Subscribe to our RSS Feed

ယခုအငြင်းပွားဖွယ်ကိုယ်စားလှယ်လောင်း စာရင်းကိစ္စအပေါ်ဝေဖန်နေကြသူတွေဟာ သူမပါရလို့ ငါမပါရလို့ဝေဖန်နေကြသူတွေ အပြစ်တင်နေကြသူတွေလို့ မြင်နေရင်တော့ မှားနေပါပြီ ယခုရွေးချယ်ခံရ အချို့မှာ ကျနော်ကိုယ်တိုင်သိနေတဲ့ နိုင်ငံရေးဖြတ်သန်းမှု အရည်အချင်း Parliament လွတ်တော်အတွက် အဆင်သင့်ဖြစ်မှု တွေရှိမရှိ သိထားလို့ပါ ~ စည်သူမောင်

From : စည်သူမောင်


၁.၈.၂၀၁၅ ရက်နေ့ထုတ်ပြန် လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းများ ထုတ်ပြန်ပြီး နာရီပိုင်းအတွင်းမှာပဲ Facebook ဆိုရှယ်မှဒီယာများပေါ် ကန့်ကွက်ဝေဖန်သံများ ကြားရသိရ အပြီး ယနေ့ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းရဲ့ DVB သတင်းဌာနနဲ့အင်တာဗျူး မှာကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ပတ်သက်ပြီး မြို့နယ်အဆင့်ဆုံးဖြတ်ချက်ဟာ ပါမယ်မပါဘူးပြော ထားတာမရှိပါကြောင်း မှတ်ချက်သုံးသပ်ချက်ကို ထည့်သွင်းစဉ်းစားမည်ဟု ညွန်ကြားထားပါကြောင်းဗဟိုက ဆုံးဖြတ်ရွေးချယ်မှုကသာ အပြီးသတ်အတည်ဖြစ်ကြောင်း မိမိတို့ကောင်းတယ်ထင်လို့ဆုံးဖြတ် လိုက်တဲ့ အပေါ်အမှားရှိကောင်း ရှိမယ်ဆိုတာသိပေမဲ့ ခုဆုံးဖြတ်ချက်အပေါ်တာဝန်ယူ ရဲပါကြောင်း တာဝန်ခံရဲသည် ဟု ဖြေကြားသွားတဲ့အပြင် ခုဝေဖန်နေမှုများဟာ နည်းတောင်နည်းနေသေးတယ် ဒီထက်များများဝေဖန်လို့ ရသေးကြောင်း ဖြေကြားသွားတဲ့အတွက် စာရေးသူအနေနဲ့ခုဆောင်းပါးကိုရေးတာဖြစ်ပါတယ်။ စာရင်း ထုတ်ပြန်ရာမှာပါတဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်ပြီးကနဦး ရွေးချယ်မှုစံထားချက်နဲ့ပတ် သက်လို့ ဒီမိုကရေစီရေးအပေါ် သစ္စာရှိသူတွေ ပညာအရည်အချင်းရှိသူတွေ အပါအ၀င်အရည်အချင်းတူညီ ပါက လူငယ် တိုင်းရင်းသား အမျိုးသမီး စသည်ဖြင့် ဦးစားပေးရွေးချယ်သွားမှာ ဖြစ်တယ်လို့သိထားရသော် လည်း လက်တွေ့မှာ ၈၈မျိုးဆက်အဖွဲ့ဝင်များအပါအ၀င် ထင်ရှားသူတစ်ချို့ပါမလာတဲ့အပြင် ၈၈ကာလ ဖြတ်သန်းခဲ့သူတွေ အကျဉ်းထောင်အသီးသီးမှာ နှစ်ရှည်လများနေခဲ့သူတွေ အများစုဖြစ်ပြီး ကိုယ်စားလှယ် လောင်းအဖြစ် ငြင်းပယ်ခံရသူတွေဟာ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ရဲ့ အင်တာဗျူးပါဖြေကြားချက်အရ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ စွမ်းစွမ်းတမံလုပ်နိုင်မယ့်သူ ၊ ရွေးကောက်ပွဲမှာအောင်နိုင်မယ့်သူတွေကိုဦးစားပေး ရွေးချယ်ခဲ့တယ် ပါတီအကျိုးထက်နိုင်ငံအကျိုးကို ရှေးရှု့ပြီးရွေးချယ်ခဲ့တာ ဖြစ်တဲ့အတွက် ပယ်ခံလိုက်ရတဲ့ပုဂ္ဂိုလ်များဟာ ဦးထွန်းထွန်းဟိန်ဖြေကြားခဲ့သလို အရည်အချင်းမပြည့်မှီလို့ တိုင်းပြည်အတွက် အဆင်သင့်မဖြစ်သေးလို့လား ဆိုတာ စဉ်းစားစရာ ပဟေဌိ တစ်ပုဒ်လိုဖြစ်လာခဲ့ပါတယ်။
ယခုကိစ္စများမဖြစ်ခင် အစာပိုင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလှိုင်းဂျာနယ်ပါဖော်ပြချက် တစ်ခုမှာ ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်လို့ တိုင်းပြည်တည်ဆောက်ရေးအတွက် အဆင် သင့်ဖြစ်နေပြီးသားသူတွေ ပညာအရည်အချင်းရှိသူတွေကို ဦးစားပေးရွေးချယ်မှာ ဖြစ်သလိုတော်လှန်ရေး ကာလမှာအဆင်သင့်ဖြစ်ခဲ့တဲ့သူတွေဟာ တည်ဆောက်ရေးကာလမှာလဲ အဆင်သင့်ဖြစ်ချင်မှဖြစ်လိမ့်မယ် သဘောဆန်တဲ့ ဖော်ပြချက်ကိုဖတ်ရှု့အပြီးထဲက စာရေးသူစိတ်ထဲစိုးရိမ်မှုတစ်ခု ရှိခဲ့တာအမှန်ပါ ။ တကယ်တော့ စာရေးသူအပါအ၀င် ၁၉၈၈ အရေးတော်ပုံအပါအ၀င် ဒီမိုကရေစီအရေးအတွက် ရုန်းကန် လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် မျိုးဆက်တွေတော်တော်များများဟာ အကျဉ်းထောင်အသီးသီး ရောက်ရှိသွားချိန်ကစလို့ ပြန်လည်လွတ်မြောက်လာမယ့် နေ့ရက်များအတွက် တိုင်းပြည်အတွက် မိမိကိုယ် ကိုယ်ကိုယ် တည်ဆောက်ခဲ့ကြတဲ့သူတွေချည်းဖြစ်တယ် ဆိုတာအာမခံရဲပါတယ် အကျဉ်းထောင်ထဲနေခဲ့ စဉ်အချိန်တွေမှာ နိုင်ငံရေးအကျဉ်းသား လူ ၁၀၀ ရှိရင် အယောက် ၉၀ကျော်ဟာ စာဖတ်ခြင်း စိတ်ဝင်စားရာ ဘာသာရပ်တစ်ခုခုကို တစ်စိုက်မတ်မတ်လေ့လာခြင်း မိမိထက်အတွေ့အကြုံနိုင်ငံရေး ဖြတ်သန်းမှုရှိပြီး သူများထံမှ မှတ်သားစရာများ သမိုင်းမြင်ကွင်းများကိုမှတ်သားခြင်း နိုင်ငံရေးဆိုင်ရာ ဒသနစာပေများ နိုင်ငံရေးသိပ္ပံ၏ အခြေခံသဘောတရားများ နိုင်ငံတကာဖွဲ့စည်းပုံအခြေခံဥပဒေများ နိုင်ငံရေးစနစ်အမျိုးမျိုး အစရှိတဲ့ စာပေများကိုလေ့လာမျှဝေခဲ့ ဆွေးနွေးပြိး အမြင်ချင်းဖလှယ်ကြခဲ့တာတွေဟာ ၁၉၉၆ ကာလကျော် ICRC အကျဉ်းထောင်အတွင်းဝင်ရောက် လေ့လာခွင့်ရပြီးအချိန်ကစလို့ စာအုပ်များလေ့လာခွင့် ဖတ်ရှု့ခွင့် ရခဲ့ကြပါတယ် ။ အဝေးကြီးပြောလျှင် အနည်းငယ်ကွာလှမ်းနေမည်ဟု ထိုအခွင့်အရေးမျိုးမရခဲ့ပါဟု အငြင်းပွားစရာရှိမည်ထင်ခဲ့လျှင်သော် ၂၀၀၇ခုနှစ်အရေးတော်ပုံနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရသူအများစု