Subscribe to our RSS Feed

ကရင်ပြည်နယ် NLD ဒုဥက္ကဌ ပါတီမှနုတ်ထွက်ကာ KNP ကိုယ်စားပြု အရွေးခံမည်

From : ..KIC


ကရင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုဥက္ကဌစောဖိုးဝါးနှင့် ဖားအံခရိုင်အလုပ်မှုဆောင် ကော်မတီဝင် စောကလူထောတို့ ယင်းပါတီမှနုတ်ထွက်လိုက်ပြီး လာမည့်ရွေးကောက်ပွဲတွင် ကရင်အမျိုးသား ပါတီ (KNP) ကိုယ်စားပြုအရွေးခံသွားမည် ဖြစ်သည်ဟု ဆိုင်ရာတာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။

“ ကျနော်တို့ ကရင်ပြည်နယ် NLD ဒုဥက္ကဌနဲ့  ဖားအံခရိုင်အလုပ်အမှုဆောင်တစ်ဦး တို့ ပါတီကနေနုတ်ထွက် သွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောလိုပါဘူး ” ဟု NLD ကရင်ပြည်နယ် အလုပ်မှုဆောင် အဖွဲ့အတွင်းရေးမှူး ဦးမင်းချစ်ထွန်းက ကေအိုင်စီသို့ သြဂုတ် ၁၇ ရက်နေ့ တွင်ပြောသည်။

ပြည်နယ် NLD မှနုတ်ထွက်လိုက်သူ စောဖိုးဝါးနှင့် စောကလူထောတို့သည့် လာမည့်ရွေးကောက်ပွဲတွင် ကရင်အမျိုးသားပါတီကိုယ်စားပြုကာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ နှင့် ၂ မဲဆန္ဒနယ်မြေအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ စာရင်းတင်ထား ပြီးဖြစ်သည်ဟု KNP ပါတီ ခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သံတောင်ကြီးမြို့နယ် NLD ဥက္ကဌ နော်ခရစ္စထွန်းက “ကိုယ့်ကရင်ဒီမိုကရေစီ အင်အားစုက ကိုယ့်မြို့နယ်ထဲမှာလာရောက်ယှဉ်ပြိုင်တာကို ကြိုဆိုရမှာပေါ့ ” ဟု မှတ်ချက်ပြုပြောဆိုသည်။

ထို့ အပြင့် ဒီမိုကရေစီအင်အားစုများအနေဖြင့် အာဏာရှင်စနစ်ကိုဆန့်ကျင်ရုံဖြင့် မပြီးသေးသလို တိုင်းရင်းသား အရေးကိုပါ နားလည်သဘောပေါက်ရန်လိုကာ ဒီမိုကရေစီအောင်မြင်ရန် ဖက်ဒရယ်စနစ်လိုအပ်သည်ဟု တိုင်းရင်းသားပါတီ အများစုက ခံယူထားသည့်အတွက် ယခုလို ပါတီကြီးတစ်ခုမှနုတ်ထွက်ကာ မိမိတို့ ပါတီသို့  ဝင်ရောက်လာသည့်အတွက် လှိုက်လှိုက်လဲလဲ ကြိုဆိုကြောင်း KNP ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က ပြောသည်။

ယခုကဲ့သို့ ပြည်နယ် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ နုတ်ထွက်သွားခြင်းသည် ပါတီ၏ ကိုယ်စားလှယ် လောင်းရွေးချယ်ပေးမှုအပေါ် အမြင်မတူသည့် အတွက်ဖြစ်နိုင်ကြောင်း ပြည်နယ် NLD ပါတီဝင်များက သုံး သတ်ပြောဆိုနေသော်လည်း ကာယံကံရှင်များကမူ လက်ရှိအချိန်တွင် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို ပြောဆိုလိုခြင်းမရှိဟု ကေအိုင်စီသို့ ပြောသည်။

လာမည့်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို NLD ကထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ပါတီတွင်း အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ကာ NLD အနေဖြင့် တချို့ပါတီဝင်များကို ထုတ်ပယ်ခြင်းများရှိသလို၊ နုတ်ထွက်သွားသူ များလည်းရှိကြောင်း NLD ပါတီဝင်များထံမှ သိရသည်။

.. https://www.facebook.com/MyanmarExpress
 

1 comments:


မင်္ဂလာတောင်ညွန့်မြို့နယ် NLDရုံး အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်အကျဉ်း

မင်္ဂလာတောင်ညွန့်မှမြို့နယ်အောင်နိုင်ရေးဥက္ကဌ ဦးသာအောင်(ဖုံးနံပါတ်-
၀၉၄၂၀၇၂၁၈၁၇) နှင့် မြို့နယ်အမှု့ဆောင်(မဲစာရင်းစီစစ်ရေးမှုး)
ကိုထင်အောင်လင်း(ဖုံးနံပါတ်-၀၉၅၁၆၀၈၂၄) တို့ကို မင်္ဂလာတောင်ညွန့် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း၏ ယာဉ်မောင်း ကိုခေါ်ကြီးမှ ၃၀.၈.၂၀၁၅ နေ့၊ ကျီတော်ရပ်ကွက် အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲအပြီး လှေကားအဆင်း၌ ချွန်ထက်သောလက်နက်ဖြင့် ဝင်ရောက်တိုက်ခိုက်မှု့ကြောင့် ယင်းတို့နှစ်ဦးတွင်ထိုးသွင်းဒဏ်ရာရှိခဲ့ပါသည်။

ယင်းတိုက်ခိုက်မှု့ကြောင့် ဥက္ကဌ၏ ဝဲဘက်နားအောက်နှင့်လည်ပင်းတွင်ထိုးသွင်းဒဏ်ရာ၃ချက်(စိုးရိမ်ရ)၊ အလုပ်အမှု့ဆောင်၏ ဝဲဘက်နံရိုးအောက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ကုသမှု့ခံယူခဲ့ရပါသည်။

ယင်းဖြစ်စဉ်ကို မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းတွင် ၃၀.၈.၁၅ ရက် ၁၉း၃၀ နာရီ၊ ပ ၇၄၅/၂၀၁၅ ၊ ပုပ်မ ၃၂၆ အမှု့ဖွင့်ခဲ့ပြီး ရဲစခန်းက အမှု့ကို စစ်ဆေးဆောင်ရွက်လျှက်ရှိပါသည်။

စုံစမ်းမေးမြန်းနိုင်ပါသည်

ရာဇာကြီး
(ဖုံးနံပါတ်-၀၉၇၉၈၁၀၈၅၂၉)
ကျီတော်ရပ်ကွက် အောင်နိုင်ရေး

Phyu Tote

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်