ်ပါတယ်

မလေးရှားတွင် အလုပ်လုပ်နေသည့် မြန်မာလူမျိုးတဦးထံမှ ကျော်ကျော်ဦးဆောင်သော NLD-LA (Malaysia) မှ UNHCR ရပါမည်ဆိုကာ ပိုက်ဆံ ၄၆၀ ရင်းဂစ်တောင်းပြီး ယနေ့ထိမရသေးသူတဦး၏ အသံဖိုင်ဖြစ်ပါသည်။

NLD-LA (Malaysia) မှ ပါတီဝင်တဦးတည်းအား ထုတ်ပေးထားသောကဒ် ၂-ခု

Democracy for Burma ဆိုဒ်တွင် တင်ထားသော NLD-LA (Malaysia) ၏ ကြေငြာချက်ကို ဖတ်မိပြီး သူပေးခဲ့ရသော ငွေကြေးနှင့် အဆမတန်ကွာခြားနေသည့်အတွက် ရင်ဖွင့်ပြောထားခြင်းဖြစ်သည်။


UNHCR သို့ BIO လိမ်တင်ရန်အတွက် NLD-LA (Malaysia) မှ ဇော်မြင့် ရေးပေးသော ရင်းဂစ် ၅၀-တန် BIO

Recording 00 00 00-00 04 40 by mgpala

http://democracyforburma.wordpress.com ပိုင်ရှင်များမှာ မလေးရှား NLD-LA အမည်ခံ အတုအယောင် နိုင်ငံရေးသမား လူလိမ်ကျော်ကျော်၏ လုပ်ရပ်များကို အတွင်းကျကျ မသိသေးဟု ယူဆရပါသည်။ http://democracyforburma.wordpress.com ပိုင်ရှင်များနှင့် နီးစပ်သူများအနေနှင့် ကျော်ကျော်၏ လိမ်ညာနေမှုများကို democracyforburma သို့ ထပ်မံပေးပို့ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးနှင့် တော်လှန်ရေးလမ်းကြောင်းရှိ ဆူးငြောင့်ခလုတ်များဖြစ်သော စုန်းပြူးများကို ဖယ်ရှားရာတွင် ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

NLD-LA (Malaysia) ၏ လိမ်လည်မှုကို ခံရသော မလေးရှားမှ မြန်မာလူမျိုးများသည် မိမိတို့၏ဖြစ်ရပ်မှန်များကို ထုတ်ဖော်ပြောကြားပြီး မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးအတွက် တဖက်တလမ်းမှ ကူညီလိုပါက mgpala@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။



မောင်ပါလ
၂၅.၅.၂၀၁၁



မြန်မာကို မြန်မာက ဂုတ်သွေးစုပ်တာ မခံကြနဲ့ဟေ့

ကျနော် မလေးရှားကို သုံးလေးခေါက် ရောက်ခဲ့ပါတယ်။ ထူးခြားတာ ဘာတွေ့ရလဲဆိုတော့ UNHCR က တရားဝင် အသိအမှတ်ပြုခံရဖို့အတွက် ငွေ, ပေးရတာကို တွေ့မိတယ်။ ဘယ်သူတွေကိုပေးရလဲဆိုတော့ အဖွဲ့အစည်းတွေကိုပေးရတယ်။ ဘယ်အဖွဲ့အစည်းတွေလဲလို့မေးရင် ဒီလိုပြောရပါလိမ့်မယ်။

မလေးရှားမှာ ချင်းဒုက္ခသည်များအဖွဲ့၊ ကရင်ဒုက္ခသည်များအဖွဲ့၊ ရခိုင်ဒုက္ခသည်များအဖွဲ့၊ ဗမာဒုက္ခသည်များအဖွဲ့ ဆိုပြီးဒုက္ခသည် အဖွဲ့အစည်းအတော်များများရှိပါတယ်။

နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ လူ့ဘောင်သစ်ဌာနခွဲ၊ NLD-LA ဌာနခွဲ၊ ဟိုဌာနခွဲ၊ ဒီဌာနခွဲတွေလည်း တစ်ပုံကြီးပါ။

UNHCR လျှောက်ချင်တဲ့ ဒုက္ခသည်တွေဟာ ထိုင်းမှာလို UNHCR ရုံးကိုသွားပြီး လျှောက်လွှာတင်လို့မရဘူး။ အဲဒိတော့ UNHCR က အသိအမှတ်ပြုထားတဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေဆီကိုသွားပြီး သူတို့ရဲ့ အဖွဲ့ဝင် လုပ်ရပါတယ်။ ၀င်ကြေးပေးရပါတယ်။ လစဉ်ကြေးပေးရပါတယ်။ ဒီလိုပေးပြီးတာနဲ့ သူတို့ရဲ့ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပေးပါတယ်။ ဖရိုဖရဲ လုပ်ထားတဲ့ အဖွဲ့ဝင်ကတ်လေးတစ်ခု ရပါတယ်။ ဒီလို စုတ်ပြတ်သတ်နေတဲ့ ကတ်လေးတစ်ခုရဖို့အတွက် ရင်းဂစ်ငွေ လေးငါးရာလောက်ပေးရတာကို ရင်နာလို့ပါ။ မြန်မာငွေနဲ့ဆိုရင် နှစ်သိန်းလောက်အနည်းဆုံးပေါက်တယ်။