အဲဒီလိုအခွင့်အရေးမျိုး ရခဲ့တာကိုငြင်းနိုင်မယ်မထင်ပါ ။ တကယ်တော့ ၂၀၀၇ခုနှစ်ကာလကနေ နိုင်ငံရေး အကျဉ်းသားအရေအတွက် တော်တော်များများလွတ်မြောက်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကာလတိုတစ်ဖြတ် ကိုသာ ကြည့်မယ်ဆိုရင် ၄နှစ်တာကာလတစ်ခု ဆိုတာစာရေးသူအတွက် တက္ကသိုလ်တစ်ခုမှာ ဘွဲ့ရဖို့အချိန်ကာလ တစ်ခုအဖြစ်လုံလောက်ခဲ့သလို အဲဒီထက်ပိုတဲ့ပညာတွေ လေ့လာမှုတွေကိုလဲ ရခဲ့တယ်ဆိုတာ မိမိ ကိုယ်ကိုယ်ယုံကြည်မှုရှိသူဖြစ်ပါတယ် ။ စာရေးသူလိုပင် အခြားစီးနီယာ နိုင်ငံရေးလှုပ်ရှားသူ အတော်များ များမှာရှိမယ်ဆိုတာလဲယုံကြည်ပါတယ်။
အဓိကပြသနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မည် အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသူအတော် များများကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (Political Activists) များအဖြစ် သာမြင်ကောင်းမြင်နိုင်ပြီး နိုင်ငံရေးသမား (Politicians) များအဖြစ် လက်ခံ၍မရသေး မမြင်သေးဟုဆို လျှင်ယခုငြင်းပယ်ခံလိုက် ရသည့်ပုဂ္ဂိုလ်များ၏ တစ်ဦးချင်းအရည်အချင်း နိုင်ငံရေးဖြတ်သန်းမှုနောက်ခံသမိုင်း များသည်ငြင်းပယ်ခံရ လောက်သည့်အခြေအနေဟု စာရေးသူအနေဖြင့် လုံးဝမထင်မြင်မိပါ။ ထို့ပြင်အကျဉ်းထောင်အတွင်း များမှ လွတ်မြောက်ပြိးနောက်ပိုင်း Americian center (AC) / British council (BC) ကဲ့သို့သံရုံးများမှ စီစဉ်သော ဘာသာရပ်ဆိုင်ရာ သင်တန်းအစီအစဉ်များ နိုင်ငံရေးဆိုင်ရာသင်တန်းများ ဆွေးနွေးပွဲများ စီမီနာများ အစရှိတဲ့ နေရာများအပြင် လက်တွေ့နယ်ပယ်မှာသည်ပင် အလုပ်သမားအရေး တိုင်းရင်းသားအရေး လယ်ယာမြေအရေး အစရှိတဲ့ အရေးအရာပေါင်းများစွာမှာ ပါဝင်ပတ်သက်ခဲ့သူတွေ ပြည်သူ့ရင်ခုန်သံနဲ့ အနီးဆုံးမှာ ရှိခဲ့သူတွေ ပြည်သူမျက်ရည်ကျခဲ့ရင် စိတ်မကောင်းဖြစ်ခဲ့ရသူတွေ ဖြစ်တဲ့ မျိုးဆက်တွေဖြစ်ခဲ့ တယ်ဆိုတာ အငြင်းပွားစရာမရှိဟု ထင်မြင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ တချိန်လုံးလမ်းပေါ်တက် လက်သီး လက်မောင်းပဲတန်းပြိး ဆန္ဒပြပွဲများမှာပါနေသူတွေလဲမဟုတ်ပါဘူး (ဒီနေရာမှာ ဆန္ဒဖော်ထုတ်တာကို ဝေဖန် လို၍မဟုတ်ပါ ဒီမိုကရေစီယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်း ဆောင်းပါးရေးဖူးပါတယ်) အန်တီဒေါ်အောင်ဆန်း စုကြည်ပြောတဲ့ ဒိမိုကရေစီအရေးအပေါ်သစ္စာရှိခဲ့ကြသူတွေဖြစ်ပါတယ်။ မှန်ပါတယ် ဦးဝင်းထိန်ပြောသလို လဲပါတီမှာတောက်လျှောက်ပါဝင်ခဲ့သူတွေ မဟုတ်ခဲ့ပါဘူး ဒါပေမဲ့ ၂၀၀၆ကာလ နိုင်ငံရေးအခြေအနေကို မှတ်မိသူတိုင်း အမှတ်ရနေမယ့် White campaign / Signature campaign များကို ဒီချုပ်ပါတီဝင်များနဲ့ အတူလက်တွဲပြိးလုပ်ခဲ့တယ် ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှား မှုများမှာ နိုင်ငံရေးအရဦးဆောင်မှု ကွက်လပ်ဖြည့်မှုတွေ (ပြောရင်အများကြီးပါ) လုပ်ခဲ့တဲ့အပြင် ပြန်လွတ် ပြီးနောက်ပိုင်းလဲ ၄၃၆ ကိစ္စကစလို့ လှုပ်ရှားမှုပေါင်း များစွာမှာ ဒီချုပ်နဲ့အတူလုပ်ခဲ့တာတွေဟာ ပါတီနဲ့လက် တွဲပြီး ဒီမိုကရေစီအရေးကို မျက်နှာမူခဲ့ကြတာတွေဟာ မသိချင်ယောင် မေ့ချင်ယောင်ဆောင်နေမှာ မဟုတ် ဘူးလို့ယုံကြည်ပါတယ်။ ဒီကိစ္စတွေဟာ ကျနော် ၂၀၀၆ နိုင်ငံရေးနယ်ပယ်ထဲစတင်ပါဝင်ပတ်သက်ခဲ့ချိန် သိမှီထားတဲ့ တစ်ကွက်စ နှစ်ကွက်စ မြင်ကွင်းများသာ ဖြစ်ပါတယ်။ တော်လှန်ရေးမျိုးဆက်ဖြစ်ခဲ့သူတွေ ဟာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက်လဲ ဒီအတိုင်းထိုင်နေသူချည်းရှိနေတာလဲ မဟုတ်ခဲ့ပါဘူး
ယခုအငြင်းပွားဖွယ်ကိုယ်စားလှယ်လောင်း စာရင်းကိစ္စအပေါ်ဝေဖန်နေကြသူတွေဟာ သူမပါရလို့ ငါမပါရလို့ဝေဖန်နေကြသူတွေ အပြစ်တင်နေကြသူတွေလို့ မြင်နေရင်တော့ မှားနေပါပြီ ယခုရွေးချယ်ခံရ အချို့မှာ ကျနော်ကိုယ်တိုင်သိနေတဲ့ နိုင်ငံရေးဖြတ်သန်းမှု အရည်အချင်း Parliament လွတ်တော်အတွက် အဆင်သင့်ဖြစ်မှု တွေရှိမရှိ သိထားလို့ပါ အပေါ်ယံကြည့်စေဖန်နေတာ မဟုတ်ပါဘူး ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှာ ရွေးချယ်ခံရသူများက လွဲလို့ယခုငြင်းပယ်ခံရသူများ အပါအ၀င်ရွေးချယ်ခံရသူများလဲ လွှတ်တော် အတွေ့အကြုံစိုးစဉ်းမျှမရှိပါ လေ့လာထားတာ သင်ယူထားတာ ဖတ်မှတ်ထားတာတွေ ရှိကောင်းရှိပါလိမ့်မည် ။ သို့သော် တချို့သောမြို့နယ်များမှ နှိုင်းယှဉ်ရွေးချယ်မှုမှာ ဖြုတ်ချခံရသူတွေထဲက တချို့ဟာ အရည်အချင်းရှိပါလျှက် ငြင်းပယ်ခံရသူတွေအဖြစ် တိုင်းပြည်အတွက် နစ်နာမှုတစ်ခုအဖြစ် မြင်နေကြလို့သာ ဖြစ်ပါတယ်။ ပါတီအပေါ်ဝေဖန်မိတာနဲ့ သူလျိုလိုလို ဖောက်ပြန်ရေးသမားလိုလို မင်းသား မလုပ်ရလို့ပတ်မထိုးဖော်သူတွေ လိုလိုပြောဆိုဝေဖန်နေတာတွေ ရပ်သင့်ပါတယ် ။ ကျနော်တိုင်းပြည် အတွက်ပြောနေတာပါ ပါတီအတွက်ပြောနေတာမဟုတ်ပါ ။ ထပ်မံရေးသားပါဦးမယ် ။


