Subscribe to our RSS Feed

အောက်ခြေ ပါတီဝင် အများအပြား ကန့်ကွက်နေသော်လည်း NLD ကိုယ်စားလှယ်လောင်းစာရင်း ပြန်လည် ပြင်ဆင်မည်မဟုတ်ဟု ဦးဝင်းမြင့်ဆို

From : ..TV

အောက်ခြေ ပါတီဝင် အများအပြား ကန့်ကွက်နေသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ရွေးချယ် ထုတ်ပြန်ထားသည့် ၂၀၁၅ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို ပြန်လည် ပြင်ဆင်မည်မဟုတ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။
ယင်းကိုယ်စားလှယ်လောင်း စာရင်း အပေါ် အငြင်းပွားမှုများ ရှိနေသော်လည်း ပြန်လည် ပြင်ဆင်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
သို့သော် NLD ပါတီက ရွေးချယ်ထားပြီး ပြန်လည် နုတ်ထွက်သွားသည့် ကိုယ်စားလှယ်လောင်းများ နေရာတွင်မူ အစားပြန်လည် ဖြည့်ဆည်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“မြို့နယ်တွေက တချို့နုတ်ထွက်တာ ရှိတယ်၊ တချို့က ကျန်းမာရေးကြောင့် နုတ်ထွက်တာရှိတယ်၊ တချို့ကကျတော့ အမှုအခင်း ဖြစ်နေလို့ နုတ်ထွက်တာ ရှိတယ်။ ဒီနေရာတွေမှာ ပြန်လည်စဉ်းစား ပြီးတော့ လူစားထိုးပေးမှာပါ၊ ကျန်တာက တော့ဒီအတိုင်းပဲ၊ မလုပ်နိုင်လို့ နုတ်ထွက်တဲ့ နေရာတွေပဲ စဉ်းစားပေးတာနော်” ဟု ၎င်းကပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး ဥက္ကဋ္ဌနှင့် ပါတီနာယက ဦးတင်ဦးက သြဂုတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သော အောင်နိုင်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် မြို့နယ်အောင်နိုင်ရေး အဖွဲ့ များက လက်မခံသော ကိုယ်စားလှယ်အချို့ကို ပြန်လည်ပြင်ဆင်သွားမည် ပြောကြားခဲ့ခြင်းမှာ အောင်နိုင်ရေးကိုယ်စားလှယ် အချို့၏ နားလည်မှု လွဲမှားခြင်းသာ ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုများနှင့် ပတ်သက်ပြီး သြဂုတ်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကန့်ကွက်စာ တစ်ရာကျော် ရှိနေကြောင်း ယင်းပါတီထံမှ သိရှိရသည်။
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် များက ကန့်ကွက်သည့်သူများကို တွေ့ဆုံ မေးမြန်းခဲ့သော်လည်း သေချာသည့် အဖြေ မထွက်ခဲ့ကြောင်း ဦးဝင်းမြင့်က ဆိုသည်။
ယင်းကိစ္စကို ပြေလည်အောင် မဖြေရှင်းနိုင်ပါက ပါတီမှ နုတ်ထွက်မည့်သူများလည်း ရှိကြောင်း NLD ပါတီဝင် အချို့က ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် မကျေနပ်ချက်များ ရှိနေပြီး ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ဘက်လိုက်မှုများနှင့် နီးစပ်ရာလူကိုသာ ရွေးချယ်မှုများ ရှိနေကြောင်း ကန့်ကွက်စာ တင်သွင်းထားသူ ကျောက်ဆည်မြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးကြည်ရွှေက ပြောဆိုသည်။
မြို့နယ်မှ တင်သွင်းလိုက်သည့် ကိုယ်စားလှယ်များစာရင်းတွင် ပါသော်လည်း တိုင်းအဆင့်တွင် နာမည်ဖြုတ်ချမှုများလည်း ရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“ဗဟိုက အခုချပေးတဲ့ ကိုယ်စားလှယ်နဲ့ဆို အောင်နိုင်ဖို့က မလွယ်ပါဘူး။ ကျွန်တော်တို့က ပြည်သူတွေကို အလုပ် လုပ်ပေးနိုင်တဲ့သူ တွေကိုပဲ ရွေးချယ်စေချင်တယ်၊ အဲ့ဒါကြောင့် လာရောက်ပြီးတော့ တွေ့ဆုံရတာပါ” ဟု NLD ပါတီ လှိုင်သာယာမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စာရင်းများကို ထုတ်ပြန် ကြေညာခဲ့ရာ ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်အများစု ပါဝင်ခြင်း မရှိကြောင်း ယင်းပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။
NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း စာရင်းများကို သြဂုတ် ၁ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ရာ ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်အများစု ပါဝင်လာခြင်းမရှိဘဲ ဦးပြုံးချိုနှင့် ဦးဉာဏ်လင်းတို့ နှစ်ဦးသာ ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
ယင်းအပြင် NLD ပါတီ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် လျှောက်ထားခဲ့သူ ဒေါက်တာညိုညိုသင်း ကိုလည်း NLD ပါတီက ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခဲ့ခြင်း မရှိပေ။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့် ပြည်သူ့လွှတ်တော် ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၅ နေရာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ၆၂၀ နှင့် တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ် ၂၉ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။



.. https://www.facebook.com/MyanmarExpress

1 comments:


ကုလားမယားစုကြည်က အာဏာ၇ှင်ဗိုလ်ချုပ်တွေက တစ်သွေးတစ်သံတစ်မိန့်လုပ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပီးပြောလာတာက သူ့မျက်ချေးသူမမြင်ဘဲ့သူများမျက်ချေးဘဲ့မြင်နေမှန်း ကုလားမယားစုကြည်အကြောင်းသိတဲ့လူတိုင်းသိပီးသားဘဲ့

တကယ်တန်းမှာ NLDထဲမှာ ဘာဒီမိုကေ၇စီမှမရှိဘူး

ကုလားမယားစုကြည်စောက်သုံးမကျလို့ စောက်သုံးမကျဘူးလို့ဝေဖန်တဲ့လူတွေ ကုလားမယားစုကြည်ဘက်လိုက်လို့မတ၇ားလို့ ဘက်လိုက်တယ် မတ၇ားဘူးလို့ဝေဖန်တဲ့လူတွေဆို မြောင်းထဲေ၇ာက်ပီသာမှတ် စုကြည်ထမိန်ထုပ်ထမ်းပေးတဲ့စောက်၇ူးတွေဆို စုကြည်ကနေ၇ာပေးထားတယ် စုကြည်တစ်ယောက်ထဲသဘောနဲ့လုပ်ချင်သလိုလုပ်လာတာ

တပ်ထဲမှာတုံးကဒိတ်ဒိတ်ကြဲတပ်မတော်အ၇ာ၇ှိဟောင်းအဖိုးကြီးတွေတောင် စုကြည်ကိုအသေကြောက်၇တာ

ကုလားမယားစုကြည်ကမှ တကဲ့အာဏာ၇ှင်စစ်စစ်ဘဲ့

(၈၈)ငကိုကြီးကတော့ စစ်အစိုး၇ကလပ်စားတယ်ဆိုပီး တောက်ရှောက်ပြောလာပီး သူကိုယ်တိုင်ကျတော့ အမေရိကန်သဌေးကြီး ဆိုးရော့က (၈၈)ပွင့်လင်းအဖွဲ့၇ံပုံငွေအဖြစ်လှူသွားတဲ့ ဒေါ်လာ၂သောင်းခွဲကို အသာလေးဘုန်းပီး ကိုယ်ကျိုးအတွက်သုံးနေတုံးမှာမှ သူခိုးလူမိသွားတာ

(၈၈)ငကိုကြီးက အချောင်သမားသူခိုးအကြီးစား

အာဏာရှင်ကုလားမယားစုကြည်နဲ့ အချောင်သမားသူခိုးအကြီးစား(၈၈)ငကိုကြီးနဲ့ တစ်ယောက်ကိုတစ်ယောက်အသေမုန်းနေကြတာဘာမှမဆန်းဘူး

အချင်းချင်းဒေါက်ဖြုတ်တာ(၈၈)တွေ NLD တွေ၇ဲ့စောက်ကျင့်ဘဲ့ မြို့လယ်ခေါင်လူထုမြင်ကွင်းမှာတောင် ဖုံးမနိုင်ဖိမ၇တစ်ကောင်ကိုတစ်ကောင်စောက်တင်းချ၇ာက အခုဆိုဗြောင်အပုပ်ချနေကြပီ

မမြင်ကွယ်၇ာတောထဲမှာသာဆို၇င် ABSDF လူသတ်ကောင်နိုင်အောင်နဲ့ မိုးသီးဇွန် တို့လို တစ်ကောင်ကိုတစ်ကောင် ထောက်လှန်းေ၇းမဟုတ်မှန်းသိသိကြီးနဲ့ ထောက်လှန်းေ၇းလို့စွပ်စွဲပီး ၄လက်မသံတွေ၇ိုက်သွင်း ကတ်တ၇ာစေးအစက်ချ လျှပ်စစ်ေ၇ှာ့၇ိုက်ပီး ခေါင်းဖြတ်သတ်ကုန်ကြမှာဘဲ့

ဒီလို တစ်ကောင်ကိုတစ်ကောင်နောက်ကျောကိုဒါးနဲ့ထိုးတတ်တဲ့ စောက်ကျင့်ယုတ်မိုက်၇ိုင်းပီး ကလိမ်ကကျစ်ထောက်လှန်းေ၇းလို့စွပ်စွဲပီး ခေါင်းဖြတ်သတ်ပီး နိုင်ငံေ၇းပြိုင်ဖက်တွေကိုအပျောက်၇ှင်းတတ်တဲ့ (၈၈)ကျောင်းသားခေါင်းဆောင်ဆိုတဲ့အကောင်တွေလက်ထဲကိုအမိမြန်မာနိုင်ငံတော်ကြီးကိုလုံးဝအေ၇ာက်ခံလို့မဖြစ်ဘူး

ကပ်ပလီအိုဗားမား လာလာ ကပ်ပလီဘုန်းကြီးတူးတူး လာလာ လူပုံအလယ်မှာပြေးပြေးဖက်ပီး အနောက်ယဉ်ကျေးမှုစောက်ကျင့်ဆိုးတွေကိုနမူနာဆိုးအဖြစ်အေ၇ှ့ကလုပ်ပြပီး အနောက်ကကြိုးဆွဲ၇ာနိုင်ငံေ၇းကကွက်ကိုကမဲ့ကုလားမယားစုကြည်လက်ထဲကိုလဲ အမိမြန်မာနိုင်ငံတော်ကြီးကိုလုံးဝအေ၇ာက်ခံလို့မဖြစ်ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်