UNHCR က ဒုက္ခသည်တွေကို အသိအမှတ်ပြုတဲ့ ပုံစံကလည်း အတော်ဟာသမြောက်ပါတယ်။ ဒီလ,ကြရင် ကရင်ဒုက္ခသည်အဖွဲ့ကို လူ (၅၀၀) ချပေးမယ်။ ဟိုလကြရင် ရှမ်းအဖွဲ့ကို လူနှစ်ရာစာချပေးမယ်ဆိုပြီး လုပ်ပါတယ်။ ဒါကိုအခွင့်အကောင်းယူပြီး အဖွဲ့အစည်းတွေက ဘယ်လိုလုပ်လဲဆိုတော့ အဖွဲ့ဝင်ကတ်တစ်ခုရဖို့အတွက်ဆိုပြီး ငွေတွေအများကြီးတောင်းပါတယ်။

တချို့ အဖွဲ့တွေဆိုရင် ရင်းဂတ် (၇၀၀) ထိပေးရပါတယ်။ အလုပ်သမားတစ်ယောက်ရဲ့ လစာက ရင်းဂစ်ငွေတစ်ရက်ကို ၃၀-၄၀ လောက်ရတဲ့လူဟာ (၇၀၀) ပေးရပြီဆိုတော့ ဘယ်လောက် ခေါင်းပုံဖြတ် အမျက်ကြီးစားပြီး စီးပွားဖြစ်နေကြလဲဆိုတာ သိလောက်ပါပြီ။

ကျနော်အတော် ဒေါသထွက်မိတယ်။ အလုပ်သမားတွေကလည်း ဒုက္ခသည် UNHCR လက်မှတ်ရရင် မလေးရှားမှာ အဖမ်းအဆီးမခံရနိုင်ဘူးဆိုတော့ တောင်းသလောက် ပေးတဲ့လူအတော်များပါတယ်။ လူတိုင်းနီးပါး UN ကတ်ကို လိုချင်ကြပါတယ်။

ဗမာပြည်က Passport နဲ့ အလုပ်လာလုပ်တဲ့လူတွေလည်း မြန်မာသံရုံးရဲ့  အခွန်တောင်းတဲ့ဒဏ်ကို မခံနိုင်တော့ UN ကတ်ဆီကို လှည့်ကြပါတယ်။ ကံကောင်းရင် နိုင်ငံခြားကိုလည်းရောက်နိုင်တာပေါ့။ ဒီလိုရည်ရွယ်ချက်နဲ့ ငွေ ပေးရလည်း လုပ်ကြပါတယ်။ သူတို့လည်း သိပါတယ်။ UN ကတ်ဆိုတာ အခမဲ့ လုပ်ပေးတဲ့အရာလို့သိပါတယ်။

ဒါပေမဲ့ UNHCR မလေးရှားရုံးရဲ့ မှားယွင်းတဲ့ စနစ်ကြောင့် ကြားပွဲစား အဖွဲ့အစည်းက ခေါင်းဆောင်တွေ သူဌေးဖြစ်ကုန်ကြပါတယ်။

တခါတုန်းက ရှမ်းဒုက္ခသည်အဖွဲ့အစည်းတစ်ခုရဲ့ ရုံးထဲကို ၀င်သွားပါတယ်။ သွားပြီးလေ့လာခဲ့တယ်။ ကျနော် သြစတျေးလျက လာတယ်ဆိုတာ သူတို့မသိပါဘူး။ ကျနော်မိတ်ဆွေက မိတ်ဆက်ပေးတဲ့အချိန်မှာတော့ ဒီလူတွေမျက်နှာပျက်နေကြပြီ။ သူတို့မရိုးမသားလုပ်တာဆိုတော့ ကိုယ့်စိတ်ကို ကိုယ်မလုပ်ကြဘူးထင်ပါရဲ့ ။ ကျနော်လည်း ဘာမှ မပြောခဲ့ပါဘူး။ ကျနော်သွားတဲ့အချိန်မှာ UN ရုံးက ရှမ်းဒုက္ခသည်အဖွဲ့ကို လူဦးရေ ဘယ်လောက်လဲ မသိဘူး ချ, ပေးမယ် ကြားလို့ဆိုပြီး အဖွဲ့ဝင်ကတ်လာလျှောက်ကြတဲ့ လူတွေများနေတဲ့အချိန်ပေါ့။ လူက တိုးလို့တောင် မပေါက်ဘူး။

အဖွဲ့ဝင်ကြေး၊ လစဉ်ကြေးပေးရတဲ့ ငွေတွေက နည်းတာမဟုတ်ပါ။ အဖွဲ့ဝင်ဦးရေကလည်း ထိုင်းက ABSDF တို့ NLD (LA) တို့ထက်များပါတယ်။ အနည်းဆုံး အဖွဲ့ ဝင်ဦးရေ လေးငါးထောင်ရှိပါတယ်။ ချင်းဒုက္ခသည် အဖွဲ့ဆိုရင် သုံးလေးသောင်းတောင် မကဘူးလို့သိရပါတယ်။ တစ်ယောက်ကို ရင်းဂစ်ငွေ (၁၀) ပဲထား။ လူတစ်သောင်းရှိရင် ရင်းဂစ်ငွေ တစ်သိန်းရပြီပေါ့။ ဒါက လစဉ်ကြေးပါ။ လစဉ်ပေးရတဲ့ မန်ဘာကြေးပါ။ ဘာကြေးညာကြေး မရှိသေးတဲ့ ရိုးရိုးသားသား တရားဝင်ကြေးပါ။ ဒီငွေတွေ ဘယ်ရောက်သွားလဲ။ ဘာလုပ်ပစ်ကြလဲ။