.. https://www.facebook.com/MyanmarExpress
 

3 comments:

ထိပ်ဆုံးက ဘာအရည်အချင်းမှမရှိတာကညိုညိုသင်း။လယ်သမားတွေရဲ့ ဘ၀ကိုဟန့် တားတာ မြေ၀ယ်ပြီးမြို့ သစ်တည်တာ သူကန့် ကွက်တာနဲ့ လယ်သမားတွေရွံ့ ထဲကမထွက်ရဘူး။သတ္တိရှိယင်ရန်ကုန်မြစ်တဖက်ကမ်းသွားကြည့် လေ။

စောက်အဖွားကြီး ကကုလားအရသာသိနေတဲ့ ပုံပဲ။နေရာတကာကုလားနဲ့ တွဲနေတာ။


ကုလားမယားစုကြည်က အာဏာ၇ှင်ဗိုလ်ချုပ်တွေက တစ်သွေးတစ်သံတစ်မိန့်လုပ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပီးပြောလာတာက သူ့မျက်ချေးသူမမြင်ဘဲ့သူများမျက်ချေးဘဲ့မြင်နေမှန်း ကုလားမယားစုကြည်အကြောင်းသိတဲ့လူတိုင်းသိပီးသားဘဲ့

တကယ်တန်းမှာ NLDထဲမှာ ဘာဒီမိုကေ၇စီမှမရှိဘူး

ကုလားမယားစုကြည်စောက်သုံးမကျလို့ စောက်သုံးမကျဘူးလို့ဝေဖန်တဲ့လူတွေ ကုလားမယားစုကြည်ဘက်လိုက်လို့မတ၇ားလို့ ဘက်လိုက်တယ် မတ၇ားဘူးလို့ဝေဖန်တဲ့လူတွေဆို မြောင်းထဲေ၇ာက်ပီသာမှတ် စုကြည်ထမိန်ထုပ်ထမ်းပေးတဲ့စောက်၇ူးတွေဆို စုကြည်ကနေ၇ာပေးထားတယ် စုကြည်တစ်ယောက်ထဲသဘောနဲ့လုပ်ချင်သလိုလုပ်လာတာ

တပ်ထဲမှာတုံးကဒိတ်ဒိတ်ကြဲတပ်မတော်အ၇ာ၇ှိဟောင်းအဖိုးကြီးတွေတောင် စုကြည်ကိုအသေကြောက်၇တာ

