Subscribe to our RSS Feed

လွှတ်တော်ကိုယ်စားလှယ်ရွေးဖို့ ပါတီကိုမဲပေးပါ၊ လူကိုမကြည့်ပါနဲ့တဲ့



ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အာဏာရဲ့မူလပိုင်ရှင်ပြည်သူနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်တို့အကြား သဘောတူညီထားတဲ့ ပဋ္ဋိညာဉ်တစ်ရပ် ဖြစ်ပါတယ်။ အခြေခံဥပဒေကို ခေတ်စနစ်အချိန်အခါအလိုက် လျော်ညီအောင် ဖြေးဖြးချင်း ပြင်ဆင်ယူသွားကြရမှာဖြစ်ပါတယ်။ တင်ပြဖို့ရည်ရွယ်ချက်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ပြည်နယ်လွှတ်တော်တို့အတွက် သက်ဆိုင်ရာ မြို့နယ်
များကနေ နိုင်ငံရေးအရ ကိုယ့်ဒေသကို ဦးဆောင် နိုင်မယ့်သူတွေကို ရွေးချယ်ကြရမယ့် ရွေးကောက်တင်မြောက်ပွဲနဲ့ပါတ်သက်ပြီး အရွေးမမှားကြဖို့ပါ။

ပထမလွှတ်တော်သက်တမ်း (၅) နှစ်နီးပါးအချိန်အတွင်းမှာ ပြည်ထောင်စုအဆင့်လို့ ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်လိုက်ရင် ကိုယ်ကျိုးအတွက် အဓိကဆောင်ရွက်သွားကြတာကိုတွေ့ရပါတယ်။ ဒါဟာလည်း သမိုင်းပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်အစည်းအဝေးတွေမှာ မည်သည့်အဖွဲ့အစည်း (သို့) လူပုဂ္ဂိလ်ကိုမဆို ရည်ညွှန်းပြီး မည်သို့ပင်ဝေဖန်ပြောဆိုစေကာမူ ဥပဒေအရ အရေးမယူရဆိုပြီး အကာအကွယ်ပေးထားပါတယ်။

နောက်တစ်ခါ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုရင် ထိန်းညှိခြင်းဆိုတဲ့ စကားလုံးကိုသုံးပြီး အဖွဲ့အစည်းတစ်ခု (သို့) လူပုဂိုလ်ကို စွပ်စွဲပြစ်တင်ခြင်း၊ ဖြုတ်ချခြင်းတို့ကို ပြုလုပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ယခု ဖွဲ့စည်းပုံ
အခြေခံဥပဒေမှာ လွှတ်တော်သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်ကို အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တို့ကမည်သို့မျှ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။
၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၅၇ မှာ “ နိုင်ငံတော်သမ္မတသည်၊ ၀န်ကြီးချုပ်၏ အကြံပေးချက်အရ၊ ပြည်သူ့လွှတ်တော်ကို ဆင့်ခေါ်ရမည်။သို့တည်းမဟုတ် ရုတ်သိမ်းရမည်။ သို့တည်းမဟုတ် ဖျက်သိမ်းရမည် “ လို့ ပြဌာန်းထားပါတယ်။ တစ်ပါတည်း လူမျိုးစုလွှတ်တော်ကိုပါ ဖျက်သိမ်းနိုင်ခွင့် ပေးထားပါတယ်။ ယခုအခြေခံဥပဒေမှာ ဖြည့်စွက်သင့်ပါတယ်။