အဖွဲ့အစည်းတွေမှာ စနစ်တကျရှိတဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ဘယ်လောက်ရှိလဲဆိုတဲ့ မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ပါဘူး။

နောက်ဆုံး UNHCR မလေးရှားရဲ့ စနစ် မကောင်းမှု့ ကြောင့်ဒီလိုပေါ်ထွက်လာတာပါ။ ဘယ်သူတွေနစ်နာလဲဆိုတော့ တကယ်ရိုးသားတဲ့ မြန်မာတွေပဲ နစ်နာရပါတယ်။ လည်လည်ဝယ်ဝယ်၊ နိုင်ငံရေးရောင်ရောင်၊ လူမှုရေးသမားအရေခြုံ မအေလိုးသူခိုးတွေပဲ သူဌေးဖြစ်ကုန်ပါတယ်။ ကာတွေဝယ်စီးနိုင်တယ်။ မြန်မာပြည်မှာ တိုက်နဲ့အိမ်နဲ့ နေနိုင်တယ်။ မြန်မာလူမျိုးကို မြန်မာလူမျိုးက ဂုတ်သွေးစုပ်တာ မလေးရှားမှာ မမြင်ချင်ဆုံးပါ။

ဒါက UNHCR ကတ် ဆိုတဲ့ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ကတ်လေးတစ်ခုကို အကြောင်းပြုပြီး လူပေါ်လူစီးတဲ့ သာဓက တစ်ခုပါ။

Agency က လိမ်လို့ ဖာ,ဖြစ်သွားတဲ့ မြန်မာအမျိုးသမီးကောင်းလေးတွေ။ ပွဲစားကြောင့် ဗမာပြည်က ရှိစုမဲ့စု ပျဉ်ထောင်အိမ်နဲ့ ယာလေး ပျောက်သွားတဲ့ မြန်မာတွေ အများကြီး။ ဒါတွေကို ဘယ်သူက လုပ်လဲဆိုတော့ ကိုယ့်လူမျိုး မြန်မာတွေပါပဲ။ တိုင်းတပါးမှာ မြန်မာလူမျိုးကို မြန်မာလူမျိုးက မုဒိမ်းကျင့်တယ်။ ရောင်းစားတယ်။ သတ်တယ်။ ခိုးတယ်။ ဒမြတိုက်တယ်။ ဒီလိုလူမျိုးတွေကို နီးစပ်ရာတိုက်ခိုက်ကြဖို့ နှိုးဆော်လိုက်ပါတယ်။

ဘုန်းကျော်


လောက်တစ်ကောင် ၏ ခွေးဝဲစား စိတ်ဓာတ် ကောက်ကျစ် စဉ်းလဲ ယုတ်မာမှုကြောင်


မလေးရှားနိုင်ငံမှ အောက်တန်းကျသော ခွေးဝဲစားစိတ်ဓာတ်လောက်တောင် အဆင့်အတန်းမရှိသော အသားထဲမှ လောက် တစ်ကောင်သည် စဉ်းလဲသော လုပ်ရပ်တစ်ခုကြောင့် ကျနော်၏ အသိမိတ်ဆွေ
အချို့ သည် ၄င်းနိုင်ငံ၏ အာဏာပိုင်များ ထိမ်းသိမ်းခြင်းကို ခံထားရပါသည်။ ထိမ်းသိမ်းခံထားရသော မိတ်ဆွေတို့ အတွက် ကျနော်ကြိုးစားနိုင်သလောက် ကြိုးစားပေးနေရပါသည်။သူတို့ လွတ်မြောက်ရေး အတွက် ကျနော့တွင်ရှိသော ကိုယ်စွမ်း ညဏ်စွမ်း တို့ ဖြင့် ကြိုးစားပေးနေရချိန်များကြောင့် အွန်လိုင်း ပေးဆပ်မှုများအား ခေတ္တရပ်းဆိုင်းထားရခြင်းအား နားလည်ပေးကြပြီး တိုင်းပြည်အတွက် အကောင်းဆုံး
ပေးဆပ်ထားကြသော ကျနော့ မိတ်ဆွေတို့ အတွက် ဆုမွန်ကောင်းများ တောင်းပေးကြပါရန် လေးစားစွာပန်ကြားလိုက်ရပါကြောင်း...........
စူနာမီ လှိုင်း

ဗြောင်လိမ် ဗြောင်စား ကျော်ကျော် ဘာတွေဆက်လုပ်အုံးမလဲ

မလေးရှားရောက် ရွှေမြန်မာတွေထဲမှာ ကိုယ့်မိခင်တိုင်းပြည်ရဲ့အရေးကို စိတ်ဝင်တစားနဲ့ တာဝန်သိတတ်တဲ့ မျိုးချစ်လူငယ်လေးတွေ အများကြီးရှိပါတယ်။ အမေစု ပြန်လည်လွတ်မြောက်လာပြီးနောက် အချင်းချင်းညီညွတ်ရေးဟာ ဒီမိုကရေစီရရှိရေးအတွက် အရေးအပါဆုံး အသက်သွေးကြောတခု ဖြစ်တယ်ဆိုတာ အမေစုပြောတဲ့ မိန့်ခွန်းတိုင်းမှာ ပါဝင်ပါတယ်။ အခုအချိန်ထိ မြန်မာပြည်ကြီးဟာ စစ်ကျွန်ဘ၀အောက်က မလွတ်မြောက်နိုင်သေးတဲ့ တခုတည်းသော အားနည်းချက်ကလည်း အချင်းချင်း မညီညွတ်လို့ပါပဲ။ ကျနော်စဉ်းစားတွေးခေါ်ရသလောက် မညီညွတ်ခြင်း အကြောင်းတရား ၂-ပါးကို ပြောချင်ပါတယ်။

