Subscribe to our RSS Feed

ဘာလဲဟဲ့ နိုင်ငံရေးအကျဉ်းသား

အကျဉ်းသား ၁၄၀၀၀ကျော် လွှတ်ခြင်းသည် ရှုံ့ချ ဝေဖန် စရာမဟုတ်ပါ

အတိုက်အခံဆိုတာ အတိုက်နဲ့ အခံ နှစ်ခုပဲ မလုပ်သင့်ပါဘူး။ တစ်ခါတစ်ရံမှာ အစိုးရရဲ့ လုပ်ဆောင်မှုတစ်ခုက ပြည်သူများကို ပျော်ရွှင်စေတယ်၊ ကောင်းမွန်စေတယ်ဆိုရင် အလိုက်အထိုက် အသိမှန်ပြုသင့် ချီးကျူးသင့်ပါတယ်။ အကောင်းမြင်တယ်ဆိုတာ သူတော်ကောင်းကျင့်စဉ်ပါ။ သူတော်ကောင်းမဟုတ်လို့ အကောင်းမမြင်နိုင်သေးရင်တောင် အမှန်ကိုတော့ မြင်သင့်ပါတယ်။ ဖြစ်သမျှ၊ လုပ်သမျှ မကောင်းပြောနေလို့တော့ မဖြစ်သေးပါဘူး။ အကျဉ်းထောင်ထဲက အကျဉ်းသား ၂ သောင်းနီးပါးလွှတ်တယ်ဆိုတာ ရှုံ့ချစရာ၊ အပြစ်တင်စရာ၊ ဝေဖန်စရာ မှ မဟုတ်ပါဘူး။ ဒီ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကြောင့် ဘယ်မြန်မာပြည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်မှု၊ နစ်နာမှု၊ စိတ်ဆင်းရဲမှု မဖြစ်စေခဲ့ပါဘူး။ စိတ်ချမ်းသာမှုတွေပဲ ဖြစ်ခဲ့ရတာပါ။ ဒါကို ဘာလို့များ အပြစ်တင်သံတွေ၊ ဝေဖန်သံတွေ ရှုံ့ချသံတွေ ကြားနေရလဲ စဉ်းစားဖို့လိုပါတယ်။


လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပျော်ရွှင်နေကြသူများ


ထောင်ကထွက်ရလို့ မကျေနပ်တဲ့လူတွေ

လွတ်မြောက်လာတဲ့အထဲက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ လူတချို့က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ပတ်သက်လို့ စိတ်မကောင်းတဲ့အကြောင်း၊ မကျေနပ်တဲ့အကြောင်း ပြောကြပါသေးတယ်... ဒီအမိန့်ထုတ်ပြန်တာက ပြည်သူပေါင်းများစွာ၊ ဝမ်းသာကြည်နူးပျော်ရွှင်စေဖို့နဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းမှာ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်ဖို့နဲ့ ငဲ့ညှာလို့ ဆိုတာ ပါနေပါတယ်။ ဒါပေမယ့် နိုင်ငံတော်သမ္မတဲ့ တာဝန်ရှိသူများကို တစ်ခုလောက်တော့ ကွန်ပလိန်း တက်ချင်ပါတယ်.. နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် စိတ်ညစ်သွားတဲ့လူတွေ၊ ထောင်ကလွတ်လို့ မကျေနပ်တဲ့လူတွေကိုတော့ သူတို့ဆန္ဒကို ငဲ့ညှာပြီး ထောင်ထဲမှာ ပျော်သလောက်နေခိုင်းသင့်ပါတယ်။

တာဝန်ရှိသူတွေက ”တည်ဆဲဥပဒေတစ်ခုခုကို မဖေါက်ဖျက်ပဲ ထောင်ကျနေသူတစ်ဦးမှ မရှိပါ” ဆိုတဲ့ စကားအတိုင်း အပြစ်မရှိပဲ ထောင်မချဘူး ဆိုရင်လည်း ထောင်ကလွတ်လို့မကျေနပ်သူများအနေနဲ့ ထောင်ကျအောင် လုပ်နည်းကိုတော့ အတွေ့အကြုံရှိပြီးသားဖြစ်လို့ မကျေနပ်ဘူးတောင် ပြောနေဖို့မလိုပဲ နေ့တစ်ရက်မကူးခင် ထောင်ထဲပြန်ဝင်နိုင်အောင် တည်ဆဲဥပဒေတစ်ခုသာ ချိုးဖောက်လိုက်ပါ။ အားလုံးစိတ်ချမ်းသာဖို့ နိုင်ငံတော်မှ တာဝန်ရှိသူများက ကူညီကြပါလိမ့်မယ်။