တင်ပြချင်တာက ထိန်းညှိခြင်းဆိုရင် လက်ရှိ အခြေခံဥပဒေမှာ တကယ်ကို အပြန်အလှန် ထိန်းညှိခွင့်ရှိတဲ့ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်မျိုး ပါရှိသင့်ပါတယ်။ ဒါပေမယ့် ပြန်လေ့လာကြည့်ရင် လွှတ်တော်ဟာ ဒေါက်တာဆိတ်ဖွားလို ကိစ္စမျိုးနဲ့ စတုတ္ထမဏ္ဍိုင်မီဒီယာကို မဝေဖန်ရဲအောင် လုပ်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို ၄င်းတို့အကျိုးစီးပွားထိခိုက်တယ်ဆိုပြီး စွပ်စွဲပြစ်တင် ဖြိုလှဲပစ်ခဲ့တယ်။ နိုင်ငံ့အကျိုးစီးပွားဖော်ဆောင်ဖို့ လမ်းလွဲခဲ့ပါတယ်။ သူတို့ကို ထိန်းညှိနိုင်တဲ့ ခုံရုံးအသစ်ကိုလည်း မလှုပ်ရဲအောင် ထိန်းချုပ်ထားတယ်။ အဂတိလိုက်စားပြီး နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာဖောက်ခဲ့တာကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီးပါပြီ။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်နာယကကို ကြည့်ရအောင်ပါ။ ဒီနာယကဆိုတာဟာ လွှတ်တော်အစီအစဉ်ကိုစနစ်တကျစည်းကမ်းရှိအောင် ကြီးကြပ်ဖို့တာဝန်ပဲရှိပါတယ်။ ပြည်ထောင်စု လွှတ်တော်နာယကဟာ အာဏာပိုင် မဟုတ်ပါဘူး။ လွှတ်တော်ဆိုတဲ့ ပြည်သူ့ကိုယ်စားလှယ် ဂုဏ်အင်္ဂါကိုအလေးဂရုပြုပြီး ဆွေးနွေးခွင့် အကြံပြုခွင့်ရအောင် အုပ်ချုပ်ရေးအကြီးအကဲက တာဝန်ခံခြင်း ပြန်လည်သတင်းပို့ခြင်း လုပ်ရတဲ့အပေါ် နာယကဆိုသူက အတွေးအမြင် လွဲမှားသွားပါတယ်။ တစ်ပါတီစနစ်အခြေခံဥပဒေနဲ့ လွဲမှားသွားပုံရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပါတ်သက်ပြီး နာယကက မက်လုံးပေး ဆွဲဆောင်မှု တွေကိုလည်း တွေ့လာရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်နားတာနဲ့ နိုင်ငံဘဏ္ဍာတွေကို အသုံးပြုပြီး နိုင်ငံတကာကိုလေ့လာရေးခရီးအဖြစ် ပျော်ပွဲစားသဖွယ် သွားကြတာကို သူတို့ Facebook တွေမှာ တင်တာတွေကိုကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ တိုင်းပြည် အတွက်လို့ မလွဲမသွေပြောကြပါလိမ့်မယ်။ လွှတ်တော်နာယကနဲ့ဥက္ကဌများဟာ ပြည်ပခရီးစဉ် ရွေးချယ်စေလွှတ်မှု ဆိုတာကို ဆွဲဆောင်မှုမက်လုံးတစ်ခုအဖြစ် သုံးလားမသုံးလား ထဲထဲဝင်ဝင် လေ့လာစရာမလိုအောင် သိနိုင်ပါတယ်။ ငါ့သြဇာမခံရင် နိုင်ငံခြားမသွားရ ဆိုတာ မက်လုံးတစ်ခုပါ။

နောက်တစ်ခါ မြို့နယ်များမှာ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို အုပ်ချုပ်ရေးအဖွဲ့အစည်းက ဆောင်ရွက်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအကျပြဌာန်းထားပါတယ်။ နှစ်အလိုက် စီမံကိန်းများနဲ့ နှစ်စဉ်ရသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲရာမှာ မြို့နယ်အလိုက် လွှတ်တော် ကိုယ်စားလှယ်များက အကြံပေးနိုင်သလို၊ လွှတ်တော်ရောက်တဲ့အခါမှာလည်း ဖြတ်တောက်ခြင်း၊ လျှော့ချခြင်းတို့ ပြုခွင့်ပေးထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆန့်ကျင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များဟာ တမြို့နယ်လျှင် ကျပ်သိန်း ၁၀၀၀ ကိုင်တွယ်သုံးစွဲခွင့် ပြုနိုင်တယ်လို့ လက်ရှိနာယကကြီးက မားမားမတ်မတ်ရပ်တည် ဥပဒေပြဌာန်း ပေးပြီး အဂတိလိုက်စားတာဟာလည်း ရှက်ဖွယ်လိလိပါပဲ။ အုပ်ချုပ်ရေးအဖွဲ့အစည်းကသာ ဘတ်ဂျက်မှာ လျာထားဆောင်ရွက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လစဉ် ချီးမြှင့်ငွေ
နေ့တွက်စားရိတ်တွေနဲ့ပါတ်သက်ပြီး ၃ သိန်းကနေ ၁၀ သိန်းအထိ ၊ ၁ သောင်းကနေ ၂ သောင်းအထိ တိုးပေးခဲ့တာတွေကိုလည်း မက်လုံးလက်နက်များအဖြစ် အထင်အရှား တွေ့ရပြီးပါပြီ။