၈၈၈၈-လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်အာဏာရှင်တွေ အဓိကထား လုပ်ဆောင်တဲ့လုပ်ငန်းကြီးက ပြည်သူလူထုကြား၊ တိုင်းရင်းသား အချင်းချင်းကြား၊ ကျောင်းသားလူငယ်များကြား၊ ရဟန်းသံဃာများကြား အစီအစဉ်တကျ သပ်လျှို သွေးခွဲရေး လုပ်ငန်းစဉ်ကြီးပဲ ဖြစ်ပါတယ်။ ၈၈၈၈-လူထုအရေးတော်ပုံကြီးရဲ့နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ မတရားတာကို ခေါင်းငုံ့မခံခဲ့ကြတဲ့ ကျောင်းသားလူငယ်များကြား အကြီးအကျယ် ဖြိုခွဲခံလိုက်ရပါတယ်။

ကစဥ့်ကလျားနဲ့ ပြည်ပကို လွင့်စင်ထွက်လာကြတဲ့ နိုင်ငံရေးသမားတွေ ကျောင်းသားတွေဟာ မြန်မာပြည်အပြင်ဖက်ကိုလည်း ရောက်လာရော အချင်းချင်းညီညွတ်ရေးကို မထိန်းနိုင်ခဲ့ပြန်ပါဘူး။ ခေါင်းဆောင်တွေကိုယ်တိုင်ကအစ မှန်ကန်တဲ့ဦးဆောင်မှုကို မပေးနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ကိုယ်ကျိုးသည်သာ ပထမဖြစ်လာပြီး စုန်းပြူးတွေ တစခန်းထလာတော့တာပါပဲ။

အဲဒီလို တစခန်းထလာတဲ့ စုန်းပြူးတွေထဲမှာ ကျနော်တို့ရောက်နေတဲ့ မလေးရှားက စုန်းပြူးကလည်း ဆရာတဆူလို့ ပြောလို့ရပါတယ်။ ကလိမ်ကကျစ်ကျတဲ့ နေရာမှာတော့ မလေးရှား NLD ကကျော်ကျော်ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ နင်လားငါလား လို့ ပြောရမလောက်ပါပဲ။ NLD ဆိုတဲ့ ခေါင်းစီးရဲ့အောက်မှာ မလေးရှားရောက် လူငယ်တွေရဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို စနစ်တကျ ရိုက်ချိုးပါတယ်။

အမေစုရဲ့ မိန့်ခွန်းတွေထဲမှာ ကျနော့်နှလုံးသားထဲ စွဲနေတဲ့ စကားစုလေး ရှိပါတယ်။ အဲဒါက လူငယ်တွေကို အမေစုမှာတဲ့စကား- “သားတို့ခေါင်းဆောင်တင်တဲ့နေရာမှာ ပထမဦးဆုံး ခေါင်းဆောင်လုပ်မယ့်သူဟာ ရိုးသားမှုရှိရဲ့လား။ ပညာရောတတ်ရဲ့လား။ ပညာတော့ မတတ်ဘူး။ ရိုးသားတယ်ဆိုရင် ရွေးသင့်တယ်။ ရိုးလည်းရိုးသားတယ်။ ပညာလည်းတတ်တယ် ဆိုရင် ပိုပြီးရွေးသင့်တယ်။ ပညာတော့တတ်ပါရဲ့၊ ရိုးသားမှု မရှိဘူးဆိုရင် အဲဒီလူကို လုံးဝ မရွေးချယ်သင့်ဘူး” ဆိုတာပါပဲ။

ကျော်ကျော်ဆိုတဲ့ ငနဲကတော့ ပညာလည်းမတတ်ဘူး။ ရိုးလည်း မရိုးသားဘူး။ ဒါဖြင့် သူဘာဖြစ်လို့ NLD-LA (Malaysia) ရဲ့ ဥက္ကဌနေရာမှာ မြဲနေတာလဲ။ ဒါကတော့ ရှင်းပါတယ်။ NLD-LA (Malaysia) ထဲက ကျန်တဲ့လူတွေရဲ့ ညံ့ဖျင်းမှုရယ်။ (ဒီစကားက ပြောသာပြောရတာပါ။ ကောင်းတဲ့လူတွေလည်း အဖွဲ့ထဲမှာ တယောက်မှ မရှိတော့ပါဘူး) NLD-LA (ဗဟို) က လူကြီးတွေရဲ့ မသိကျိုးကျွံ ပြုနေမှုကြောင့်ရယ်၊ သူရဲ့ကလိမ်ကကျစ် အကွက်ဆင်တတ်မှုရယ် ကြောင့်ပါပဲ။

