Subscribe to our RSS Feed

၈၈ မျိုးဆက်များ ရေဘေးအလှူခေါင်းစဉ်တပ်ကာ မှောင်ခိုပစ္စည်းချ

From : ..ရဲဇာနည်


၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ပဒေသာရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၆၀/၆) ငွေမင်းစံ ထမင်းဆိုင်ရှေ့တွင် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ(ညီနောင်ပါတီ)မှ ရေဘေးသင့်ပြည်သူများ အတွက် လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းဟုရေးသားပြီး ဗီနိုင်းစကပ်ထားသော 3F/×××× NISSAN (၁၂)ဘီးယာဉ်ပေါ်မှ အကောက်ခွန်မဲ့ပစ္စည်းများ ချနေကြောင်း သတင်းအရ ဘုရားကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ အဆိုပါယာဉ်အား မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နေ ဦးခင်မောင်ဦး(၅၃)နှစ်မှမောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ တစ်မြို့တည်းနေ ဦးမောင်မောင်(၅၀)နှစ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နေ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ စည်းရုံးရေးတာဝန်ခံ ဦးဝင်းမြင့်သန်း(၄၅)နှစ်ပါ ပါတီဝင်(၉)ဦးလိုက်ပါလာကြောင်း သိရှိရသည်။ ယာဉ်ပေါ်မှ ရေဘေးသင့် ပြည်သူများအား သွားရောက်လှူဒါန်းမည့် အဝတ်အထည်၊ ရေသန့်၊ ဆန်၊ ခေါက်ဆွဲခြောက်၊ ပဲနို့၊ ငါးသေတ္တာ၊ လက်နှိပ်ဓာတ်မီး၊ ပါရာစီတမော့၊ ယားနာပျောက်ဆေး စသည့် လူသုံးကုန်ပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း(၅၀)ခန့်နှင့် အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် VIGO အမျိုး အစား ကားအလှဆင် ကားမီးခွက်ကာဘာ(၉)ဖာ၊ ကားဘေးတံခါးလက်ကိုင်ကွင်း(၂၃)ဖာ၊ နောက်တံခါးလက်ကိုင်(၁၀)ဖာ၊ ကားဆီတိုင်ကီအဖုံး(၂၀)ခု၊ ကားရှေ့ဘန်ဘာ(၇)စုံ၊ ကားတံခါးပိတ် ရေကာ(၆)စုံ၊ ကားရှေ့ဘောနက်ဖုံး(၆)ခု၊ ရှေ့မီးခွက်(၄)စုံ၊ ကားနောက်ဘန်ဘာ(၂)ခု၊ ဘောနက်ဖုံး နှာပေါက်(၁၅)ခု စုစုပေါင်းတန်ဖိုးငွေကျပ်(၄၁)သိန်းအား တွေ့ရှိရသည်။
စစ်ဆေးချက်အရ ယာဉ်မောင်း ဦးခင်မောင်ဦးမှ အသုံးစရိတ်ကာမိစေရန်အတွက် တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရ၍ ဝေါမြို့နယ်၊ ညောင်ခါးရှည်လမ်းဆုံရှိ Mobile Team 2 အဖွဲ့သို့အကြောင်းကြားခဲ့ရာ လက်ထောက် ညွှန်ကြားရေးမှူးနှင့်အဖွဲ့ရောက်ရှိလာသဖြင့် ၎င်းပစ္စည်းများအား စနစ်တကျ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

.. https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်