ထပ်ပြီး ဥပဒေပြုရေးနဲ့ပါတ်သက်လို့ကြည့်ပြန်ရင် ဒေါက်တာဆိတ်ဖွားပြောသလို ဖွဲ့စည်းပုံ
အခြေခံဥပဒေက ဘယ်လိုပဲ ပြဌာန်းထားပေမယ့် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လူညီရင်
ဤကို ကျွဲဖတ် တုံးထုပြီး လုပ်ချင်တာလုပ်ခဲ့တဲ့ သမိုင်းဆိုး၊ မှတ်တမ်းဆိုး သာဓကများစွာ ကျန်ရှိနေပါတယ်။ဒါဟာ မက်လုံးတွေကြောင့် နာယက ထင်တိုင်းကြဲလို့ သူ့အောင်မြင်မှုအဖြစ်ရပြီး တိုင်းပြည်နာတာပါ။

ဥပဒေပြုရေးကို ပင်မတာဝန်အဖြစ်လုပ်ဆောင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်များ
အနေနဲ့ ဥပဒေပညာရှင်များ မဖြစ်နိုင်စေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထဲထဲဝင်ဝင်နားလည်ဖို့နှင့် ကိုယ်ကတိသစ္စာပြုထားတဲ့ အချက်များကို လိုက်နာဖို့ရယ် (ယခုတော့ ချိုးဖောက်မှုတွေအပြည့်ပါပဲ) အရေးအကြီးဆုံးက ပြည်သူကို သစ္စာမဖောက်ဖို့ရယ်က အလွန်ကို အရေးကြီးလှပါတယ်။

အဓိကတင်ပြချင်တဲ့အချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဂုတ်လ (၇)ရက်နေ့ ဒိုက်ဦး၊ ညောင်လေးပင်၊ ဖြူး၊ တောင်ငူခရီးစဉ်နဲ့ သြဂုတ်လ (၉)ရက်နေ့ မကွေး၊ မင်းဘူး၊ စေတုတ္တရာ ခရီးစဉ်မှာ “ NLD က ကိုယ်စားလှယ်လောင်းတွေကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တစ်ဦးချင်းကိုမကြည့်ပဲ ပါတီကိုကြည့်ပြီး မဲပေးပါ။ NLD ကိုမဲပေးမှ ပြည်သူတွေလိုချင်တဲ့ အပြောင်းအလဲရမယ် “ ဆိုပြီး မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။