NLD-LA (ဗဟို) ကလူကြီးတွေကို အပိုင်ပေါင်းတယ်။ ပါးစပ်မဟနိုင်အောင် အမြဲတမ်းခွံ့ပေးထားတယ်။ ဗဟိုကလူကြီးတွေကလည်း ထူးမခြားနားပါပဲ။ ဒေါက်တာနိုင်လင်း (ယ္ခု ဘားမားကန်းပိန်း)ရဲ့ nld က ဇော်မျိုးလွင် ထောင်ကလွှတ်လာတော့ NLD(youth)ကို ဖွဲစည်းခဲ့ တယ် (တပြိုင်တည်း နောက်ထပ်ထောင်ထွက်တွေကို ကူညီနိုင်ရန် BRO ကိုဖွဲ့ ခဲ့တယ်) နောက်ပိုင်းမှ ကျော်ကျော်၊ အောင်ကျော်ဆက်၊ လှမင်း၊ မောင်လှ ၊ စိုးမိုး တခြားလူတွေ လွှတ်လာတယ်။ မလေးရှား NLD 2 ဖွဲ့ ကို စေ့စပ်ဆွေးနွှေးဖို့ NLD(LA) က ကျောက်တံခါးအမတ် လှဦး (FTUB)ကို စေလွှတ်ခဲ့တယ်။ လှဦး ကို မောင်လှနဲ့ ဇော်မျိုးလွင်တို့ သွားကြို ပြီး ဇေယျာအောက်ကဆိုင်မှာ ၊ လှဦးက "မင်းတို့ NLD လူငယ်ဆို့ တော့ လူကြီးအောက် ( ဒေါက်တာနိုင်လင်းအဖွဲ့ ကို ၇ည်ရွှယ်ပါသည်) အလိုလိုေ၇ာက်နေတယ်။ NLD ပဲလုပ်၇န်ပြောတယ်.. ဗဟိုကနေ ၂ဖွဲ့ ကို စေ့စပ်ဖို့ လွှတ်လိုက်တဲ့ လှဦး က ၂ ဘက်ခေါင်းဆောင်းတွေကို ခေါ်ဆောင်တွေ့ ဆုံ့ ဆွေးနွှေးပူးပေါင်းစေ၇န် လုံးဝ(လုံးဝ)လုပ်ဆောင်ခဲ့ ခြင်းမ၇ှိပဲ NLD 2 ဖွဲ့ ဖြင့်စေခဲ့ပါတယ် ဆိုတဲ့ nyopyar88888 ရဲ့ ကွန်မန့်ထဲက အတိုင်းပါပဲ။

ကျော်ကျော်ဟာ အဲလိုပဲ ဗဟိုက လူကြီးတွေကို အပိုင်ပေါင်းတဲ့အပြင် UNHCR-Malaysia က မှတ်ပုံတင်ခွင့်ရအောင် နည်းမျိုးစုံသုံးပြီး လာဒ်ထိုးတယ်။ လုပ်ပေါက်တွေထွင်တယ်။ မလေးရှားကနေ ပြည်တွင်းကိုပြန်ဝင်သွားလို့ အဖမ်းခံလိုက်ရတဲ့ အဖွဲ့ဝင်တွေကို ခုတုံးလုပ်တယ်။ သူနဲ့ သူ့အဖွဲ့ အဆင်ပြေရင် ပြီးရော၊ အောက်ခြေက မလေးရှားရောက် မြန်မာလူထုကို မကြည့်ဘူး။ UNHCR-Malaysia က အခွင့်အရေးလည်းရရော၊ သူများချွေးနည်းစာကို အထက်စီးကနေ ခွတုတ်တော့တာပါပဲ။

ဘာမှအထောက်အထားမရှိဘဲ ဒုက္ခတွေ တသီကြီးနဲ့ တကယ်ဒုက္ခရောက်နေတဲ့သူတွေက သူတောင်းတဲ့ငွေ အနည်းဆုံး ရင်းဂစ် ၇၅၀ ကို မပေးနိုင်လို့ ဒုက္ခတောထဲမှာ တ၀ဲလည်လည်၊ သူတို့ကတော့ ကားကြီးကားငယ် အသွယ်သွယ်နဲ့ အိုကေမှာ စိုပြေလို့ပေါ့။ နိုင်ငံတကာက နိုင်ငံရေးဂုရုကြီးတွေ မလေးရှားလာတဲ့အခါ ပေးတန်တာပေး၊ ဖို့တန်တာဖို့ အားလုံးနှုတ်ပိတ်ပြီးသား။ အခုလောက်ထိ ကျော်ကျော် ဘာကောင်လဲဆိုတာ လယ်ပြင်ဆင်သွားသလို ထင်ရှားနေတာတောင် တယောက်မှ ပါးစပ်မဟကြတဲ့အပြင် ကျော်ကျော်တော်တယ်လို့ ချီးကျူးတဲ့လူတောင် ရှိသေးတယ်။

ပြည်တွင်းက ထောင်နှုတ်ခမ်းပေါ် စင်္ကြန်လျှောက်ပြီး လုပ်နေကြတဲ့ လူတွေသိရင် စိတ်ဓာတ်တွေ ကျမှာစိုးလို့ မြန်မာ့အရေး လှုပ်ရှားသူအချို့က အချိန်တန်ရင် ရပ်သွားမှာပါလေ၊ သူ့သမိုင်းသူ ရေးနေတာဆိုပြီး ကိုယ်လုပ်သင့်တာတွေကိုပဲ အာရုံစိုက်လုပ်နေကြတာ။

ကျနော်နားလည်တဲ့ ပြည်ပက လှုပ်ရှားတယ်ဆိုတာ ပြည်တွင်းမှာ တကယ့်ကို ရိုင်းစိုင်းစုတ်ပြတ်နေတဲ့ အာဏာရှင်ကို ရင်ဆိုင်တိုက်ပွဲ ၀င်နေကြတဲ့သူတွေကို တဖက်တလမ်းက ထောက်ပံ့ကူညီပေးခြင်းနဲ့ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြတဲ့ မြန်မာပြည်သားတွေကို မျိုးချစ်စိတ်ဓာတ် ထက်သန်လာအောင်၊ စစ်အစိုးရဲ့ တိုင်းပြည်အကျိုးယုတ်စေတဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်လာနိုင်အောင် စည်းရုံးလှုပ်ရှားရေးပဲ ဖြစ်ပါတယ်။

ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) အဖွဲ့ကတော့ ပြည်တွင်းကိုလည်း တဦးချင်း တပိုင်တနိုင် လုပ်နေကြတဲ့ လူတွေလောက်တောင် ဘာအကူအညီမှ ဟုတ်တိပတ်တိ မထောက်ပံ့နိုင်၊ ရသမျှအိတ်ထဲထည့်၊ ကိုယ့်စီးပွားရေးကိုယ်လုပ်၊ ကားတ၀ီဝီစီး၊ မှန်မှန်ကန်ကန်လုပ်နေတဲ့ သူတွေကို ပိပိရိရိ နည်းမျိုးစုံနဲ့ နှောက်ယှက်ဖြိုခွဲ၊ အခုလည်း သူရဲ့လုပ်ရပ်တွေကို မကြိုက်ကြလို့ ၂၀၀၈-ခုနှစ်ကတည်းက ပီနန်းဌာနခွဲက ခွဲထွက်ပြီး သူတို့နယ်မြေမှာ မြန်မာ့အရေးကို တတ်နိုင်သလောက်လုပ်နေတဲ့ သူတွေကို သူကပဲတပြန်တည်း မသမာသူလူတစု ရယ်လို့ စွပ်စွဲပြီး RFA သတင်းဌာနကနေ မင်းသားခေါင်း ဆောင်းပြလိုက်ပြန်ပါပြီ။ နောက်ဘာတွေဆက်ပြီး ကလိမ်ကကျစ် လုပ်အုံးမလဲဆိုတာ သတိထားစောင့်ကြည့်ကြပါ။ သတိထားနေရုံနဲ့မပြီးဘဲ NLD ကို ခုတုံးလုပ်ပြီး နိုင်ငံရေးအယောင်ဆောင်နေတဲ့ ဗြောင်လိမ်ဗြောင်စားအုပ်စုကို အပြီးတိုင်ဖယ်ရှားနိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းကြပါလို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

ဇီဒန်း (ပီနန်း)


မေးလ်ထဲကစာ

ကျနော်က ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ပါဘူး။ ဘယ်သူ့ဘက်ကမှလည်း လိုက်မပြောပါဘူး။ အညတြ အခြေခံလူတန်းစားတွေရဲ့ဘဝကို ကိုယ်ချင်းစာပြီးတော့ ကျနော့်ချွေးနည်းစာနဲ့ကျနော် အုတ်တချပ် သဲတပွင့်အနေနဲ့ တကိုယ်ရေ စစ်အာဏာရှင်ကိုဆန့်ကျင်နေတာပါ။ (ဒီမိုကရေစီဆိုတာ ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ဝါဒဆိုတာလောက်ပဲ ကျနော်နားလည်ပါတယ်)

မလေးရှား NLD အမည်ခံပြီး ကောက်ကျစ်လိမ်လည်နေတဲ့ ကျော်ကျော်ရဲ့ အင်တာဗျူးတဲ့ စကားလုံးတွေကို RFA ဆိုတဲ့ သတင်းငှာနကြီးတခုက အကြောင်းအရင်းဇစ်မြစ်ကိုမသိပဲ သတင်းဦးရင်ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ ထုတ်လွှင့်လိုက်တာကို မြန်မာပြည်သူတယောက်အနေနဲ့ ဦးစွာကန့်ကွက်ပါတယ်။ RFA ကသတင်းထောက်ဟာ ဒီသတင်းကိုမတင်ခင်မှာ ကျော်ကျော်ဆိုတဲ့သူရဲ့ စကားအသုံးအနှုန်းထဲမှာပါတဲ့ (မသမာသူလူတစုက) ဆိုတဲ့အသုံးအနှုန်းကို ဦးနှောက်သုံးပြီး ပြန်လည်စီစစ်သင့်ပါတယ်။ ဒီစကားလုံးရဲ့နောက်ကွယ်မှာ မနာလိုမုန်းထားတဲ့ အတ္တရမ္မက်စိတ်တွေဟာ အစိုင်အခဲတခုပမာ အသံရှင်ရဲ့အဇ္ဇျတ္တမှာ ပေါ်လွင်နေတာကိုလည်း မြင်စေချင်ပါတယ်၊ ကျနော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးတောင်မှ သူ့ရဲ့ရန်သူဦးစောတို့၊ ဗိုလ်နေဝင်းတို့ကို မသမာသူလူတစုတွေ၊ လူယုတ်မာတွေဆိုတဲ့ အသုံးအနှုန်းမျိုး ထွက်ဆိုပြောဘူးတာ မရှိပါဘူးဗျာ၊

သတင်းမီဒီယာတွေအနေနဲ့ ကမ္ဘာမြေကြီးငြိမ်းချမ်းဘို့အတွက် အမှန်တရားကို ရှာဖွေလိုတဲ့စိတ်နှလုံး
ရှိတယ်ဆိုရင် သတင်းအမှန်ဖြစ်အောင် ကြိုးစားပေးစေချင်ပါတယ်၊ တဖက်စကားကိုသာ အစောတလျင် အတည်မပြုပဲ အဲ့ဒီတစ်ဖက်ရဲ့ဘေးမှာ ပတ်ဝန်းကျင်ဆိုတဲ့ ပြည်သူ့အသံ ရှိသေးတယ်ဆိုတာလေးတော့ အသိအမှတ်ပြုစေချင်ပါတယ်။