လွတ်ငြိမ်ချမ်းသာခွင့်ကြောင့် တစ်ညလုံး စိတ်မကောင်းဖြစ်ခဲ့ရသည် ဟု ပြောဆိုသူ


တစ်ချိန်က အပြစ်လုပ်ခဲ့တဲ့ ဒေါ်စု

ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ဂျွန်ယက်တော ဝင်ရောက်ခဲ့သည်ကို အားလုံးသိကြပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မရှိကြောင်း ကို အခုချိန်ထိပြောနေကြတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင်းသို့ ဂျွန်ရက်တော့ စတင်ဝင်ရောက်ကြောင်း သိစဉ်က ဂျွန်ယက်တော ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်အင်မတန် လေးစား မြတ်နိုးသည့် ထူးခြားသည့် ပုဂ္ဂိုလ်အဖြစ်ကြောင်း၊ ပညာပြည့်ဝသည့် စာရေးစရာတစ်ဦးဖြစ်ကြောင်း၊ ရေကူးချန်ပီယံတစ်ဦးဖြစ်ကြောင်း၊ လုပ်ချင်တာတစ်ခုကို မဖြစ်ဖြစ်အောင်လုပ်ခဲ့သည့် ခံယူချက်ရှိသူ တစ်ဦးဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြပေမယ့် ဂျွန်ရက်တောကြောင့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ၁ နှစ်ခွဲကျချိန်မှာတော့ ဂျွန်ရက်တော ဆိုသည်မှာ အစိုးရဲ့စေခိုင်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်းသို့ဝင်ခဲ့ရသည့် စိတ်ရောဂါသည် တစ်ဦးအဖြစ် ဖော်ပြခဲ့ကြပြန်သည်။ သို့သော် သေချာသည်မှာ ဂျွန်ရက်တောနှင့် အစိုးရတို့မှာ အဆက်အသွယ်ရှိသူများမဟုတ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂျွန်ရက်တောကို နေအိမ်မှာခွင့်ပြုညအိပ်ခဲ့သည့်ဖြစ်စဉ် မှားယွင်းသည့်အလုပ် လုပ်ခဲ့သည်မှာ သေချာပေသည်။ အမှန်ကန်သောအလုပ်လုပ်သူ၊ မှားယွင်းသောအလုပ်သူ၊ တည်ဆဲဥပဒေတစ်ခုခု ချိုးဖောက်သူ တို့အနေနဲ့ အရေးယူခံရမှာကို မကြောက်သင့်သလို ကာယကံရှင်နှင့် ပက်ဝန်းကျင်မှလူများအနေဖြင့် လည်း စဉ်းလုံးချောကောင်းနေလျှက်နှင့် အပြစ်ဒဏ်ကျကြောင်း မပြောသင့်ပါ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiItqspkG-CRUKSLSx86d9kQwjr6OKu3WYBmBxsPXmyDHOkRwFCKdD3RAPHwtEKo6PJxRlvs16D9pVu_V0p4gVuTsaU0lfSPiWd5YCyYKFuq8AS78S38aEdZcbpld_srMA9Iq7QgPD8iWs/s1600/myanmarexpress.blogspot.com++16+%25282%2529.jpg