ဒါ့ပြင် “ ရွေးချယ်ပြီးမှ မကောင်းတဲ့လူပါလာရင် ပါတီစည်းကမ်းနဲ့အရေးယူမယ် NLD ကိုသာမဲပေးပါ “ လို့ အရှက်မဲ့စွာနဲ့ စည်းရုံးခဲ့ပါတယ်။ အပေါ်မှာ ခြေဆင်းတင်ပြချက်တွေမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို ရွေးချယ်ပေးလိုက်တဲ့ မဲဆန္ဒရှင်တွေက ဘယ်လောက်တာဝန် လွှဲပေးလိုက်ရတယ် ဆိုတာ သိနိုင်ပါတယ်။ ခါတော်မီ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အတ္တရှေ့တန်းတင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများအပြား ပေါ်လာပါလိမ့်မယ်။ ဒီလိုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပြောသလို အရည်အချင်းမရှိ၊ ကိုယ်ကျိုးစီးပွားရှာ၊ စာရိတ္တကလည်းညံ့ဆိုတဲ့လွှတ်တော် ကိုယ်စားလှယ်မျိုးကို ရွေးချယ်မိပြီဆိုရင် ဒီပုဂ္ဂိုလ်ဟာ တစ်ကွက်ကောင်း ပြတတ်ရုံနဲ့ လွှတ်တော်ဥက္ကဌအထိ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအခါ ရွေးချယ်လိုက်တဲ့ ပြည်သူတွေကလည်း ပြန်ဖြုတ်ချလို့မရ၊ ရွေးပေးလိုက်တဲ့ မြို့နယ်ကိုလာရင်ပဲ တခမ်းတနားကြိုကြရ၊ ဧည့်ဝတ်ပြုကြရ၊ လက်ဆောင်ပေးကြရနဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်လာတော့မှာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပါတီကအရေးယူလည်း လွှတ်တော် ကိုယ်စားလှယ်ကနေ ပြုတ်သွားတာ မဟုတ်ပါဘူး။ သူမစဉ်းစားဘဲ ပြောခဲ့တာ မဟုတ်နိုင်ပါဘူး။ ပွဲပြီးမီးသေ၊ ငါ့စကားနွားရပြောခဲ့တာ သေချာပါတယ်။

လက်ရှိလွှတ်တော်ကို ကြည့်လိုက်ရင် လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ “သာကူး” အများစုအဖြစ် တွေ့နိုင်ပါတယ်။ ရွေးကောက်ခံရတဲ့ပါတီကနေ ကိုယ်စားလှယ်ဖြစ်ပြီးကာမှ တစ်ခြားပါတီကို ခုံကူးတဲ့လူတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုကောင်းမွန်တဲ့အစီအစဉ်နဲ့ အရေးယူမှာလဲ။ ရှင်းပါအုံး။ မဲဆွယ်စည်းရုံးရေးစကားတွေဟာ NLD ဥက္ကဌကြီးရဲ့ မောက်မာမှု၊ အာဏာမက်မောမှုတွေကို အထောက်အကူပြုဖို့ပဲ လုပ်နိုင်ပါလိမ့်မယ်။ ပြည်သူတွေကတော့ ခံပြီးရင်းခံရမှာပါ။သူတို့ကိုပြုပြင်ဖို့ခက်အောင် လက်ရှိလွှတ်တော်က ပုံဖော်နေတာကြောင့်ပါ။

နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ကိုကြည့်လိုက်ပါဦး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငါနှင့်ငါသာနှိုင်းစရာဆိုတဲ့ မောက်မာမှုတွေအတွက် New Generation ၊ Second line up တွေဘယ်လို လျာထားထားသလဲဆိုတာက အရှင်းဆုံးပါ။ အချို့သော မီဒီယာများဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘာလုပ်လုပ် အကောင်းမြင်ဘေးတီးပေးသလို အစိုးရဘာလုပ်လုပ် အပုပ်ချ သိက္ခာကျအောင် ဆောင်ရွက်နေကြတာတွေ တွေ့နိုင်ပါတယ်။ ပကတိအခြေအနေကို သိလာကြတဲ့ မီဒီယာအချို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဘာလဲဘယ်လဲ? ဝေဖန်လာကြပါပြီ။သက်သေပေါ့။