ကျော်ကျော်ဆိုတဲ့လူရဲ့ NLD အရေခြုံ အဖွဲ့အစည်းကရော ဘာလုပ်နေကြလဲ၊ ဘာတွေဖြစ်နေကြလဲဆိုတာကို မလေးရှားမှာရှိနေတဲ့ မြန်မာတွေကြားမှာ ခဏတာဝင်ပြီး လေ့လာစေချင်ပါတယ်။ မြန်မာပြည်သားတွေရဲ့ ထောက်ခံမှူရော ရထားလို့လားဆိုတာ မလေးရှာရောက်မြန်မာပြည်သားတွေရဲ့ အသံကိုနားစွင့်စေချင်ပါတယ်။

ယခုအဖမ်းခံထားရတဲ့ အတိုက်အခံအချင်းချင်းကို ကဒ်အတုလုပ်ပြီး ငွေလိမ်စားပါတယ်ပြောရအောင်လည်း
အဲ့ဒီလူတစုက လိမ်းစားတယ်ပဲထားပါဦးတော့။ ကျော်ကျော်ဦးဆောင်တဲ့ NLD (LA) အမည်ခံလူတစုကရော
လူသူတော်ကောင်းတွေမှ ဟုတ်ပါလေစလို့ ကျော်ကျော့်ရဲ့အလိမ်ခံရတဲ့ လူတွေကိုယ်စား မေးခွန်းထုတ်ချင်ပါတယ်။ ကဒ်အတုပါဆိုတဲ့စကားကို သုံးရလောက်အောင် ကျနော်မလေးရှားမှာ ကျင်လည်လာခဲ့တဲ့ ၁၁ နှစ်တာကာလမှာ မလေးရှားလဝကက အသိအမှတ်ပြုထားတဲ့ တရားဝင်ကဒ်လုပ်ပေးတဲ့ မြန်မာအဖွဲ့အစည်းဆိုတာကိုလည်း တကြိမ်တခါမှ မကြုံဘူး မကြားဘူး ပါဘူးဗျာ..

မလေရှား NLD ကို ကျော်ကျော်ဦးဆောင်ပြီး မြန်မာ့နိုင်ငံရေးအတွက် လှုပ်ရှားပါဆိုပြီးတော့လည်း ကျနော်တို့ရဲ့ ဒီမိုကရေစီငြိမ်းချမ်းရေးမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည့်က ခွင့်ပြုထားတာလည်းမရှိပါဘူး ..

ဒီကျော်ကျော်ဆိုတဲ့ မလေးရှားက နိုင်ငံရေးစုန်းပြူးက နိုင်ငံအတွက် နှမ်းစေ့ဘယ်နှစ်စေ့လောက်များ အသုံးဝင်တဲ့သတ္တဝါမို့လို့ အတိုက်အခံအချင်းချင်းအပေါ် မသမာလူတစုဆိုတဲ့စကားမျိုး သုံးပြီးပြောရသလဲဆိုတာကို လူသိရှင်ကြား မေးလိုက်ပါရစေဦးဗျာ။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ရော (လောကတ္ထစရိယံ) ဆိုတဲ့ လောကအတွက်ရော ဘာကောင်းကျိုးတကွက် ပြုဖူးတဲ့ကောင်မို့လို့လဲဗျာ။ ရိုးရိုးသားသားလုပ်ကိုင်ပြီး ကိုယ့်ကိုယ်ပိုင်အရည်အချင်းနဲ့ အိမ်သာတလုံးတောင် ပိုင်အောင်မစွမ်းဆောင်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမိန်ရေသီနား ခိုစားနေကြတဲ့ကောင်တွေ ပြောတဲ့စကားက ခွေးပါးစပ်က နတ်စကားထွက်တယ် ဆိုတဲ့အတိုင်းပါပဲဗျာ။

ဒီမိုကရေစီ ငြိမ်းချမ်းရေးမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘဝတလျှောက်လုံး မိသားစုရဲ့ နွေးထွေးမှူဆိုတဲ့မေတ္တာကို မခံစားရရှာပဲ နိုင်ငံနဲ့ပြည်သူ့အပေါ်မှာ မားမားမတ်မတ်ရပ်တည်ပေးဆပ်ခဲ့တဲ့ စေတနာလေးကိုတော့ နိုင်ငံရေးအမည်ခံ နွားတံဆိပ်တွေအနေနဲ့ နည်းနည်းလေးတော့ပြန်ဆင်ခြင်ပြီး စာနာနားလည်သင့်ပါတယ်ဗျာ။

အဆိုးဝါးဆုံးကတော့ မလေးရှားဆိုတဲ့တိုင်းတပါးမှာ ရုန်းကန်လှုပ်ရှားရင်း ၀မ်းစာရှာဖွေရှင်သန်နေရတဲ့ အခြေခံလူတန်စားတွေရဲ့ဘဝပါ။ မိတကွဲ ဖတကွဲ၊ သားတကွဲ မယားတကွဲ ခွဲခွါလာကြပြီး တိုင်းတပါးမှာ မိမိရဲ့အလုပ်ရှင်က ဆူပူ ဆဲဆို၊ ကြိမ်းမောင်းခံရပြီးမှ ရလာသမျှ မသထာရေစာ ငွေကြေးလေးကို သံရုံးကဂုတ်သွေးစုပ်တာကတမျိုး၊ အေးဂျင့်တွေ ပွဲစားတွေကအနိုင်ကျင့်တာကတမျိုး၊ (တောရိုင်းတိရစ္ဆာန်တွေ ကြီးနိုင်ငယ်ညှင်းလုပ်နေသလိုပဲ) အဲ့ဒီလို ခက်ခက်ခဲခဲရုန်းကန်နေရတာကို ကိုယ်တွေ့ဖြစ်လျှက်နဲ့၊ နိုင်ငံရေးအယောင်ဆောင် လောက်ကောင်တွေက UNHCR ဆိုတဲ့ တတိယနိုင်ငံကြီးကို မက်လုံးပေးပြီး မြန်မာပြည်သူတွေအပေါ် ဥပဒေမဲ့လိမ်လည်နေကြတဲ့ လူလိမ်တွေပဲ။