နိုင်ငံရေးလုပ်ရင် တကယ်ထောင်ကျသလား

နိုင်ငံရေးလုပ်ရင် တကယ်အကျဉ်းကျခံရလား၊ နိုင်ငံရေးလုပ်သူတွေထောင်ကျလား ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည် မကြာခဏပြောနေတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဘာလုပ်နေလုပ်နေ နိုင်ငံရေးပါတဲ့။ အိမ်မှာထမင်းချက်နေတဲ့ အမျိုးသမီးတစ်ယောက်ကလည်း နိုင်ငံရေးလုပ်နေတာပါပဲလို့ မနှစ်က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါသေးတယ်။ နိုင်ငံရေးလုပ်သမျှလူအကုန်ကို အစိုးရက ထောင်ချတယ်ဆိုရင် ကျွန်တော်တို့တွေတောင် ထမင်းချက်ပေးမယ့်လူ ရှိမှာမဟုတ်တော့ပါဘူး...။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyBmnduBmsfN_v7Gs2v0BRmVaFySV4NZWJFiSRCiu4GjHJIZGqRL9T4kIDGjepGcFYwcffKPqo5xHNPnwDNRSwQwg5F16YIVWobmDgHPeziLZp35b01-q9LYGfzGW5ia0sV9UrRd7nhzo/s305/myanmarexpress.blogspot.com+%25282%2529.jpg
ဟန်းနီးမွန်းထွက်ရင်း နိုင်ငံရေးလုပ်နေသူ ဒေါ်စု


ယုံကြည်တာတွေ မယုံကြည်တာတွေ ပြောရအောင် ဥပဒေဆိုတာ ဘုရားသခင်လား


ယုံကြည်ချက်ကြောင့်ပဲ အကျဉ်းကျကျ မယုံကြည်ပဲနဲ့ အကျဉ်းကျကျ အကျဉ်းကျတာက အကျဉ်းကျတာပါပဲ။ လူသက်ရင် ထောင်ကျမယ်ဆိုတာကို မယုံလို့သက်သူရော၊ သူများမိန်းမကို ကြာခိုရင်ထောင်ကျမယ်ဆိုတာကို ယုံကြည်လို့ စမ်းကြည့်ရင်း ထောင်ထဲဝင်လာသူရော အားလုံးက အကျဉ်းကျတာပါပဲ။ ဥပဒေမှာ ယုံကြည်တယ် မယုံကြည်ဘူး ဆိုတာ မရှိပါဘူး။ ယုံကြည်ရအောင်လည်း ဥပဒေဆိုတာ ဘုရားသခင်မဟုတ်ပါဘူး။ ဥပဒေဆိုတာ လိုက်နာဖို့ထုတ်ထားတာဖြစ်သလို မလိုက်နာလျှင် ဘာအပြစ်ရမယ်ဆိုတာကိုလည်း ရှိထားပြီးသားဖြစ်ပါတယ်။

စဉ်းလုံးချောပြည့်စုံကောင်းမွန်နေသည့် ဘယ်တစ်ယောက်ကိုမှ အကျဉ်းထောင်ထဲမှာ ထမင်းအလကားကျွေးထားမှာမဟုတ်သလို သူ့လုံခြုံရေး၊ စားရေးသောက်ရေး၊ နေရေးထိုင်ရေးတွေအတွက် ဝန်ထမ်းတွေခန့်ပြီး တာဝန်ပေးနေမည်မဟုတ်ပါ။

ယုံကြည်လျှင်စိပ်၊ မယုံရင် မစိပ်နဲ့ ... ကိုးနဝင်း မိုးလင်းမှသိမယ်


ကင်မယာ ကိုင်ရုံလေးနဲ့ ထောင်ကျမယ်ဆိုရင်

အပြစ်တစ်ခုလုပ်ထားပြီး အပြစ်မရှိဘူးပြောချင်လျှင်လည်း ယုတ်တိရှိရှိ လိမ်တတ်ဖို့လိုပါတယ်။ ဘာအပြစ်မှမလုပ်ပဲ ကင်မယာလေး ကိုင်ရုံနဲ့ ထောင်ကျတယ်ဆိုတဲ့ အကြောင်းပြချက်မျိုးကတော့ မဖြစ်သင့်ပါဘူး။ ဘာအပြစ်မှ မရှိပါဘူး ကင်မယာလေး ကိုင်တာနဲ့ ထောင်ကျတယ် ဆိုရင် မြန်မာတစ်နိုင်ငံလုံး ကင်မယာ ကိုင်ဆောင်သူအရေအတွက် သိန်းနှင့်ချီ၍ရှိရာ ထောင်ထဲတွင်ပင် နေရာဆံ့မည်မဟုတ်ပေ။ ကင်မယာကိုင်တိုင်း ထောင်ကျရင် ကင်မယာဆိုင်ဖွင့်သူများမှာ ၁၀ ခါပြန် သေဒဏ်တောင် ကျသင့်ပါပြီ။

