Subscribe to our RSS Feed

လွတ်လပ်စွာ ဖော်ပြပြောဆိုမှုကို အလွဲသုံးစားလုပ်သည့် ပြင်သစ်မဂ္ဂဇင်းတိုက် မီးရှို့ခံရ



သရော်စာ၊ လှောင်ပြောင်ကာတွန်းတွေကို အမြဲရေးတတ်တဲ့ ပြင်သစ်နိုင်ငံမှ ရှာလီဟက်တို မဂ္ဂဇင်း ကို လွတ်လပ်စွာ ရေးသားဖော်ပြမှုကို အလွဲသုံးစားလုပ်ပြီး ပုတ်ခက်ရေးသားမှုတွေကြောင့် မကျေနပ်တဲ့ ပြည်သူများက မဂ္ဂဇင်းတိုက်ကို မီးရှို့ကာ ပညာပေးလိုက်ပါတယ်။

တခြား မဂ္ဂဇင်းတိုက်တွေလည်း ကြောက်ရွံ့နေကြတယ်လို့သိရပါတယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေဟာ စီးပွားတွက် တွက်ပြီး ရောင်းကောင်းအောင် နာမည်ကြီး အထင်ကရပုဂ္ဂိုလ်တွေကို လျှောင်ပြောင်တာတွေ၊ သရော်တာတွေ ထိကပါးရိကပါးတွေ ရေးပြီး စာဖတ်သူတွေကို စည်းရုံးတတ်ကြပါတယ်။ အခုတော့ လက်မခံတဲ့ ပြည်သူတွေက မီးရှို့လိုက်ကြပါပြီ။ မြန်မာနိုင်ငံမှာတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေကို စည်းမဲ့ကမ်းမဲ့ ရေးသားမှုတွေ၊ လွပ်လပ်စွာ ဖော်ပြပြောဆိုခွင့်ကို အလွဲသုံးစား လုပ်မှုတွေ မရှိအောင် စိစစ်ရေး အဖွဲ့က စိစစ်ပေးတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း တချို့ဂျာနယ် တွေကတော့ အလွဲသုံးစား လုပ်နေတာတွေ ရှိနေတာတွေ့ရပြီး မီးရှို့ခံရအောင် လုပ်နေကြတာတွေလည်း မြင်နေရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်