မလေးရှားမှာ အလုပ်လုပ်ချင်စိတ်ရှိပြီး ရိုးရိုးသားသားရှာဖွေစားသောက်ရင် ကိုယ့်တမိသားစုအတွက်တော့ ချောင်ချောင်လည်လည်သုံးနိုင်ပါတယ်ဗျာ။ လက်ကျောမတင်းပဲ နိုင်ငံရေးအယောင်ဆောင်၊ ပြည်တွင်းမှာ စွန့်လွှတ်အနစ်နာခံပြီး လုပ်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အမည်ခံပြီး လိမ်လည်လှည့်ဖျား စားသုံးနေကြတာ ရမ္မက်လွန်နေတုန်း အခိုက်အတန့်လေးပါ၊ နဲ့နဲ့လောက်ဆင်ခြင်မိရုံနဲ့ ဒီလုပ်ရပ်ဟာ အင်မတန်ယုတ်မာပြီး အလွန်ပဲ
ရှက်စရာကောင်းပါတယ်ဆိုတာ သိနိုင်ကြမှာပါ။

တခဏစံစားဘို့အတွက် တစ်နပ်စားဥာဏ်နဲ့ သူတပါးအခက်အခဲနဲ့ ပူပင်သောကတွေ ပေါင်းစုထားတဲ့ အပူရေစာတွေကို မစားချင်ကြပါနဲ့။ အခြေခံလူတန်းစား ဘဝတူတွေချင်း၊ အုပ်ချုပ်ခံ လူတန်းစားချင်းဆိုတာလေးတော့ ကိုယ့်ဘဝကိုယ်နားလည်ကြပါ။ အဲ့ဒီလောက်ကလေးမှ လူ့အသိတရားခေါင်းပါးနေမယ်ဆိုရင်တော့ (ဥပမာ။ ။ ( မိဘ ) မျိုးရိုးဗီဇကြောင့်ပဲဖြစ်ဖြစ် ထိန်းမရတဲ့ ဝါသနာကြောင့်ပဲဖြစ်ဖြစ် သူများမျက်ခုံးမွှေးပေါ်စင်္ကြန်လျှောက်ပြီး လူပါးဝချင်သပဆိုလည်း) မိမိတို့ရဲ့ အဖွဲ့မူပိုင်အမည်တပ်ပြီး လိမ်ညာစားကြပေါ့ဗျာ။

ပြည်တွင်းမှာ ပြည်သူ့အတွက် တကယ်ရင်ဆိုင်ပေးဆပ်နေရတဲ့ သူတွေကလူသားတွေပါဗျ၊ ကျောက်ဆစ်ကျောက်သားတွေ မဟုတ်ပါဘူး။ တိုင်းပြည့်အနာဂတ်ကောင်းဖို့အတွက် ပေးဆပ်နေကြတဲ့ လူတော်လူကောင်းတွေကို မကူညီချင်လို့ ကျေးဇူးမတင်ရင်လည်း နေပါစေ။ အနှောက်အယှက်လုပ်နေတဲ့
စာရိတ္တတွေ၊ စရိုက်တွေနဲ့တော့ မစော်ကားကြပါနဲ့ဗျာ။

ဒါ့ကြောင့် အခုလိုပြည်တွင်းက အဖွဲ့အစည်းတွေရဲ့ အမည်ခံပြီး ထင်ရာဆိုင်းနေကြတာကြီးကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မူ့ကင်းမဲ့ပြီး ကိုယ့်အားကိုယ်ကိုးချင်စိတ်မရှိတဲ့ ပေါက်လွှတ်ပဲစား မိမဆုံးမဖမဆုံးမ သားသမီးတွေလိုဖြစ်နေကြတာပဲဗျာ။

ဖြိုးဝေ
KUALALUMPUR
MALAYSIA

3 comments:

ဒုက္ခသည်အဖွဲ့အစည်း တဲ့ ...ဘာတွေများဒုက္ခဖြစ်နေပါသလဲ... ဘာကြောင့် အဲဒီ card လေးအတွက် ပိုက်ဆံတွေ အကုန်ခံ ခွေးပြေးဝက်ပြေး လုံးပမ်းနေကြပါသလဲ... မင်းတို့လို မျိုးမချစ် ပြည်စွန့်တဲ့ ကောင်တွေ အတွက် ဟို မျိုးမစစ်ကောင်တွေက ခေါင်းပုံဖြတ်တာ နည်းတောင်နည်းပါသေးတယ်... ခံလိုက်ကြဦးပေါ့ သနားစရာ အပြည်ပြည်ဆိုင်ရာ ဂုဏ်သရေရှိ ဒုက္ခသည်ကြီးတွေရေ...

စောက်ရှက်မရှိဘူးလား.... ဒီ website ထောင်တဲ့ သူတွေ... စောက်ရူးတွေ..

ဒေါင်းမဟုတ်ဘူး Angry Bird ပုံ :P

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်