ဒီဆိုဒ်လောက်ဆို ၁၀ ခါပြန် သေဒဏ် ပဲ


ဒေါက်တာဆိတ်ဖွား ပြောသည့် နိုင်ငံရေးအကျဉ်းသား (သို့) ယုံကြည်ချက်ကြောင့်အကျဉ်းကျသူများ၏ ဂုဏ်ရည်များ

( ၁ ) အလွန်ရိုးသားပြီး ဖြူစင်သူများဖြစ်ကြသည်။
( ၂ ) နာရေးလုပ်ငန်းများတွင် ကူညီနေသူများ၊ HIV ဝေဒနာသည်များအားစောင့်ရှောက်နေသူများ၊ ကလေးများအားအခမဲ့ ပညာသင်ကြားပေးနေကြသူများ၊ မိဘမဲ့ကလေးများအား စောင့်ရှောက်နေသူများ ဖြစ်ကြသည်။
( ၃ ) ထိုသူများ အကျဉ်းကျနေချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် လသားအရွယ် ခလေးငယ် ရှိနေကြသည်။
( ၄ ) သမိုင်းသုတေသီများ ဖြစ်ကြသည်။
( ၅ ) အပြင်မှာကျန်ခဲ့သူများကို NLD ကသော်လည်းကောင်း ၊ အဖွဲ့စည်းတစ် ခုခု ကသော်လည်းကောင်း
ထောက်ပံ့ပေးကမ်းမှ သာအဆင်ပြေကြသူများဖြစ်ကြသည်။
( ၆ ) မျက်စေ့ဝေဒနာ ၊ လေးဘက်နာ ၊ နှလုံးရောဂါ ၊ အရိုးကြီးပေါင်းတက်ရောဂါ ၊ အစာအိမ်ရောဂါ ၊မကြာခ
သွေးသွင်းရသော သွေးကင်ဆာရောဂါ ၊ ကိုတစ်ခြမ်းလေဖြတ်ရောဂါ အစရှိသော ၉၆ ပါးရောဂါ များထဲ
မှ တစ်ခုမဟုတ် တစ်ခု အချို့ နှစ်ခု သုံးခု စုပေါင်း၍ ခံစားနေရသော ဝေဒနာသည်များ ဖြစ်ကြသည် ။
( ၇ ) ထူးဆန်း၍ ရှားပါးသောဆေးတစ်မျိုးမျိုး ကိုစွဲသောက်နေရသူများဖြစ်ကြသည် ။
( ၈ ) စာဖတ်ခြင်းကို အလွန်အမင်း ၀ါသနာထုံသော စာပေချစ်သူများဖြစ်ကြသည်။
( ၉ ) အရိုးကြေကြေ အရေခမ်းခမ်း လုပ်မည်ဟု ကြွေးကြော်နေသော်လည်း အအေး ဒဏ်မခံနိုင် ကြသူများဖြစ်ကြသည် ။
(၁၀) သူမ ယောက်ျား ကျနေတဲ့ထောင်ကိုပြောင်းပေးရန်စာမကြာခဏတင်ပြီး မပြောင်းပေးပါက အစာငတ်ခံမည် ၊ မိမိကိုယ်ကို သတ်သေမည်ဟု ဆိုကာ သတ္တိမကြာခဏပြနေသူ များလည်းဖြစ်ကြသည်။
(ကိုယ့်ဘာကိုယ်သာ မစားချင်လို့မစားတာ ထောင်ထဲမှာ မကျွေးရင် အငတ်ထားတယ် ပြောအုံးမှာ)

(၁၁) အလွန်အမင်း အသန့်အပြန့်ကြိုက်ကြသူများဖြစ်ကြသည် ။
(၁၂) ဘာသာရေး အလွန်ကိုင်းရိုင်းပြီး၊ တရားထိုင်ခြင်းကို အံ့သြ စရာကောင်းလောက်အောင် တစိုက်မတ်မတ် နှစ်ရှည်လများကျင့်ကြံအား ထုတ်နေသူများဖြစ်ကြသည် ။




Myanmar Express

4 comments:

ဒေါ်လာစါး ရေ ...နံမည်နဲ့ လိုက်အောင် ဒေါ်လာငတ်ကြီးကျ၊ မင်းပထွေး ကမ်ဘာကျော် ဒေါ်လာသူခိုးဗိုလ်ချုပ်ကြီးများ နီးပါး သောက်ရှက်မရှိတိုင်း ကြမ်းပိုးကိုလိပ်ဖြစ်အောင် မိန်းမလိုမိန်းမရ လုပ်ကြံ ရေးရဲ ပြောရဲလို. ဒီ ရာထူးလေး ရ ထားတာ ဆိုတော့ မင်းလိုကောင်မျိုးတွေ တပ်ထဲ များများရှိလို.ကတော့ ခွေးသူခိုးတပ်ကြီး အနံ.တထောင်းထောင်နဲ. တံထွေးခွက်မှာ ဆက်မြောကြအုံးပေါ့ကွာ။

(ဥပဒေဆိုတာ လိုက်နာဖို့ထုတ်ထားတာဖြစ်သလို မလိုက်နာလျှင် ဘာအပြစ်ရမယ်ဆိုတာကိုလည်း ရှိထားပြီးသားဖြစ်ပါတယ်။ )

ဒေါ်လာစါးပြောတဲ့ ဥပဒေ က ဗိုလ်ချုပ်ကြီးများနဲ့ အပေါင်းပါတွေ အတွက်မပါဘူး ဟုတ်စ။

" နိုင်ငံတော်က ဥပဒေအရ တားမြစ် ပိတ်ပင်ထားသည့်ကြားမှ ကချင်ပြည်နယ်မှာ ထူးကုမ္ပဏီက သတ္တုရိုင်းများ တရုတ်နိုင်ငံဘက် တိတ်တဆိတ် တင်ပို့နေ "

http://www.rfa.org/burmese/news/ores-exported-to-china-secretly-04302011115150.html

အမျိုးသားရေး ကို အသက်ပေး ကာကွယ်ပေးနေပါတယ် ဆိုတဲ့ မြန်မာ့ တပ်မတော်ကြီးရဲ. မျက်နှာ ၂ ဖက်နဲ့ ဗြောင်လိမ် လုပ်ရပ် အမျိုးမျိုး အဖုံဖုံ ကြားက သေးသေးလေး တစ်ခုမျှသာဖေါ်ပြ လိုက်တာပါ။
မရှက်တတ်တော့သူ လူလိုမကျင့် မကြံတတ်တော့ တဲ့ မြန်မာဗိုလ်ချုပ်တွေကို ပြောပြနေလို. လဲ ကျွဲပါး စေါင်းတီ အကျိုးမရှိ လေကုန်ရုံပါဘဲ။

မြန်မာပြည်ကြီးဟာ အင်မတန်မှ နေချင့်စဖွယ် တရားမျှတစွာ အုပ်ချုပ်နေသောအစိုးရ ရှိပါသည် ဆိုသော ရှက်ကြောပြတ် စစ်အစိုးရ အမွှန်းတင် ဆောင်းပါတစ်ပုဒ်အတွက်
မြန်မာပြည်က တကယ့်လက်တွေ. အဖြစ်လေးတချို. ကြည့်ကြရအောင်......

# ပြည်သူတွေအတွက် မျိုးချစ်တပ်မတော် ကွန်ယက်ဖွဲ့ စည်းခြင်း - http://www.bbc.co.uk/burmese/burma/2011/04/110418_army_network.shtml

# ပြည်သူတွေကတော. တိရိစ္ဆာန်ဘ၀ ရောက် မှန်းမသိ ရောက် နေတဲ. အချိန် ခွေးသား နအဖ နဲ. အပေါင်းပါ များကတော့ .. http://mizzimaburmese.com/news/regional/7412-2011-04-20-13-32-25.html

# မြန်မာ့တောင်သူတွေကို ဘ၀တုံးစေမယ့် တရုတ်ပြည်အတွက် စစ်သူခိုးများစီစဉ်ခဲ့သော (မြန်မာ့မြစ် ကြောကြီးများပေါ်မှ) ရေအားလျှပ်စစ်စက်ရုံ ကြီးများစွာ....
http://english.aljazeera.net/video/asia-pacific/2011/04/201142243514772334.html

# အရေးကြုံလာရင် ဗိုလ်ချုပ်ကြီးများ တယ်အားကိုးရသကိုး
Dead are thrown into rivers as the living wait for aid.
http://www.youtube.com/watch?v=02MD0omcd44&feature=related

#ဗိုလ်ချုပ်မှူးကြီး အထူး ဘတ်ဂျက်သုံးစွဲခွင့် အာဏာ မိမိကိုယ်ကိုယ် အပ်နှင်း .. http://www.bur.irrawaddy.org/index.php/news/5892-2011-03-04-11-37-05

# နအဖ၏ လူယောင်ဆောင်တဲ့ ကစါးနည်း
http://www.irrawaddy.org/article.php?art_id=21114 (Military Plays a Civilian-Looking Game).