နောက်ဆုံး အံ့ဖွယ်သုတ ၂ ခုကို ပြည်သူတွေသိအောင် တင်ပြပါဦးမယ်။ ၈၈ မျိုးဆက်အုပ်စုက NLD ဆိုတဲ့ နိုင်ငံရေးထင်ပေါ်ကျော်ကြားမှုအမည်ကို သိပ်လိုချင်တယ်။ တစ်ခါတည်း အဖွားကြီးဖြစ်ပြီး ခေါင်းဆောင်မှုနဲ့ နိုင်ငံရေးခေါင်းဆောင်မှုအရည်အချင်းမရှိဘူးလို့ သူတို့ယုံကြည်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပြီး ခေါင်းဆောင်မှုရယူဖို့ မျိုးစေ့ချလာတဲ့အခါမှာ အမျိုးသားနိုင်ငံရေးကို နှုတ်ထွက်သာရှိပြီး ကိုယ့်အာဏာသာ ထူထောင်ချင်တဲ့ မယ်တော်ကြီးအနေနဲ့ စောစောစီးစီး ချေမှုန်းလိုက်တော့တာပါပဲ။ ဒီလိုပါပဲ UNDO လို့ခေါ်တဲ့ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့ ဒေးဗစ်လှမြင့်တို့ရဲ့ ရည်မှန်းချက်ကလည်း ၈၈ နဲ့ အတူတူပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပြီး NLD Body ကို သိမ်းပိုက်ဖို့ ကျားချောင်းသလို ချောင်းနေကြတာပါ။မယ်တော်က ကိုယ့်အာဏာအတွက်ဆိုရင် သိတတ်တယ်လေ။

နိဂုံးချုပ်ပြောရမယ်ဆိုရင် ပြည်သူတွေမဲပေးမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင်မှ လိုက်နာပါမယ်လို့ ကတိသစ္စာပြုထားပါလျက် အကြိမ်ကြိမ်ချိုးဖောက်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပင်ကိုယ်စိတ်ထားမကောင်းရင်တော့ ပြည်သူကို အကျိုးမပြုမှာ သေချာပါတယ်။ ဒါ့ကြောင့် လူကိုရွေးရမှာလား၊ ပါတီကိုရွေးရမှာလားဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်ပါပြီ။

နောက်ဆုံးလိုအပ်ချက်ကတော့ ကိုယ်ရွေးထားတဲ့ ကိုယ်စားလှယ်ကို အမျိုးအစားမကောင်း၊ ဒေသအကျိုးမသယ်ပိုးဘူးဆိုရင် ပြန်လည်ဖြုတ်ချနိုင်မယ့် ကိုယ့်ရပိုင်ခွင့် အခွင့်အရေးကို ဥပဒေအဖြစ်ရအောင် ပြဌာန်းကိုင်စွဲကြရပါမယ်။ ဒီဥပဒေပြဌာန်းဖို့ သဘောမတူ ဟန့်တားခဲ့တဲ့ လက်ရှိကိုယ်စားလှယ်မှန်သမျှနဲ့ ဦးဆောင်တဲ့ နာယက ဦးရွှေမန်းကို ဖြုတ်ချပစ်ရပါမယ်။ နောက်ထပ်လည်း အရွေးမမှားကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။





5 comments:

ကုလားမစုကြည် တော်တော်စောက်သုံးမကျတာဘဲ့
၇ူးကြောင်ကြောင်နဲ့စောက်တလွဲတွေပြောနေပီ

ေ၇ွးကောက်ပွဲမှာဝင်အေ၇ွးခံမဲ့ NLDပါတီကကိုယ်စားလှယ်လောင်းအများစုက......
သမိုင်းမ၇ှိတဲ့ကောင်တွေ... စောက်ဆင့်မ၇ှိတဲ့ကောင်တွေ....
စောက်ကျင့်မကောင်းတဲ့ကောင်တွေ.. ဆိုတာကို မိစုကအကြောင်းသိနေလို့ .......
လူကိုမကြည့်ပဲပါတီကိုမဲပေးပါလို့ပြောတာပေါ့.................

Do you think all Myanmars are blind and will do whatever you say?
Get out Kalar's wife.
NLD =MLD

ဒေါ်အောင်ဆန်းစုကြည်လိုလုပ်ကြပါ။လူကိုမကြည့် နဲ့ လီးကို
ကြည့် ကြပါ။လီးပါတယ်ဆိုယင်အင်္ဂလိပ်လည်းယူလိုက်။

တင်စရာမရှိတော့ဘူးလား နွားလောက်တောင်အဆင့်မရှိတဲ့ကောင်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်