Subscribe to our RSS Feed

အသုံးမကျ (၆) လ


အန်တီစုကြီး၊ အမေစုကြီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီး၊ တစ်နှစ်ကို ဘာမှမလုပ်ပဲနဲ့တောင် ဆုပေါင်း ၃၀ လောက်အလိုလိုရလောက်အောင် တော်တဲ့အန်တီစုကြီး၊ ဟောလီးဝုတ်က ဇတ်လမ်းရိုက်ယူရတဲ့ အန်တီစုကြီး၊ နိုင်ငံတကာက ထိပ်တန်းအရာရှိကြီးတွေနဲ့ ဖုန်းပြောလိုက် လူချင်းတွေ့လိုက်နဲ့ ဆွေးနွေးနိုင်တဲ့ အန်တီစုကြီး၊ ပြည်ပအတိုက်အခံတွေနဲ့ အတိုက်အခံ မီဒီယာအားလုံးရဲ့ ဒုတိယဘုရားသခင် အန်တီစုကြီး၊ အရည်အချင်း အစွမ်းအစတွေ မိုးလောက်ကြီးပေမယ့် အကျယ်ချုပ်ကျခံနေရလို့ ဘာမှ လက်စွမ်းမပြနိုင်ခဲ့ရတဲ့ အန်တီစု ကြီး အကျယ်ချုပ်ကလွတ်မြောက်လာတာ ၆ လ (သို့မဟုတ်) နှစ်ဝက် ပြည့်ပါပြီ။

ရွေးကောက်ပွဲမဝင်ဖို့နဲ့ မဲမထည့်ဖို့ပြောလို့ ဘာမှမလုပ်ပဲ ထိုင်စောင့်နေတဲ့လူတွေလည်း စောင့်ရင်း စောင့်ရင်းနဲ့ နှစ်ဝက်ကျိုးသွားပါပြီ။ လွှတ်တော်အပြင်ဖက်က တိုက်မယ်ဆိုတဲ့လူတွေလည်း အန်တီစုအိမ်မှာပဲ ကြမ်းတိုက်နေကြပြီလား မသိ။ နိုင်ငံခြားရောက် နိုင်ငံရေးသမားတွေလည်း ”ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ် ချက်ချင်းလွှတ်” လို့လည်း အော်လို့မရ၊ အလုပ်လက်မဲ့တွေလည်းဖြစ်၊ ဆန္ဒပြစရာခေါင်းစဉ်လည်း မရှိတော့....။

၆ လ အတွင်းမှာ အရည်အချင်းရှိသူများက လွတ်တော်တွေခေါ်နိုင်၊ သမ္မတ ဒုသမ္မတတွေရွေးနိုင်၊ အစိုးရအဖွဲ့တွေ ဖွဲ့နိုင်တဲ့အပြင် အာဆီယံဥက္ကဌလုပ်ဖို့တောင် စီမံချက်တွေ ချနိုင်ပေမယ့် အန်တီစုတစ်ယောက်တော့ ဖင်လှည့်ခေါင်းလှည့်နဲ.ပဲ နှစ်ဝက် ဆိုတဲ့အချိန်ကို ဖြုန်းတီးပစ်လိုက်ပါတယ်... ထိုင်နေတာအကောင်းသား ထသွားမှ ကျိုးမှန်းသိပါလား အန်တီစုရယ်.. ဘာမှ မလုပ်တာချင်းအတူတူ ခုချိန် အကျယ်ချုပ်ကျခံနေရရင် ဒီထက်ပိုပြီး လူထင်ကြီးခံရမှာ သေချာတယ်....

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်