# လူယောင်ဆောင် အစိုးရသစ် လယ်သမားများအရေး ဖြေရှင်းမပေး

http://www.rfa.org/burmese/news/new_government_not_sesolve_farmers_issue-04042011102900.html

# ဘယ်သူခွဲခွဲ ဒို.မကွဲ တဲ့တပ်မတော်.. ဘယ်သူမှခွဲစရာမလိုဘူး၊ ပြည်သူ့တပ်မတော်သားနဲ့ ပြည်လု စစ်သား အလိုလိုကွဲလာတာ။ http://www.bbc.co.uk/burmese/burma/2011/04/110414_shootings709.shtml

# World Health Organisation ရဲ.တွေ.ရှိချက်များအရ မြန်မာပြည်မှာ အစိုးရရဲ.ကျန်းမာရေးအသုံးစရိတ်နည်းလွန်း တာကြောင့် မြန်မာအများ ပြည်ပထွက်ခွာနေကြရတယ် လို.မနေ.က ကျေငြာလိုက်ပါတယ် http://burmese.dvb.no/news.php?id=14078

# အချိတ်ပုဆိုး နဲ. လိပ်မျိုးသိန်းစိန် လယ်သမားများအရေး အစိုးရသစ် ဖြေရှင်းမပေး http://www.rfa.org/burmese/news/new_government_not_sesolve_farmers_issue-04042011102900.html

ကဲပါ ။။။။ ဒီမိုတို့ရေ.......... ခင်ဗျား တို့က တကယ် လိပ်ကို ဂျပိုးဖြစ်အောင်ပြောတက်ယုံတင်မက ဘူး လိပ်ကို အရောင်ပါ ပြောင်းအောင် ပြောတက်လွန်းပါတယ်ဗျ ...
ဥပမာ ...ဗိုလ်ချုပ်ကြီး ခင်ညွှန့် တိုင်းပြည် မှာ ဘုရင်တဆူ လို ဖြစ်နေတုန်းကတော့ ခင်ဗျားတို့တွေ ပြောကြတယ် လူသက်ကောင်ကြီးတွေ ဘာတွေနဲ့ စုံနေတာပဲ ခုကျ တော့ ကြည့်ပါဦး သူလည်း အပြင်မှာ အစိုးရအဖွဲ့ထဲက ထုတ်ခံရတော့ ဒို့ဘဘကြီးဆိုပီးခေါ်ပြန်ရော ကျန်းမာပါစေတွေရော နဲ့ဖြစ်သွားပြန်ရော .....ခုလည်းကြည့်နိင်ငံရေးသမားတွေလွတ်ပေးတော့လည်း ပြောပြန်တယ် မလွတ်ပေးတော့လည်းပြောပြန်တယ် .....ေ နာက်ဆုံးအနေနဲ့ပြောချင် တာ ကတော့ကွာ မင်း အဖေကလည်း ဘုရင်မဟုတ်ဘူး မင်း အမေကလည်း ဘုရင် မိဘုရား မဟုတ်ဘူး မင်းညီမက လည်း ဘုရင်သမီးမဟုတ်ဘူး မင်းလည်း အိမ်ရှေ့မင်းသားမဟုတ်ဘူး အဲဒါကြောင့် မင်းတို့ စိတ်ကြိုက် ဟိုလိုလေး လုပ်ပေးပါ ဟိုအလံလေးတင်ပေးပါ ဟိုလူတွေလွတ်ပေးပါ ဘာညာတွေ လာမလုပ်နဲ့ ဖြစ်လေရာဘ၀ဆက်တိုင်း မှာ(ဘယ်နိင်ငံ မှာ ပဲဖြစ်ဖြစ်) ခုလိုပဲ ပြည်ပြေး ပဲဖြစ်လိမ့်မယ် ......

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်