ကုလားမယားစုကြည်ကမှ တကဲ့အာဏာ၇ှင်စစ်စစ်ဘဲ့

(၈၈)ငကိုကြီးကတော့ စစ်အစိုး၇ကလပ်စားတယ်ဆိုပီး တောက်ရှောက်ပြောလာပီး သူကိုယ်တိုင်ကျတော့ အမေရိကန်သဌေးကြီး ဆိုးရော့က (၈၈)ပွင့်လင်းအဖွဲ့၇ံပုံငွေအဖြစ်လှူသွားတဲ့ ဒေါ်လာ၂သောင်းခွဲကို အသာလေးဘုန်းပီး ကိုယ်ကျိုးအတွက်သုံးနေတုံးမှာမှ သူခိုးလူမိသွားတာ

(၈၈)ငကိုကြီးက အချောင်သမားသူခိုးအကြီးစား

အာဏာရှင်ကုလားမယားစုကြည်နဲ့ အချောင်သမားသူခိုးအကြီးစား(၈၈)ငကိုကြီးနဲ့ တစ်ယောက်ကိုတစ်ယောက်အသေမုန်းနေကြတာဘာမှမဆန်းဘူး

အချင်းချင်းဒေါက်ဖြုတ်တာ(၈၈)တွေ NLD တွေ၇ဲ့စောက်ကျင့်ဘဲ့ မြို့လယ်ခေါင်လူထုမြင်ကွင်းမှာတောင် ဖုံးမနိုင်ဖိမ၇တစ်ကောင်ကိုတစ်ကောင်စောက်တင်းချ၇ာက အခုဆိုဗြောင်အပုပ်ချနေကြပီ

မမြင်ကွယ်၇ာတောထဲမှာသာဆို၇င် ABSDF လူသတ်ကောင်နိုင်အောင်နဲ့ မိုးသီးဇွန် တို့လို တစ်ကောင်ကိုတစ်ကောင် ထောက်လှန်းေ၇းမဟုတ်မှန်းသိသိကြီးနဲ့ ထောက်လှန်းေ၇းလို့စွပ်စွဲပီး ၄လက်မသံတွေ၇ိုက်သွင်း ကတ်တ၇ာစေးအစက်ချ လျှပ်စစ်ေ၇ှာ့၇ိုက်ပီး ခေါင်းဖြတ်သတ်ကုန်ကြမှာဘဲ့

ဒီလို တစ်ကောင်ကိုတစ်ကောင်နောက်ကျောကိုဒါးနဲ့ထိုးတတ်တဲ့ စောက်ကျင့်ယုတ်မိုက်၇ိုင်းပီး ကလိမ်ကကျစ်ထောက်လှန်းေ၇းလို့စွပ်စွဲပီး ခေါင်းဖြတ်သတ်ပီး နိုင်ငံေ၇းပြိုင်ဖက်တွေကိုအပျောက်၇ှင်းတတ်တဲ့ (၈၈)ကျောင်းသားခေါင်းဆောင်ဆိုတဲ့အကောင်တွေလက်ထဲကိုအမိမြန်မာနိုင်ငံတော်ကြီးကိုလုံးဝအေ၇ာက်ခံလို့မဖြစ်ဘူး

ကပ်ပလီအိုဗားမား လာလာ ကပ်ပလီဘုန်းကြီးတူးတူး လာလာ လူပုံအလယ်မှာပြေးပြေးဖက်ပီး အနောက်ယဉ်ကျေးမှုစောက်ကျင့်ဆိုးတွေကိုနမူနာဆိုးအဖြစ်အေ၇ှ့ကလုပ်ပြပီး အနောက်ကကြိုးဆွဲ၇ာနိုင်ငံေ၇းကကွက်ကိုကမဲ့ကုလားမယားစုကြည်လက်ထဲကိုလဲ အမိမြန်မာနိုင်ငံတော်ကြီးကိုလုံးဝအေ၇ာက်ခံလို့မဖြစ်ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်